2017 Audi S7Prestige Sedan


ယင်းကားအမျိုးအစားမှာ Audi ၏နာမည်ကျော် Quattro လေးဘီးယက်စနစ်သုံးဆီဒန်ကားသစ် S7 မှာ မြင်းကောင်ရေ ၄၅၀ အား 4.0liter Turbocharged V8 အင်ဂျင်ကိုတပ်ဆင်ထားသောကြောင့် A7 ထက်ရော အရင်မိုဒယ်များထက်ပါ စွမ်းအင်ပိုများပါသည်။

အင်ဂျင်မှထုတ်လုပ်ပေးလိုက်သောစွမ်းအင်များကို Dual Clutch Auto ဂီယာခုနျစ်ချက်မှ တစ်ဆင့် ကားဘီး လေးဘီးဆီသို့ ပိုလွှတ်မောင်းနှင်စေမည်ဖြစ်ပါသည်။

ထို့ပြင်ယင်းကားအမျိုးအစားတွင် Dynamic, Comfort , Auto and Individual ဟုဆိုသော မောင်းနှင်မှုပုံစံလေးမျိုးပါဝင်ပြီး ကားစတီယာရင်မှတစ်ဆင့် လိုသလိုပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။

ယင်းကားသစ်သည် ၃ ဒဿမ ၉ စက္ကန့်အတွင်းတွင် သုညမိုင်မှတစ်နာရီမိုင်ခြောက်ဆယ်နှုန်း ရောက်အောင် မြှင့်တင်နိုင်ပါသည်။

တိုက်ရိုက်ဆီဖျန်းစနစ်သုံး S7 မိုဒယ်၏ ဆီစားနှုန်းမှာ မြို့တွင်းတွင် တစ်ဂါလန် ၁၇ မိုင်နှင့် အဝေးပြေးလမ်းတွင် တစ်ဂါလန် ၂၇ မိုင်နှုန်းဖြစ်ပြီး စုစုပေါင်းအနေဖြင့် တစ်ဂါလန် ၂၁ မိုင်နှုန်းအသုံးပြုမောင်းနှင်နိုင်ပါသည်။

တည်ဆောက်ပုံမှာ တံခါးလေးပေါက်ပါရှိသောအဆင့်မြင့်ဆီဒန်ကားသစ်ဖြစ်ပါသည်။

ကောက်ကြောင်းလှသည့် ကားရှေ့မျက်နှာစာမှ ခရိုမီယမ်ရောင်ပေါင်ကွပ်ထားသော ရှဲလ်၏ အလျားလိုက်ဘားတန်းများပေါ်တွင် ခရိုမီယမ်ရောင်တောက်ပသည့် Audi အမှတ်တံဆိပ်အဝိုင်းလေးတင်မက အရွယ်အစားသေးငယ်သော S7 လိုဂိုကိုပါ တပ်ဆင်ပေးထားပါသည်။

ကားစက်ဖုံးအစွန်းရှဲလ်၏ ဘေးတစ်ဖက်စီတွင်ဒီဇိုင်းဆန်းသစ်လှပသော ကားရှေ့မီးပါဝင်ပြီး ကားမီးများ၏ အောက်ဘက်ရှဲလ်ဘေးတစ်ဖက်တစ်ချက်စီတွင် နှင်းခွဲမီးဝိုင်းများနှင့်အရွယ်အစားကြီးမားသော အနက်ရောင်လေစုပ်ပေါက်များမှ ကား၏ ရုပ်ထွက်ကို ပိုပြီးပေါ်လွင်စေပါသည်။

ကားရှေ့ဘီးခုံးဧရိယာမှကားနောက်ဘီးခုံးဆီသို့တဖြည်းဖြည်းမြင့်တက်သွားသည့်ကောက်ကြောင်း ထင်းထင်းများနှင့်ရိုးရှင်းလှပသောကားဘေးဘက်တွင်ကားဘေးမှန်အထိုင်ခွက်များကိုကိုယ်ထည်အရောင် အတိုင်းဖန်တီးထားပြီးS7Prestigeမိုဒယ်မှာတော့ခံ့ညားလှပသော 5-paralle-spoke ဒီဇိုင်းလက်မနှစ်ဆယ် အရွယ်ကားဘီးများကို တပ်ဆင်ပေးထားပါသည်။

လှပသောကားအနောက်ဘမ်ပါမှာကား၏မြင့်မားသောစွမ်းဆောင်ရည်၊ခေတ်မီလှပမှုတို့၏လိုက်ဖက်ညီအောင်လက်ရာမြောက်လှသောနှစ်ခုတွဲအိပ်ဇောပိုက်နှစ်စုံကိုတွေ့မြင်ရမည်ဖြစ်ပါသည်။

လူလေးယောက်လိုက်ပါစီးနင်းနိုင်သည့် အဆင့်မြင့်ဇိမ်ခံဆီဒန်ကားသစ် S7 မှာလည်း A 7 ကဲ့သို့ရိုးရှင်းပြီး အဆင့်မြင့်ခေတ်မီသောအတွင်းခန်းမျိုးကိုတွေ့မြင်ရမည်ဖြစ်သည်။

ကားအတွင်းတွင် သတင်းအချက်အလက်ရော ဖျော်ဖြေရေးအတွက်ပါ အသုံးပြုနိုင်သည့် Audi ၏ MMI(Multimedia Interface) Infotainment System နှင့်အတူစပီကာ ၁၃ လုံးပါ Bose Premium အသံစနစ်၊ SiriusXM Radio နှင့် လမ်းကြောင်းပြစနစ်ကိုပါ ကြည့်ရှု့နိုင်မည့် Head-up Display တို့ကဲ့သို့ ခေတ်မီအဆင့်မြင့်သော နည်းပညာပစ္စည်းများ အစုံအလင်ပါဝင်ပါသည်။

၂၀၁၇ ခုနှစ်မိုဒယ် Audi S7ဇိမ်ခံဆီဒန်ကားသစ်၏ ဈေးနှုန်းမှာ Audi S6 နှင့် S8 မိုဒယ်ကြားတွင်ရှိသောကြောင့် အမေရိကန်ဒေါ်လာ ၇၉,၉၀၀ နှင့်အထက်ဖြစ်ပြီး S7 Prestige မှာ ဒေါ်လာ ၈၂,၉၀၀ နှင့်အထက်ဖြစ်ပါသည်။

Read 2163 times