2021 Toyota Sienna ဟာ ဒီဇိုင်း ပြန်ထုတ်ပေးထားတဲ့ minivan ဖြစ်ပြီး Highlander SUV နဲ့ ဆင်ဆင်တူပေမဲ့ minivan ဖြစ်တာကြောင့်
အတက်အဆင်းလွယ်အောင် ကြမ်းပြင်ကို နှိမ့်ပေးထားပါတယ်။ grille နဲ့ စက်ခန်းအဖုံး ပုံစံစတိုင်လ်က UV စတိုင်လ် ဖြစ်ပါတယ်။
မိသားစု အတူစီးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ဇိမ်ရှိရှိနဲ့ စီးဖို့လည်း စီစဉ်ပေးထားတယ်။ ထိုင်ခုံတွေကို လိုသလို လှန်လို့ရတဲ့အပြင် ခြေဆန့်တဲ့အခါ ခြေတင်ဖို့လည်း လုပ်ပေးထားတယ်။ Boeing 777 လေယာဉ်ပျံ အထူးတန်းမှာ သုံးတဲ့ ထိုင်ခုံတွေရဲ့ ဒီဇိုင်းနဲ့ ဆင်ဆင်တူတယ်။တကယ်လို့ ရေခဲသေတ္တာ အသေးစား တစ်လုံး ထည့်ချင်တယ်ဆိုရင်လည်း တပ်ဆင်လို့ရအောင် စီစဉ်ထားတယ်။
2021 Toyota Sienna မှာ ပါဝါက ဟိုင်းဘရစ် ကပြား ဖြစ်ပါတယ်။ ဘက်ထရီထံမှ လျှပ်စစ်စွမ်းအားနဲ့ ဓာတ်ဆီအင်ဂျင်ထံမှ စွမ်းအားတို့ဖြင့် မောင်းနှင်အား ရယူပါတယ်။ အင်ဂျင်က ဆလင်ဒါ လေးလုံး 2.5-liter အရွယ်အစား ဖြစ်ပါတယ်။ ဘက်ထရီက အရွယ်ငယ်တယ်။ ရှေ့ထိုင်ခုံတွေ အောက်မှာ နေရာချပေးထားတယ်။ မော်တာဂျင်နရေတာတွေက မောင်းနှင်အား ထုတ်ဖို့နဲ့ လျှပ်စစ်စွမ်းအား ထုတ်ဖို့ လုပ်ကိုင်ပေးတယ်။ စွမ်းအားက ၂၃၄ မြင်ကောင်ရေအား ရှိပါတယ်။
ဆီစားနှုန်းက တစ်ဂါလံကို ၃၃ မိုင်ခရီးတာ ဝန်းကျင် မောင်းလို့ရတယ်။ ခရီးတိုတို မောင်းရင် လျှပ်စစ်ကားအဖြစ် ရွေးချယ်မောင်းနှင်လို့ရအောင် လုပ်ပေးထားတယ်။ EV mode ရွေးလို့ရတယ်။ ဘက်ထရီ သက်တမ်း အားမခံက ၁၀ နှစ်/၁၅၀ ၀၀၀ မိုင် ဖြစ်ပါတယ်။
2021 Toyota Sienna ကို လေးဘီးယက် all-wheel drive ဖြင့်လည်း ထုတ်လုပ်ပါတယ်။ နောက်ဘီးတွေအတွက် မော်တာတွေ သပ်သပ်သီးခြား တပ်ဆင်ပေးထားပါတယ်။
ကားမှာ ၁၅၀၀ ဝပ်အားအထိ ပေးနိုင်တဲ့ အင်ဗာတာ ပါတယ်။ အထွက်မှာ ၁၂၀ ဗို့အားကို ပေးတယ်။ ကားပေါ်မှာ ၁၂၀ ဗို့အား လျှပ်စစ် ရယူသုံးစွဲဖို့ ပလပ်ပေါက်တွေ ပါတယ်။ ရေခဲသေတ္တာ အသေးစား သုံးမယ်ဆိုရင် ထိုးဖို့ ၁၂၀ ဗို့ ပလပ်ပေါက် အဆင်သင့် ရှိနေစေတယ်။ ကော်ဖီအိုး တည်ချင်တယ်ဆိုရင်လည်း ပလပ်ပေါက် ရှိတယ်။ ယာဉ်အတွင်းပိုင်း သန့်ရှင်းရေးလုပ်တဲ့အခါ ဖုန်စုပ်ဖို့ vacuum cleaner တစ်လုံးပါတယ်။ အင်ဗာတာက ၁၅၀၀ ဝပ်ဆိုတော့ အခုလို လျှပ်စစ်ပစ္စည်းတွေ သုံးစွဲတာကို ကောင်းကောင်းနိုင်တယ်။
ကားဈေးနှုန်းက $33,000 ဝန်းကျင်လို့ ဆိုပါတယ်။