2020 Toyota Supra ကားအမျိုးအစားသစ် ထုတ်လုပ်မှုကို သြစတြေးလျနိုင်ငံမှာ လုပ်ငန်းစတင်ခဲ့


ဂျပန်နာမည်ကျော်ကားထုတ်လုပ်ရေးတိုယိုတာရဲ့ နောက်ဆုံးမော်ဒယ် အသစ် 2020 Toyota Supra ကားအမျိုးအစားထုတ်လုပ်မှုကို သြစတြေးလျနိုင်ငံမှာယခုနှစ်အစောပိုင်းအတွင်းစတင်ခဲ့တယ်လို့ သိရှိရပါတယ်။

သမိုင်းမှတ်တိုင်သစ်စိုက်ထူမယ့် ကားအမျိုးအစားက ဘားရက်ဂျက်ဆန်စကော့ဒေးလ် လေလံပွဲမှာဒေါ်လာ ၂.၁ သန်းနဲ့ လေလံအောင် ကံကောင်းခဲ့သူနဲ့ ကားအမျိုးအစားထုတ်လုပ်မှု ကတိပေးခဲ့တယ်လို့လည်းသိရပါတယ်။

သာမန်ကားအမျိုးအစားတွေထက်ကိုပိုပြီးကွဲပြားခြားနားတဲ့ ကားထုတ်လုပ်မှုမှာအနက်ရောင်ခဲခဲဘီးလုံးတွေ၊ အနီရောင်ပြည့်ခြယ်ထားတဲ့ ကားမှန်တွေနဲ့ အတွင်းခန်းအနီရောင်အသွေးနဲ့ ကာဗွန်ဖိုက်ဘာအခင်းတွေ စသဖြင့် တောက်ပကြည့်ကောင်းနေမယ့် ကားအမျိုးအစားသစ်တစ်စီးအဖြစ် တိုယိုတာကဖန်တီးထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Toyota Supra ကားအမျိုးအစားအသေးစိတ်ကိုနောက်ဆုံးထွက်ရှိထားတဲ့ Edition Supra မှာ ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။

2020 Toyota Supraကားအမျိုးအစားရဲ့ စက်အစိတ်အပိုင်းနဲ့ စက်စွမ်းရည်အတွက် ၃. ၀ လီတာတာဘိုချာဂျင် အင်ဂျင်တပ် ဆင်ပေးထားပြီးနောက်ယက်အမျိုးအစားနဲ့ ဂီယာ ၈ ချက်ထိုးစနစ်ဖြစ်ပါတယ်။ စက်စွမ်းရည်က မြင်းကောင်ရေအား ၃၅၅ ကောင်၊ ရုန်းအား ၃၆၅ lb-ft ထွက်ရှိမောင်းနှင်နိုင်တယ်လို့ သိရပါတယ်။ အမေရိကန်ကားဈေးကွက်နဲ့ ထုတ်လုပ်မှုသမိုင်းတစ်လျှောက်မှာတော့ Supra ရဲ့ ပထမဆုံးသော မော်ဒယ်အသစ် ကားအမျိုးအစားဖြစ်ပါတယ်။

ကားထုတ်လုပ်ရေးက အဆိုပါကားအမျိုးအစားအတွက် အမေရိကန်ဈေးကွက် ဈေးနှုန်းသတ်မှတ်ချက်ကို ယခုနှစ်အစောပိုင်းမှာ သတ်မှတ်ထုတ်ပြန်ခဲ့ပေးခဲ့ပြီးဖြစ်ကာ ပထမဆုံးသောအစီး ၁၅၀၀ ကိုလည်းရောင်းချ နိုင်ခဲ့ပါတယ်။ အမေရိကန်ဈေးကွက်အတွင်း 2020 Toyota Supra ရဲ့ ဈေးနှုန်းကိုဒေါ်လာ ၅၆,၁၈၀ သတ် မှတ်ပေးထားပါတယ်။

Credit; 2w4wDrive

Read 1054 times