2023 Toyota Crown မူပိုင်ခွင့် မှတ်ပုံတင်


2023 Toyota Crown မူပိုင်ခွင့် မှတ်ပုံတင်

၁၉၅၅ မှာ စတင်ခဲ့တဲ့ Toyota Crown ဟာ အခုဆိုရင် မျိုးဆက် ၁၅ ခု ကျော်ခဲ့ပါပြီ။ မျိုးဆက်တိုင်းမှာ ဆီဒင်ကားအမျိုးအစားဖြင့်သာ အများသောအားဖြင့် ထုတ်လုပ်ခဲ့ပါတယ်။  တံခါး ၂ပေါက်၊ ပစ်ကပ်၊ ဝက်ဂွန်တို့ကို ထုတ်လုပ်ခဲ့သော်လည်း အဓိကအားဖြင့် ဆီဒင်ကိုသာ အသားပေး ထုတ်လုပ်ခဲ့ပါတယ်။ 

ယခု  2023 Toyota Crown မော်ဒယ်ကို မူပိုင်ခွင့် မှတ်ပုံတင်ပါတယ်။ မြင်နေကျ Crown ပုံစံ မဟုတ်ဘဲ အကြီးအကျယ် ပြောင်းလဲထားပါတယ်။ 

 Crown Cross အမည်ဖြင့် မူပိုင်ခွင့် လျှောက်ထားပါတယ်။ 

အတိုင်းအတာတွေက 

အလျား   4,930 မီလီမီတာ (194 လက်မ) 

အကျယ် 1,840 မီလီမီတာ (72.4 လက်မ) 

အမြင့် 1,540 မီလီမီတာ  (60.6 လက်မ) 

ရှေ့နောက် ဘီးနှစ်ခုကြား အကွာအဝေး wheelbase က 2,850 မီလီမီတာ (112.2 လက်မ)

 

 

Toyota က Crown ကို ပြန်လည်ဆန်းသစ်ပြီး အသစ်အဆန်း ဖြစ်အောင် လုပ်ပေးထားပါတယ်။ 

ဆလင်ဒါ ၄ လုံးထိုး 2.5-liter အင်ဂျင်ကို ဂီယာ CVT နှင့် တွဲဘက်ပေးထားပါတယ်။ 

တာဘိုပါတဲ့  2.4-liter အင်ဂျင်ကို အော်တိုဂီယာ ၆ ချက် ၊  လျှပ်စစ်မော်တာနဲ့ တွဲပေးထားတဲ့ ၂ မျိုးစပ် ဟိုင်းဘရစ် မော်ဒယ်ကိုလည်း ထုတ်လုပ်မယ်လို့ သတင်းထွက်ပေါ်ပါတယ်။

#MyanmarAutomobileGuide

Read 3423 times