SUVကားလောကတွင် Toyota၏ RAV-4 မော်ဒယ်ကို ကျော်လွန်ပြီး အောင်မြင်မှုရလာသော CR-V မော်ဒယ်နှင့်အတူ ရွေးချယ်နိုင်စရာအနေနှင့် ထုတ်လုပ်ထားသော မော်ဒယ် HR-V အကြောင်း အနည်းငယ်မိတ်ဆက်ပေးလိုက်ပါသည်။
၂၀၁၇အကုန်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်၍ လာမည့်၂၀၁၈ခုနှစ်အတွက် မော်ဒယ်အသစ်များကို မိတ်ဆက်လာသည်ကို တွေ့ရပါသည်။
အာရှထုတ်မော်ဒယ်ဖြစ်သော ကျစ်လျစ်သင့်တော်သော ကိုယ်ထည်အရွယ်အစားကိုတွေ့ရပြီး အတွင်းခန်းအနေအထားမှာလည်း ဥရောပနှင့် အမေရိကန်ထုတ်မော်ဒယ်များလောက်မကျယ်ဝန်းသော်လည်း ရှေ့ဘက်ခရီးသည်ခန်းနှင့် နောက်ဘက်ခရီးသည်ခန်းကို သင့်တင့်ကျယ်ဝန်းအောင် ဖန်တီးထားသည်ကိုတွေ့ရပါသည်။
နောက်ဘက်ဝန်တင်ခန်းသည် သဘောကျစရာအကောင်းဆုံးဖြစ်ပြီး ပြိုင်ဘက်မော်ဒယ်ကား၏ နောက်ဘက်ဝန်တင်ခန်းထက် ကျယ်ဝန်းလာသည်ကိုတွေ့ရပါသည်။
ထို့အပြင် အချို့သောကားများထက် ဆီတစ်ဂါလံကို ၅မိုင်ကျော်လောက်အထိ ပိုမိုမောင်းနှင်နိုင်သောကြောင့် ဆီစားနှုန်းသက်သာပါသည်။
နောက်ဆုံးအားသာချက်မှာ ရုပ်ထွက်ပိုင်းဖြစ်ပြီး ဆွဲဆောင်မှုအားကောင်းခြင်း၊ သိသာပေါ်လွင်စေခြင်း၊ ပွဲတက်အဖြစ်အသုံးပြုနိုင်ခြင်းဖြစ်ပါသည်။
အင်ဂျင်ပိုင်းမှာ စွမ်းဆောင်ရည်ပိုမိုကောင်းရန် ဖန်တီးထားခြင်းမရှိဘဲ တန်ကြေးသင့်မော်ဒယ်အနေအထားလောက်သာ ထုတ်လုပ်ထားသောကြောင့် မြို့တွင်းနှင့် နယ်ဝေးမောင်းနှင်မှုများအတွက် အဆင်ပြေစေသော မြန်နှုန်းမြှင့်တင်မောင်းနိုင်မှု စွမ်းဆောင်ရည်မှာ အားနည်သည်ကို တွေ့ရပါသည်။
ထို့အပြင် သတင်းအချက်အလက်ပြစနစ်ကို အဆင့်မြှင့်ထားပြီး ပုံမှန်သုံးနေကျ စနစ်မဟုတ်သည့်အတွက် အသားကျရန် အချိန်ပေးရမည်ဖြစ်ပါသည်။
ထို့အပြင် အင်ဂျင်သည် မြန်းနှုန်းမြင့်နှင့် လမ်းကြမ်းပိုင်းမောင်းနှင်ချိန်များတွင် ဆူညံသံများပေးနေခြင်းကို တွေ့ရပါသည်။
HR-V မော်ဒယ်ကို ရွေးချယ်နိုင်စရာသုံးမျိုးသာထုတ်လုပ်ထားသည်ကို တွေ့ရပါသည်။
တခြားသောပြိုင်ဘက် SUR မော်ဒယ်များနှင့်နှိုင်းယှဉ်ပါက ရွေးချယ်စရာနည်းနေပါသည်။
မော်ဒယ်ခွဲများမှာ LX, EX နှင့် EX-L Navi မော်ဒယ်များဖြစ်ပါသည်။
အင်ဂျင်စနစ်မှာ အတူတူသာဖြစ်ပြီး နည်းပညာထည့်သွင်းဖန်တီးမှုအပေါ် မူတည်၍ မော်ဒယ်များကွဲပြားသွားခြင်းဖြစ်ပါသည်။
LX သည် ၁၇လက်မဘီးများနှင့်ဖြစ်ပြီး ယာဉ်မောင်းထိုင်ခုံကို အနိမ့်အမြင့်ချိန်နိုင်ခြင်း၊ နောက်ဘက်ထိုင်ခုံတန်းကို လိုအပ်သလို ခေါက်သိမ်းနိုင်ခြင်း၊ Honda ၏ Magic Seat စနစ်ကို သုံးနိုင်ပြီး နောက်ဘက်ရိုက်ကူးကင်မရာနှင့် ချိတ်ဆက်ထားပါသည်။
၅လက်မအရွယ် ပြသ မျက်နှာပြင်စနစ်ပါရှိပြီး နောက်ဘက်ရိုက်ကူးကင်မရာနှင့် ချိတ်ဆက်ထားပါသည်။
Bluetooth ချိတ်နိုင်ခြင်း၊ စပီကာ၄လုံးပါခြင်း၊ CD နှင့် USB ချိတ်ဆက်နိုင်မှုများကို တွေ့ရပါသည်။
၎င်းသည် အနိမ့်ဆုံးမော်ဒယ်ခွဲဖြစ်ပြီး အမြင့်ဆုံးမော်ဒယ်ဆိုပါက ဂြိုလ်တုအခြေပြုမြေပုံစနစ်အထိပါ သုံးနိုင်ရန် နည်းပညာပိုင်းအားထည့် ဖန်တီးထားသည်ကို တွေ့ရပါသည်။
မော်ဒယ်၏ အင်ဂျင်က ၁.၈လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ဖြစ်ပြီး တန်ကြေးသင့်မော်ဒယ်အဖြစ် ထုတ်လုပ်ထားမှုမှာ စျေးချိုချိုနှင့် SUV မော်ဒယ်လိုချင်သူများအတွက် ဆီစားနည်းခြင်း၊ စွမ်းဆောင်ရည်သင့်ခြင်း များကြောင့် ရွေးချယ်စရာတစ်ခုဖြစ်ပါသည်။
အင်ဂျင်သည် ရုန်းအား ၁၂၇ပေါင်-ပေမှာ စွမ်းအင်မြင်းကောင်ရေ ၁၄၁ကောင်အားထိအောင် ထွက်ရှိပါသည်။
ရှေ့ဘီးယက်စနစ်ဖြင့်လည်း ရနိုင်ပြီး ဘီးစုံယက်စနစ်ဖြင့်လည်းလာပါသည်။
၆ချက်သုံး Manual ဖြင့် လိုချင်ပါက ရှေ့ဘီးယက်စနစ်ဖြင့်ရနိုင်ပြီး ဘီးစုံယက်စနစ်မှာ CVT Auto ဖြင့်လာပါသည်။
လမ်းကြမ်းပိုင်းစွမ်းဆောင်ရည် အကောင်းဆုံးရှိမည်မဟုတ်ဘဲ CVT Auto ဖြင့် ရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
စွမ်းဆောင်ရည်ပိုင်းတွင်လည်း တစ်နာရီ မိုင်၆၀နှုန်းကို အချိန်၉.၇စက္ကန့်ခန့်ကြာမည်ဖြစ်ပြီး တန်းတူမော်ဒယ်များထဲတွင် အားအနည်းဆုံးစာရင်းဝင်ဖြစ်စေပါသည်။
ဘရိတ်ပိုင်းတွင်လည်း မိုင်၆၀နှုန်းမှ ရပ်တန့်မည်ဆိုလျှင် အကွာအဝေး ၁၂၅ပေ ဝန်းကျင်တွင် ရပ်တန့်မည်ဖြစ်ပြီး ပုံမှန်ဘရိတ်ပိုင်းစွမ်းဆောင်ရည်ထက် အားနည်းနေသည်ကို တွေ့ရပါသည်။