2021 Toyota Hilux ယူကေဈေးကွက်တွင် အမှာစာ စတင်လက်ခံ


 တိုယိုတာက အပြင်ပန်း စတိုင်ပြန်သထားတဲ့ 2021 Toyota Hilux ရဲ့ ကမ္ဘဈေးကွက် ပွဲဦးထွက် ရောင်းချမှုကို ယူကေဈေးကွက်မှာ စတင်ရောင်းချမှာ ဖြစ်ပြီး ကြိုတင်အမှာစာများကို စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်လက်ခံမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ဝယ်ယူသူတို့အနေဖြင့် ရွေးစရာ ၂ မျိုးအဖြစ်  Invincible နဲ့ Invincible X ဆိုပြီး ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ နှစ်မျိုးစလုံးဟာ double cab ကိုယ်ထည်စတိုင်လ် ဖြစ်ပါတယ်။

 

Hilux Invincible ကို  £34,925 ($45,746) ဖြင့် ဈေးဖွင့်ထားပါတယ်။ Invincible အင်ဂျင်ပါဝါက 148 HP (150 PS / 110 kW)  ဖြစ်ပြီး လှည့်အားက 295 lb-ft (400 Nm) ဖြစ်ပါတယ်။ အင်ဂျင်က ဒီဇယ်အင်ဂျင်ဖြစ်ပြီး အရွယ်အစားက  2.4-liter ဖြစ်ပါတယ်။ ဂီယာ ၆ ချက် ပါတယ်။ လက်ထိုး မလိုချင်လို့ အော်တိုဂီယာဆိုရင်တော့ £1,500 ($1,965) ထပ်ဆောင်းပေးသွင်းရပါမယ်။ 

 

အင်ဂျင် 2.8-liter ကတော့ အင်ဂျင်ပါဝါက 201 HP (204 PS / 150 kW) ဖြစ်ပါတယ်။ လှည့်အားက 369 lb-ft (500 Nm) ဖြစ်ပါတယ်။  ဈေးနှုန်းက လက်ထိုးဂီယာ ဆိုရင် £35,400 ($46,368) ဖြစ်ပြီး အော်တိုဂီယာဆိုရင်  £36,900 ($48,333) ဖြစ်ပါတယ်။

 

Hilux Invincible X ကတော့ ဒီဇယ်အင်ဂျင်  2.8-liter တစ်မျိုးတည်းပဲ ထုတ်လုပ်ပါတယ်။

ဂီယာ ၆ချက် ပါပြီး လက်ထိုးဆိုရင် ဈေးနှုန်းက  £38,975 ($51,051) ဖြစ်ပြီး အော်တိုဂီယာဆိုရင် £40,475 ($53,016) ဖြစ်ပါတယ်။

 

Read 8932 times