ယင်းကားအမျိုးအစားမှာ နောက်ဘီးယက်စနစ်ကိုသာမက Genesis ၏ HTRAC လေးဘီးယက်စနစ်ကိုလည်း ရွေးချယ်ရရှိနိုင်သည့် G80 ကားသစ်တွင် အင်ဂျင်နှစ်မျိုးကိုရရှိနိုင်ပြီး ပုံမှန်အနေဖြင့် မြင်းကောင်ရေ ၃၁၁ ကောင်အား 3.8 liter V6 အင်ဂျင်ကို တပ်ဆင်ပေးထားပါသည်။
ထို့ပြင်မြင်းကောင်ရေ ၄၂၀ အား 5.0 liter “Tau” V8 အင်ဂျင်ကိုလည်းရွေးချယ်ရရှိနိုင်ပါသည်။
အင်ဂျင်နှစ်ခုလုံးကို Auto ဂီယာရှစ်ချက်နှင့်တွဲဖက်တပ်ဆင်ပေးထားပြီး ကား၏အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ၁၄၃ မိုင်နှုန်းမောင်းနှင်မည်ဖြစ်ပြီး ၆ ဒဿမ ၆ စက္ကန့်အတွင်းတွင် သုညမိုင်မှ တစ်နာရီမိုင်ခြောက်ဆယ်နှုန်း ရောက်အောင် အရှိန်မြှင့်တင်နိုင်ပါသည်။
ဆီစားနှုန်းအနေဖြင့် နောက်ဘီးယက်စနစ်သုံး V6 အင်ဂျင်တွင် မြို့တွင်းတစ်ဂါလန် ၁၈ မိုင်နှင့် အဝေးပြေးလမ်းတွင် တစ်ဂါလန် ၂၈ မိုင်နှုန်းမောင်းနှင်အသုံးပြုနိုင်မည်ဖြစ်သည်။
G80တွင်မောင်းနှင်ရသော အခြေအနေပေါ်မူတည်ပြီး စွမ်းအင်နှင့် ထိန်းချုပ်မောင်းနှင်ပုံကို အကောင်းဆုံး ပြောင်းလဲချိန်ညှိနိုင်ရန်အတွက် Eco၊ Normal၊ Sport၊ Snow အစရှိသော မောင်းနှင်သော ပုံစံအမျိးမျိုးပါဝင် ပါသည်။
Eco Mode မှာ ဆီစားသက်သာစေပြီး Normal မှာ စွမ်းအင်ပို့လွှတ်မှုညီညွှတ်မျှတအောင် ဖန်တီးပေးသကဲ့သို့ Sport မှာကားကိုစွမ်းအားပိုပြည့်ဝစေရုံသာမက ပိုမြန်ဆန်ဖျတ်လတ်စေပါသည်။
Snow Mode အမျိုးအစားမှာ ဆီးနှင်းဖုံးနေသော လမ်းမျိုးတွင်မောင်းနှင်သည့်အခါ ကားဘီး၏ကုပ်အား လျော့နည်းနေချိန်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်စေပါသည်။
G80 ၏ ကိုယ်ထည်ရှေ့မျက်နှာစာမှာ နှင်းခွဲမီးတန်းအပေါ်ဘက်ကို ခရိုမီယမ်ရောင်ပေါင်လေးနှင့် ခပ်ဝိုက်ဝိုက်ပေါင်ခတ်ထားပြီး G90ကဲ့သို့နှင်းမီးခွဲလေစုပ်ပေါက်မှာလည်း တစ်ဆက်တည်းဖြစ်မနေပဲ သီးခြားဆီ တည်ရှိနေပါသည်။
ထို့ပြင် အရှေ့ဘက်စွန်း၏ အနိမ့်ဆုံးနေရာမှာ အလျားလိုက်လေစုပ်ပေါက်မှာလည်း ပိုမိုသွယ်လျပြီး ကားကိုယ်ထည်ကောက်ကြောင်းအတိုင်း တစ်ပြေးညီဖြစ်နေသော ခပ်ဝိုက်ဝိုက်ပုံစံလေစုပ်ပေါက်ကို တွေ့မြင် ရမည်ဖြစ်ပါသည်။
ကားကိုယ်ထည်အရောင်ကို လှပတောက်ပြောင်သောအညိုရောင်၊ အနက်ရောင်၊ အနီရောင်၊ အပြာရောင်၊ မီးခိုးပြာရောင်၊ မီးခိုရောင်၊ မီးခိုရင့်ရောင်၊ အဖြူရောင်၊ ငွေရောင်တို့နှင့် ရရှိနိုင်ပါသည်။
လူငါးယောက်လိုက်ပါစီနင်းနိုင်သော G80 ၏အတွင်းခန်းမှာ ကျယ်ဝန်းဇိမ်ကျသောကြောင့် လိုက်ပါသော ခရီးသည်အားလုံး သက်သောင့်သက်သာစီးနင်းနိုင်ပါသည်။
ဒက်ရှ်ဘုတ်အပေါ်ပိုင်းနှင့် ကားတံခါးအတွင်းပေါင်အပေါ်ဘက်ပိုင်းကို သစ်ပါးသားများနှင့် ဆင်ယင်ထားပြီး တခြားကားများတွင် တွေ့ရသလိုခပ်ပြောင်ပြောင်မဟုတ်ပဲ အရောင်ငြိမ်သော Matte Type အဖြစ်ဖန်တီး ထားသောကြောင့် အဆင့်မြင့်တင့်တယ်သော ရုပ်ထွက်မျိုးရရှိစေပါသည်။
ကားရှေ့ခန်းထိုင်ခုံများကို အပူပေးနိုင်အောင်သာမက ပုံစံ ၁၂ မျိုးပြောင်းလဲချိန်ညှိနိုင်အောင်လည်း စီမံ ထားပါသည်။
ခရီးသည် ထိုင်စရာနေရာ အကျယ်အဝန်းမှာ ၁၀၇ ဒဿမ ၇ ကုဗပေရှိပါသည်။
ကားအတွင်းတွင် သတင်းအချက်အလက်ရရှိရန်နှင့် ဖျော်ဖြေရေးအတွက်အသုံးပြုနိုင်မည့် Infotainment System ကိုနှစ်မျိုးနှစ်စားရရှိနိုင်ပြီး ပုံမှန်ထည့်သွင်းပေးထားသောစနစ်မှာ ရှစ်လက်မအရွယ် Touch-screen ဖန်သားပြင်နှင့် စပီကာ ၁၄ လုံးပါအသံစနစ်ကောင်းတို့ပါဝင်ပါသည်။
လုံခြုံရေးအနေဖြင့် အလိုအလျောက် အရေးပေါ်ဘရိတ်ဖမ်းနိုင်မည့် Automatic Emergency Braking ၊ အလွယ်တကူစက်နှိုး/စက်သတ်ပြုလုပ်နိုင်မည့် Start/Stop function ပါဝင်သော Smart Cruise Control ၊ ကားမောင်းသူမမြင်နိုင်သော ကား၏ ဘေးနှင့် နောက်ဘက်တွင်ကားများရှိနေပါက် အာရုံခံအသိပေးမည့် Blind Spot Detection ၊ လမ်းကြောင်း သွေဖည်မသွားစေရန် ထောက်ကူပေးမည့် Lane Keep Assist၊ ကားမီး၏ အလင်းအားကို ပိုကောင်းမွန်စေပြီး လမ်း၏ အတော်ဝေးဝေးအထိ မြင်သာစေမည့် High Beam Assist နှင့် Rearview Camera တို့ပါဝင်ပါသည်။
၂၀၁၇ ခုနှစ်မိုဒယ် Genesis G80 ဆီဒန်ကားသစ်၏ တန်ဖိုးမှာ အင်ဂျင်ပါဝါနှင့် လေးဘီးယက် သို့မဟုတ် နောက်ဘီးယက်စနစ်တို့အပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားပါသည်။
နောက်ဘီးယက်စနစ်သုံးအခြေခံမိုဒယ် G80 3.8 RWD ဒဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၁,၁၀၀ နှင့်အထက် သတ်မှတ်ထားကြောင်းသိရသည်။
အဆင့်မြင့်ဆုံးဗားရှင်းဖြစ်သည့် Ultimate Package နှင့် နောက်ဘီးယက်စနစ်သုံး 5.0Liter အင်ဂျင်တပ် G80 5.0 Ultimate RWD ၏ဈေးနှုန်းမှာ ဒေါ်လာ ၅၄,၅၅၀ ဖြစ်ပါသည်။
Source:Automobile Journal