သင်္ကြန်ကာလအတွင်း ပြေးဆွဲသွားမည့် YBS အစီးရေ (၁,၂၀၀) နှင့် ယာဉ်လိုင်းနံပါတ်များ


ရန်ကုန်မြို့၌ သင်္ကြန်ကာလအတွင်း YBS ယာဉ်အစီးရေ (၁,၂၀၀) ဝန်းကျင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

 

  • ဧပြီလ (၁၃) ရက်တွင် ယာဉ်လိုင်း (၆၅) လိုင်းမှ ယာဉ်စီးရေ (၁,၂၆၉) စီး
  • ဧပြီလ (၁၄) ရက်တွင် ယာဉ်လိုင်း (၆၂) လိုင်းမှ ယာဉ်စီး‌ရေ (၁,၁၉၂) စီး 
  • ဧပြီလ (၁၅) ရက်တွင် ယာဉ်လိုင်း (၆၂) လိုင်းမှ ယာဉ်စီးရေ (၁,၁၈၇) နှင့် 
  • ဧပြီလ (၁၆) ရက်တွင် ယာဉ်လိုင်း (၆၂)လိုင်းမှ ယာဉ်စီးရေ (၁,၁၈၇) စီးတို့ ပြေးဆွဲသွားမည် ဖြစ်သည်။

 

အဆိုပါ ပြေးဆွဲသွားမည့် YBS ယာဉ်လိုင်းနံပါတ်များမှာ YBS (37)၊ YBS (87)၊ YBS (89)၊ YBS (18)၊ YBS (35)၊ YBS (52)၊ YBS (53)၊ YBS (54)၊ YBS (61)၊ YBS (68)၊ YBS (75)၊ YBS (131)၊ YBS (137)၊ YBS (5)၊ YBS (34)၊ YBS (70)၊ YBS (95)၊ YBS (129)၊ YBS (6)၊ YBS (26)၊ YBS (92)၊ YBS (21)၊ YBS (39)၊ YBS (41)နှင့် YBS (90) တို့ ဖြစ်ပြီး

 

YBS (123)၊ YBS (124)၊ YBS (40)၊ YBS (143)၊ YBS (1)၊ YBS (9)၊ YBS (19)၊ YBS (23)၊ YBS (103)၊ YBS (119)၊ YBS (44)၊ YBS (66)၊ YBS (67)၊ YBS (71)၊ YBS (74)၊ YBS (77)၊ YBS (79)၊ YBS (91)၊ YBS (130)၊ YBS (27)၊ YBS (76)၊ YBS (81)၊ YBS (85)၊ YBS (120)၊ YBS (132)၊ YBS (42)၊ YBS (65)၊ YBS (22)၊ YBS (126)၊ YBS (33)၊ YBS (45)၊ YBS (84)၊ YBS (111)၊ YBS (133)၊ YBS (134)၊ YBS (136)၊ YBS (138)၊ YBS (139)၊ YBS (142) နှင့် YBS (144) တို့လည်း ပြေးဆွဲသွားမည် ဖြစ်သည်။

 

YBS (90)၊ YBS (70) နှင့် YBS (124) တို့သည် ဧပြီလ (၁၃) ရက်နေ့ တစ်ရက်သာ ပြေးဆွဲသွားမည် ဖြစ်ကြောင်း YRTC အချက်အလက်များအရ သိရသည်။

 

ထို့ပြင် ဧပြီလ (၁၇) ရက်မှ စ၍ ယာဉ်လိုင်းများအားလုံး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကာ YBS (63) ယာဉ်စီးရေ (၁၀) စီးခန့်က အဆိုပါနေ့တွင် ယာဉ်စီးခ အခမဲ့ဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်သည်။

 

သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက်… 

  • ကြမ်းတမ်းစွာ မောင်းနှင်ခြင်း၊ 
  • အန္တရာယ်ဖြစ်စေရန် မောင်းနှင်ခြင်း၊ 
  • မဆင်မခြင် မောင်းနှင်ခြင်းများကို ထိရောက်စွာ အရေးယူမည် ဖြစ်ပြီး ကတ်ဖြတ်သည့် စက်များကို ပိတ်ထားခြင်းနှင့် ယာဉ်စီးခနှုန်းထားများကို သတ်မှတ်ထားသည့်ထက် ပိုမို ကောက်ခံပါကလည်း အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ အဝေးပြေးယာဉ်လိုင်း (၆) လိုင်းနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ အဝေးပြေးယာဉ်လိုင်း (၇) လိုင်းတို့ကလည်း ပိတ်ရက်မရှိ ပြေးဆွဲသွားမည် ဖြစ်ပြီး ဧပြီ (၂၃) ရက်မှ စ၍ အဝေးပြေးယာဉ်လိုင်း ပေါင်း (၃၃၁) လိုင်းမှ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမည် ဖြစ်သည်။

Read 380 times