2021 Toyota Corolla Hatchback မိတ်ဆက်


Toyota က 2021 Toyota Corolla Hatchback  ကို အထူးထုတ်  Special Edition အဖြစ် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ စီးရေ ၁၅၀၀ ကိုသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အရောင်ကိုလည်း တခြား Corolla တွေလို အမျိုးမျိုး ထုတ်မှာ မဟုတ်ဘူး။ ပုံမှာ မြင်ရတွေ့ရတဲ့ အသံထက်မြန်တဲ့ အနီရောင် Supersonic Red တစ်မျိုးတည်းဖြင့်သာ စီးရေ ၁၅၀၀ ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဲ'ီ အနီရောင် ကြွတက်နေအောင် ဘီးကို သုံးနေကျ chrome မဟုတ်တော့ဘဲ အထူးတလည် မည်းနက်တဲ့ 18-inch alloy wheels တွေ တပ်ဆင်ပေးထားပါတယ်။ 

 

sporty style ကိုယ်လုံးကိုယ်ထည်ရဲ့ အောက်မှတော့ အဲဒီ အထူးထုတ်က သာမန် Corolla SE အတိုင်းပါပဲ။ အင်ဂျင်က turbo မဟုတ်ဘူး။ လေးဘီးယက်လည်း မဟုတ်ဘူး။ ၂ လီတာ ဆလင်ဒါလေးလုံး အင်ဂျင်ဖြစ်ပြီး ၁၆၈ မြင်းကောင်ရေ ရှိတယ်။ ရှေ့ဘီးတွေကို ဒူးဆစ်နဲ့ ချိတ်ပြီး ယက်ပေးတယ်။ လက်ထိုးဂီယာ ၆ ချက် သုံးထားတယ်။ 

 

ကားနောက်ဘက်က အသွားအလာနဲ့ မမြင်ကွယ်ရာကို စောင့်ကြည့်တဲ့စနစ် ပါလို့ရတယ်။ ဆိုလိုချင်တာက ဝယ်တဲ့သူက ငွေပိုပေးပြီး တပ်ခိုင်းရင် တပ်ပေးမယ်။

 

နောက်ထိုင်ခုံတွေ နောက်ဘက်မှာ ပစ္စည်းပစ္စယတွေ တင်ဖို့ ၆ ကုဗပေ နေရာလုပ်ပေးထားတယ်။ အမြင့်ကြီး မ မနေရအောင် ကြမ်းခင်းကို နည်းနည်း နှိမ့်ပေးထားတယ်။

 

 

 

Read 997 times