အထူးထုတ်မိုဒယ်တစ်ခုအနေဖြင့် ထုတ်လုပ်ထားသည့် 2019 Nissan Altima Edition One


နာမည်ကျော် ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်သော Nissan သည် အရွယ်အလတ်စား ဆီဒန်ကားမိုဒယ် Altima ကို ၁၉၉၂ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး

ယခုဆိုလျှင် မျိုးဆက်ခြောက်ဆက် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ Nissan သည် Altima ၏ အထူးထုတ်ကားမိုဒယ်တစ်ခုဖြစ်သည့် Nissan Altima Edition One ကို ၂၀၁၉ မိုဒယ်အဖြစ် အစီးရေ အကန့်အသတ်ဖြင့်ရောင်းချမည်ဖြစ်ပါသည်

စက်စွမ်းရည်အနေဖြင့် 2019 Altima ၏ အဆင့်အမြင့်ဆုံး Trim Level ဟုဆိုရမည့် Altima Platinum VC-Turbo Trim ကို အခြေခံထားသော အထူးထုတ် မိုဒယ် Altima Edition One တွင် Altima Platinum ဟု

2.0 Liter Turbocharged ဆလင်ဒါလေးလုံးထိုး အင်ဂျင် တပ်ဆင်ထားပြီး မြင်း ကောင်ရေ ၂၄၈ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်ပါသည်။ ကားအင်ဂျင်ကို ဆီစားသက်သာစေအောင်စီမံထားပြီး

တုံ့ပြန်အားကောင်းသော VC-Turbo အင်ဂျင်သည်လည်း စွမ်းအင်ပိုတိုးစေသကဲ့သို့ စွမ်းဆောင်ရည်ကိုလည်း ပိုပြီးကောင်းမွန်စေပါသည်။ ထို့အပြင် ကားတွင် Nissan ၏ Semi-autonomous Driver Assist ဟု

ဆိုနိုင်သော ProPilot Assist ဟု ကားမောင်းသူ အထောက်အကူပြုစနစ် ထည့်သွင်းပေးထားသောကြောင့် ကားကို ယုံကြည်မှုရှိရှိ ထိန်းသိမ်းမောင်းနှင်နိုင်စေမည်ဖြစ်ပါသည်။

ကားရှေ့မျက်နှာစာက ခပ်ဝပ်ဝပ်ကားစက်ဖုံးအစွန်းတွင် အနက်ရောင်ဆန် ခါကွက်ရှဲလ်(Grille) ပါဝင်ပြီး ရှဲလ်ကို ခရိုမီယမ်ရောင်ပေါင်ထူထူ ခပ်ထားသောကြောင့် ယခင်ထက်ပိုပြီး ပေါ်လွင်လှပပါသည်။

ရှဲလ်အကွက်ပေါ်မှာတွင် Nissan အမှတ်တံဆိပ်လိုဂိုကို အထင်အရှား တပ်ဆင်ထားပါသည်။ ကားဘေးဘက်တွင် သွယ်လျလှပသောကောက်ကြောင်းများသည် ကားနောက်ဘီးခုံးဆီ ခပ်ပြေပြေတက်သွားပါသည်။

ခပ်ပြေပြေ ကားဘီးခုံးများအောက်တွင် Altima Edition One အထူး ထုတ်မိုဒယ်အတွက် ဖန်တီးထားသော ဒီဇိုင်းဆန်းသစ်လှပသည့် ၁၉ လက်မ အရွယ် မီးခိုးရင့်ရောင် အလူမီနီယမ်ကားဘီးများ တပ်ဆင်ထားပါသည်။

ကားရှေ့ဘီး၏ အနောက်ဘက်က ကားတံခါးအောက်ခြေနားတွင် Edition One လိုဂိုစာသားကို ခပ်သေးသေး ရေးထိုးတပ်ဆင်ထားပါသည်။ ကား အနောက်ဘက်တွင် ဒီဇိုင်းဆန်းသစ်လှပသော ကားနောက်မီးများ၊

သေသပ်လှပသော Rear Diffuse ၊ Nissan အမှတ်တံဆိပ်လိုဂိုများနှင့်အတူ Altima ၊ Platinum နှင့် VC-Turbo ဆိုသော စာသားများကိုလည်း ခရိုမီယမ်ရောင်တောက်ပစွာ ရေးထိုးထားပါသည်။ အထူးထုတ် မိုဒယ်အနေနှင့်

ထပ်တိုးပါဝင်လာသည်က ကားနောက်ဖုံးစွန်းတွင် အသစ်မွမ်းမံထားသော လေပင့်အားထိန်းတောင်ပံငယ်ဖြစ်ပါသည်။ အထူးထုတ်မိုဒယ် Altima Edition One အတွက် ကိုယ်ထည်အရောင်ကို အနက်ရောင် ဖန်တီးပေးထားပြီး

ရွန်းစိုလှပသော နီညိုရောင်နှင့် ပုလဲဖြူရောင်တို့ကိုလည်း Option အဖြစ် ထပ်တိုးရွေးချယ် ရရှိနိုင်ပါသည်။

ထူးခြားချက်အနေဖြင့် Edition ONE အမှတ်တံဆိပ်တပ်ဆင်ထားသော ကြမ်းခင်းနှင့် စာလုံးများတွင် မီးရောင်လင်းလက်အောင် စီမံထားသော Illuminated Kick Plate ပါဝင်ပါသည်။ Altima မိုဒယ်သစ်၏ အဆင့်အမြင့်ဆုံး

Trim Level ဖြစ်သော Altima Platinum VC-Turbo ကို အခြေခံထားသောကြောင့် Altima Edition One တွင်လည်း ထိုမိုဒယ်ကဲ့သို့ အကောင်းစားသားရေထိုင်ခုံ၊ Bose Premium Audio System ၊ Moonroof များကဲ့သို့

အဆင့်မြင့်အတွင်းခန်းအသုံး အဆောင်များနှင့်အတူ မောင်းနှင်မှုအတွက် အထောက်အကူဖြစ်စေမည့် အဆင့်မြင့်နည်းပညာများစွာ ပါဝင်ပါသည်။

၂ဝ၁၉ မိုဒယ် Nissan Altima Edition One အထူးထုတ် ဆီဒန်ကားသစ်အတွက် ဈေးကို အတိအကျမသိရသေးသော်လည်း ကျွမ်းကျင်သူများက အမေရိကန်ဒေါ်လာ ၂၄,ဝဝဝ နှင့်အထက် ဖြစ်မည်ဟု ခန့်မှန်းထားကြပါသည်။

ကားအစီးရေ ၃,၉ဝဝ သာ ထုတ်လုပ်မည့် အထူးထုတ်မိုဒယ် Altima Edition One အတွက် ကြိုတင်အမှာစာများကို ပြီးခဲ့သော ဇွန် ၁၅ ရက်ကတည်းက စတင်လက်ခံခဲ့ပြီး လာမည့်ဆောင်းဦးရာသီတွင် မှာယူထားသူများဆီ

အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် Nissan သည် Altima Edition One ကားတစ်စီး ဝယ်ယူသူတိုင်းကို Amazon Prime Membership နှင့် Amazon Echo Show Smart Speaker ၊ Amazon Prime

 Membership နှင့် Amazon Echo Dot ပါဝင်သော Bose Soundlink Revolve+ ၊ သို့မဟုတ် Apple Watch Series 3 တစ်လုံး လက်ဆောင်ပေးမည် ဖြစ်ပါသည်။

Read 810 times