2018 Mitsubishi ASX


ဂျပန်ကားစျေးကွက်တွင် RVR ဟုခေါ်သည့် Compact SUV ကားအမျိုးအစား ASX ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာအနှံ့အစီးရေ ၁၁ သိန်းကျော် ထုတ်လုပ်ရောင်းချခဲ့သကဲ့သို့ စျေးကွက်မှာလည်း လူကြိုက်များသည့် ကားတစ်စီးအဖြစ် ရပ်တည်လျှက်ရှိပါသည်။

နောက်ဆုံးမျိုးဆက် ၂၀၁၈ မိုဒယ် New ASX ကို Mitsubishi ၏ နာမည်ကျော် Dynamic Shield Concept ဒီဇိုင်းနှင့် အဆင့်မြှင့်တင် ထုတ်လုပ်ထားပါသည်။

Dynamic Shield ၏သဘောတရားက ကား၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံမက ယာဉ်မောင်းသူ၏ လိုက်ပါစီးနင်းသူများကိုပါ ဘေးကင်းလုံခြုံအောင် အကောင်းဆုံး အထောက်အပံ့ဖြစ်စေပါသည်။

ရှေ့မီးကြီးအနေဖြင့် Super Wide Range HID Headlamp များအသုံးပြုထားသောကြောင့် ညဘက်များတွင် မြင်နိုင်စွမ်းပိုကောင်းမွန်စေမည်ဖြစ်ပါသည်။

ထို့ပြင် Daytime Running Lamp များကို Fog Lamp နှင့်အတူတပ်ဆင်ပေးထားပြီးကားနောက်ပိုင်းတွင်ဆိုလျှင်လည်း Shark Fin Antenna တပ်ဆင်ထားပါသည်။

ကိုယ်ထည်အရောင်များအနေဖြင့် White Pearl, Black Mica, Sterling Silver, Lightning Blue,Red Metallic နှင့် Titanium Gray ဟူ၍ အရောင်ခြောက်ရောင်ရွေးချယ်ရရှိနိုင်ပါသည်။

အတွင်းခန်းထိုင်ခုံများကို Premium Quality Synthetic Leather Seat များအသုံးပြုထားပြီး လူငါးယောက်သက်သောင့်သက်သာ စီးနင်းနိုင်အောင်စီမံပေးထားပါသည်။

ဖျော်ဖြေရေးအတွက် ခုနှစ်လက်မအရွယ် Wide 2-Din Touch Panel Display Audio ပါ၀င်ပြီး Bluetooth Hands-Free စနစ်ကိုလည်း အသုံးပြုနိုင်ပါသည်။

နှစ်ဘီးယက်မောင်းနှင်မှုစနစ်သုံး New ASX တွင် 2.0L MIVEC ဓာတ်ဆီအင်ဂျင်အသုံးပြုထားပြီး Max Speed အနေဖြင့် တစ်နာရီကို ၁၉၃ ကီလိုမီတာနှုန်းမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

Push-start Engine စနစ်ဖြစ်သောကြောင့် အလွယ်တကူစက်နှိုးအသုံးပြုနိုင်မည်ဖြစ်ပြီး Paddle Shift ပါ၀င်သောကြောင့် Sport ဆန်ဆန် မောင်းနှင်နိုင်သကဲ့သို့ Cruise Control စနစ်ကြောင့် Highway လမ်းများမှာလည်း သက်သောင့်သက်သာ မောင်းနှင်နိုင်မည် ဖြစ်ပသည်။

ဂီယာကို CVT6-Step Sport Mode Transmission တပ်ဆင်အသုံးပြုထားပါသည်။

အသက်ကယ်လေအိတ်ခုနှစ်လုံး ၊ Forward Collision Mitigation System, Lane Departure Warning, Automatic High-Beam,Stability Control, Traction Control, Hill Start Assist အစရှိသည့် အဆင့်မြင့်လုံခြုံရေးစနစ်များကြောင့် စီးနင်းသူများကို အပြည့်အဝကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

၂၀၁၈ မိုဒယ် Mitsubishi The New ASX ကို အမေရိကန်ဒေါ်လာ ၄၆၉၀၀ နှင့်ရောင်းချသွားမည်ဖြစ်ပြီး ၀န်ဆောင်မှုများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိပြီး ရိုးမဘဏ်နှင့်ချိတ်ဆက်ပြီးလည်း အရစ်ကျငွေပေးချေမှု စနစ်ဖြင့်လည်း ၀ယ်ယူနိုင်ပါသည်။

 

Read 1777 times