4WD Off road SUV စတဲ့ ကားတွေ့ရှေ့ ဘေးနားလေးမှာ ပါတတ်တဲ့မီးခိုးခေါင်းတိုင်လို ဟာလေး ကတော့ Safari Snorkel လို့ လူသိများပါတယ်။
ခရီးကြမ်းလမ်းကြမ်း ဖြတ်မောင်းတဲ့ အခါ သဲ ဖုန် ရေ စတာတွေ အင်ဂျင်ထဲမဝင်ဖို့ ကာကွယ်ရန် ၁၉၈၀ ခန့်က သြစတေးလျှ မှာစတင် အသုံးပြုခဲ့ပါတယ်။ စနစ်တကျ စမ်းသပ်ပြီးမှ တပ်ဆင် အသုံးပြုခဲ့တယ်လို့လည်းသိရပါတယ်။
အင်ဂျင် စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးရန်အတွက် အင်ဂျင်လေအဝင်လိုင်းကို ယခုကဲ့သို့ အထူး ပလတ်စတစ် (Cross linked Polyethylene) ပြွန်ဖြင့် အပြင်ထုတ်ထားကာ အဝင်လေ အဆက် မပြတ်စေရန် နှင့် အေးနေစေရန်ပါ လုပ်ဆောင်ထား ပါတယ်။ သဲကန္တာရ နှင့် မြစ်ချောင်းများဖြတ်ကူးရာတွင် အင်ဂျင်တွင်း သဲ နှင့်ရေ များမဝင်နိုင်စေရန် အကောင်းဆုံး sealing လုပ်ထားပါတယ်။
ဒါ့အပြင် အပေါ်မှ မိုးရွာသွန်းမှုမှလည်း ရေမဝင်စေရန် water separator system ထည့်သွင်းထားပါတယ်။ ပုံတွင်ပြထားတဲ့အတိုင်း ရေကိုဖယ်ထုတ်ပြီး Air ram ဆိုတဲ့ ထိပ်ဖျားခေါင်းတိုင်ဟာလည်း လေတိုက်ခတ်မှု အရ မိမိစိတ်ကြိုက်လှည့်နိုင်ပါသေးတယ်။ အဓိက ကောင်းကျိုးများကတော့
၁။ သဲ နှင့် ရေများ အင်ဂျင်တွင်းမဝင်နိုင်၍ အင်ဂျင်တွင်းတိုက်စားခံရမှုမရှိခြင်း
၂။ အဝင်လေဟာ အမြင့်မှ လာသဖြင့် ပိုမိုသန့်ရှင်းခြင်း
၃။ လေပိုက်အရှည်သုံးထားသဖြင့် ပိုမိုအေးသောလေရရှိခြင်း
၄။ ပုံမှန်ကားအင်ဂျင်များလို အဝင်လေကိုစုပ်သွင်းစရာမလိုဘဲ ကားအသွားမှာ ရှေ့မှလေက အင်ဂျင်တွင်း တိုးဝင်ခြင်း Ram effect ကိုရရှိခြင်းတို့ဖြစ်ပါတယ်။
Snorkel type ၂ မျိုးရှိပါတယ်။
၁။ Ram Snorkel
ဒီအမျိုးအစားက ကားရပ်ပြီးစက်နှိုးထားရင် ပုံမှန်အင်ဂျင်များလို အဝင်လေကိုစုပ်သွင်းရပြီး ကားစထွက်တာနဲ့ဝ Ram effect ရပါမယ်။ လေထဲက ဖုန်နဲ့ရေ တွေကို snorkel ရဲ့ အောက် drain ပေါက်ကနေထွက်စေပါမယ်။ သန့်စင်တဲ့လေကို air filter ကထပ်မံစစ်ပြီးမှ အင်ဂျင်တွင်းဝင်ပါတယ်။
၂။ Vortex Snorkel အမျိုးအစားကတော့ကားရပ်နေနေ သွားနေနေ အဝင်လေကိုစုပ်သွင်းပါတယ်။ Snorkel အတွင်းမှာ ဘလိတ်တွေကိုတပ်ဆင်လည်စေခြင်းဖြင့် အဝင်လေကို လှည့်ပေးပါတယ်။ လေကိုလှည့်ပေးခြင်းဖြင့် centrifugal force ရစေပြီး ဖုန်နဲ့ရေ တွေကို ဘေးသို့ဖယ်ပေးပါကြောင်းဖြင့် ။
Source:Lin Htet (EEM)
Read:ကားစတီယာရင်လက်ကိုင်မှာ အိမ်သာထိုင်ခုံထက် လေးဆပိုညစ်ပတ်ကြောင်း လေ့လာတွေ့ရှိ