2017 Audi A5 Convertible


Audi A5 မော်ဒယ်၏ အဓိကအားသာချက်မှာ ကိုယ်ထည် အမျိုးအစားများစွာရွေးချယ်နိုင်မှုဖြစ်လာပါသည်။

ပုံမှန်အားဖြင့် ဆီဒင်မော်ဒယ်အနေဖြင့်လည်းရနိုင်သလို အမိုးဖွင့် မော်ဒယ်နှင့်လည်းရနိုင်ပါသည်။

အင်ဂျင်စနစ်အနေဖြင့်လည်း အမျိုးအစားငါးမျိုးလောက်ထိရွေးချယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

အမိုးဖွင့်မော်ဒယ်တွင် စွမ်းဆောင်ရည်မြှင့်ထားသော အင်ဂျင်စနစ်ကို ရနိုင်မည်ဖြစ်သည်။

အဓိကအားသာချက်မှာ ဂီယာချက်ပိုင်းမှာ သွက်လက်မြန်ဆန်ပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မှု အထူးကောင်းမွန်ကြောင်းသိရသည်။

အမိုးဖွင့်မော်ဒယ်သည် ထွက်ရှိသောချိန်မကြာသေးသောကြောင့် အနေအထားမှာ တခြားနှစ်ယောက်စီး မော်ဒယ်တွေလို အနောက်ဘက်ခန်းကို ကျယ်ဝန်းအောင်မဖန်တီးနိုင်သေးကြောင်းတွေ့ရသည်။

ရှေ့ဘက်ခန်းအတွက် အဆင်ပြေပေမဲ့ နောက်ဘက်ခန်းတွင် ခရီးသည်လိုက်ပါရန်အတွက် ကျဉ်းနေခြင်းဖြစ်သည်။

နောက်ဘက်ဝန်တင်ခန်းမှာ ပုံမှန်အနေအထား အခန်းဖွဲ့ထားပြီး အတွင်းခန်းတွင် တပ်ဆင်ထားသော တပ်ဆင်ပစ္စည်းမှာ တန်ကြေးသင့်အနေအထားနှင့် ရောင်းနိုင်အောင် ဖန်တီးထားခြင်းဖြစ်သည်။

Read 1566 times