ဂျပန်ကားစျေးကွက်တွင် RVR ဟုခေါ်သည့် Compact SUV ကားအမျိုးအစား ASX ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာ့အနှံ့အစီးရေ ၁၁ သိန်းကျော်ထုတ်လုပ်ရောင်းချခဲ့ရသကဲ့သို့ စျေးကွက်တွင်လည်း လူကြိုက်များသည့် ကားတစ်စီးအဖြစ်ရပ်တည်လျက်ရှိပါသည်။
နောက်ဆုံးမျိုးဆက် ၂၀၁၈ မိုဒယ် New ASX ကို Mitsubishi ၏နာမည်ကျော် Dynamic Shield Concept ဒီဇိုင်းနှင့် အဆင့်မြှင့်တင်ထုတ်လုပ်ထားပါသည်။
Dynamic Shield ၏ သဘောတရားမှာ ကား၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံမက ယာဉ်မောင်းသူူနှင့် လိုက်ပါစီးနင်းသူများကိုပါ ဘေးကင်းလုံခြုံအောင် အကောင်းဆုံးအထောက်အပံ့ဖြစ်စေပါသည်။
ရှေ့မီးကြီးအနေဖြင့် Super Wide Range HID Headlamp များအသုံးပြုထားသောကြောင့် ညဘက်များတွင် မြင်နိုင်စွမ်း ပိုကောင်းမွန်စေမည်ဖြစ်ပါသည်။
ထို့ပြင် Daytime Running Lamp များကို Fog Lamp နှင့်အတူတပ်ဆင်ပေးထားပြီး ကားနောက်ပိုင်းတွင်လည်း Shark Fin Antenna တပ်ဆင်ထားပါသည်။
ကိုယ်ထည်အရောင်များအနေဖြင့် White Pearl, Black Mica, Sterling Silver, Lightning Blue, Red Metallic နှင့် Titanium Gray ဆိုပြီး အရောင်ခြောက်ရောင် ရွေးချယ်ရရှိနိုင်ပါသည်။
အတွင်းခန်းထိုင်ခုံများကို Premium Quality Synthetic Leather Seat များအသုံးပြုထားပြီး လူငါးယောက် သက်သောင့်သက်သာ စီးနင်းနိုင်အောင် စီမံပေးထားပါသည်။
ဖျော်ဖြေရေးအတွက် ခုနှစ်လက်မအရွယ် Wide 2-Din Touch Panel Display Audio ပါ၀င်ပြီး Bluetooth Hands-Free စနစ်ကိုလည်းအသုံးပြုနိုင်ပါသည်။
နှစ်ဘီးယက်မောင်းနှင်မှုစနစ်သုံး New ASX မှာ 2.0L MIVEC ဓာတ်ဆီအင်ဂျင်အသုံးပြုထားပြီး Max Speed အနေဖြင့် တစ်နာရီကို ၁၉၃ ကီလိုမီတာနှုန်းမောင်းနှင်နိုင်မည်ဖြစ်ပါသည်။
Push –start Engine စနစ်ဖြစ်သောကြောင့် အလွယ်တကူစက်နှိုးအသုံးပြုနိုင်မည်ဖြစ်ပြီး Paddle Shift ပါ၀င်သောကြောင့် sport ဆန်ဆန်မောင်းနှင်နို်င်သကဲ့သို့ Cruise Control စနစ်ကြောင့် Highway လမ်းများတွင်လည်း သက်သောင့်သက်သာ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
ဂီယာကိုတော့ CVT6-Step Sport Mode Transmission တပ်ဆင်အသုံးပြုထားပါသည်။
အသက်ကယ်လေအိတ်ခုနှစ်လုံး forward Collision Mitigation System, Lane Departure Warning, Automatic High-Beam, Stability Control, Traction control, Hill Start Assist အစရှိသည့် အဆင့်မြင့်လုံခြုံရေးစနစ်များကြောင့် စီးနင်းသူများကို အပြည့်အဝကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။
၂၀၁၈ မိုဒယ် Mitsubishi The New ASX ကိုအမေရိကန်ဒေါ်လာ ၄၆၉၀၀ နှင့် ရောင်းချသွားမည်ဖြစ်ပြီး ၀န်ဆောင်မှုများအနေဖြင့်သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိပြီး ရိုးမဘဏ်နှင့် ချိိတ်ဆက်ပြီးလည်း အရစ်ကျ ငွေပေးချေမှုစနစ်နှင့် ၀ယ်ယူရရှိနိုင်ပါသည်။