2022 Toyota Land Cruiser ယာဉ်တိုက်ခံနိုင်ရည် ကြယ် ၅ပွင့်အဆင့် ရရှိ


2022 Toyota Land Cruiser ယာဉ်တိုက်ခံနိုင်ရည် ကြယ် ၅ပွင့်အဆင့် ရရှိ

ဩစတေးလျ ကားဈေးကွက်မှာ ရောင်းချဖို့အတွက် 2022 Toyota Land Cruiser ကို Australasian New Car Assessment Program (ANCAP) အဖွဲ့အစည်းက ယာဉ်တိုက်ခံနိုင်ရည် စမ်းသပ်မှု ပြုခဲ့ပါတယ်။ စမ်းသပ်မှု ရလဒ်မှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့  ကြယ်ငါးပွင့်အဆင့်ကို ရရှိခဲ့ပါတယ်။ 
ANCAP အဖွဲ့အစည်းရဲ့ အကဲဖြတ်စံများနဲ့အညီ  2022 Toyota Land Cruiser ကို ယာဉ်တိုက်မှု အမျိုးမျိုး ဖန်တီးပြီး စမ်းသပ်ခဲ့ပါတယ်။ ဘေးကင်းရေးအတွက် လေအိတ်များ၊ အလိုအလျောက် အရေးပေါ် ဘရိတ်အုပ်ပေးခြင်း၊ ယာဉ်ကြောအတွင်း ရှိနေစေခြင်း၊ ယာဉ်ကြောကူးပြောင်း သတိပေးခြင်း၊ ယာဉ်မောင်းထောက်ကူ ထိန်းကျောင်းမောင်းနှင်ပေးခြင်း၊ လမ်းဖြတ်ကူးတဲ့သူကို မတိုက်မိအောင် ရှောင်တခင ဘရိတ်ဖမ်းခြင်း၊ စက်ဘီးကို မတိုက်မိအောင် ရှောင်တခင် ဘရိတ်ဖမ်းခြင်းအစရှိသည်တို့ကိုလည်း စမ်းသပ်ပါတယ်။

ကားပေါ်ပါလာသူ အရွယ်ရောက်ပြီးသူအတွက် အကာအကွယ် ၈၉% ပေးနိုင်ပြီး ကလေးသူငယ်ကို အကာအကွယ် ၈၈% ပေးနိုင်ကြောင်း တွေ့ရပါတယ်။ 
လမ်းသွားလမ်းလာများနဲ့ စက်ဘီးသမားများကို ကာကွယ်ပေးနိုင်မှု ၈၁%  ရှိပြီး ခြုံငုံရလဒ်အဖြစ် အကာအကွယ်ပေးနိုင်မှု ၇၇%  ရှိပါတယ်။

 

 

Read 4335 times