ထိုင်းဈေးကွက်ထဲ ရောက်ရှိလာတဲ့ 2023 Toyota Vios
စတုတ္ထမျိုးဆက် Toyota Vios သည် ထိုင်းကားဈေးကွက်ထဲ စတင်ရောက်ရှိပါတယ်။ ထိုင်းနိုင်ငံတွင် Yaris Ativ လို့ လူသိများပါတယ်။
Daihatsu New Global Architecture (DNGA) ပလက်ဖောင်းပေါ်မှာ Yaris Ativ ကို တည်ဆောက်ထားပါတယ်။ DNGA ပလက်ဖောင်းဖြင့် Perodua Ativa, Daihatsu Rocky, Toyota Raize, Perodua Alza, Toyota Avanza, Veloz, Daihatsu Xenia တို့ကိုလည်း တည်ဆောက်ပါတယ်။
Daihatsu New Global Architecture (DNGA) ပလက်ဖောင်းပုံ
Vios မော်ဒယ်အသစ်ရဲ့ အတိုင်းအတာက အလျား 4,425 mm ၊ အကျယ် 1,740 mm၊ အမြင့် 1,480 mm ရှိပါတယ်။ ယခင်မော်ဒယ်ထက် နည်းနည်း ပိုကြီးပါတယ်။ အလျား 5 mm ပိုရှည်ပါတယ်။ အကျယ် 10 mm ပိုကျယ်ပြီး အမြင့် 5 mm ပိုမြင့်ပါတယ်။ ရှေ့ဘီးနောက်ဘီး ကြားအကွာအဝေး 2,620 mm ရှိပါတယ်။ ယခင်မော်ဒယ်ထက် 70 mm ပိုများပါတယ်။ ကားအတွင်း ကျယ်ကျယ်ဝန်းဝန်း ပိုရှိစေပါတယ်။
ကားဈေးကွက်ထဲ Vios နှင့် အပြိုင်ပြုတဲ့ Honda ရဲ့ မော်ဒယ်က Honda City ဖြစ်ပါတယ်။ Honda City ရဲ့ အတိုင်းအတာများက အလျား 4,553 ၊ အကျယ် 1,748 mm ၊ အမြင့် 1,467 mm ဖြစ်ပြီး wheelbase က 2,600 mm ဖြစ်ပါတယ်။ဆလင်ဒါ ၄ လုံး 3NR-VE 1.2 litre ဓာတ်ဆီအင်ဂျင် တပ်ဆင်ပေးထားပါတယ်။
အရောင်းပြခန်း ရောင်းဈေးနှုန်းများမှာ
Sport 539,000 baht
Smart 584,000 baht
Premium 659,000 baht
Premium Luxury 689,000 baht
ဖြစ်ပါတယ်။
ကိုယ်ထည်အရောင် ရွေးစရာ ၇ မျိုး စီစဉ်ပေးထားပါတယ်။
Urban Metal,
Spicy Scarlet,
Platinum White Pearl (Premium နှင့် Premium Luxury အတွက်သာ),
Super White II (Smart နှင့် Sport အတွက်သာ), Attitude Black Mica,
Metal Stream Metallic,
Red Mica Metallic
တို့ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
ကြော်ငြာဗီဒီယို
MAG