အီးဗီဘက်ထရီအတွက် နီကယ် ကန်ဒေါ်လာ ၅ ဘီလျံဖိုး အင်ဒိုနီးရှားမှ Tesla ဝယ်ယူ


အီးဗီဘက်ထရီအတွက် နီကယ် ကန်ဒေါ်လာ ၅ ဘီလျံဖိုး အင်ဒိုနီးရှားမှ Tesla ဝယ်ယူ

Tesla က နီကယ်ထုတ်ကုန်များကို ဝယ်ယူရန် ကန်ဒေါ်လာ ၅ ဘီလီယံ သဘောတူညီချက် ရရှိခဲ့ကြောင်း အင်ဒိုနီးရှားက ပြောကြားပါသည်။

အမေရိကန် ကားထုတ်လုပ်ရေးလုပ်ငန်း Tesla  သည် အင်ဒိုနီးရှားရှိ နီကယ်ထုတ်လုပ်သည့် ကုမ္ပဏီများမှ ၎င်း၏ ဘက်ထရီများအတွက် ကုန်ပစ္စည်းများ ဝယ်ယူရန် ဒေါ်လာ ၅ ဘီလီယံခန့် တန်ဖိုးရှိ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း အကြီးတန်း အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက CNBC Indonesia သို့ ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ အကြီးမားဆုံးစီးပွားရေးဖြစ်သည့် အင်ဒိုနီးရှားသည် Tesla အား နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုစက်ရုံတစ်ခု တည်ထောင်ရန် အားပေးတိုက်တွန်းလျက်ရှိသည်။

အင်ဒိုနီးရှားတွင် ကြီးမားသော နီကယ်သတ္တုသိုက် ရှိသည်။ 

အင်ဒိုနီးရှား သမ္မတ Joko Widodo သည် Tesla တည်ထောင်သူ Elon Musk နှင့် ယခုနှစ်အစောပိုင်းတွင် တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် အရှိန်မြှင့်ခဲ့သည်။

ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး Luhut Pandjaitan က "ကျွန်တော်တို့ Tesla နဲ့ စဉ်ဆက်မပြတ် ညှိနှိုင်းနေတုန်းပါပဲ၊ ယခုအခါ သူတို့က အင်ဒိုနီးရှားကနေ အရမ်းကောင်းတဲ့ ထုတ်ကုန်နှစ်ခုကို စတင်ဝယ်ယူပါတယ်" ဟု ပြောကြားသည်။

Tesla သည် Sulawesi ကျွန်းရှိ Morowali တွင်လုပ်ငန်းလည်ပတ်နေသော နီကယ်ထုတ်လုပ်သည့်ကုမ္ပဏီများနှင့် ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်ဟု သူက ပြောကြားသည်။

နီကယ်ပစ္စည်းများကို Tesla ၏ လီသီယမ်ဘက်ထရီများတွင် အသုံးပြုမည်ဖြစ်သည်။

အင်ဒိုနီးရှားသည် လျှပ်စစ်မော်တော်ယာဉ်များနှင့် ဘက်ထရီများကို အင်ဒိုနီးရှားတွင် ထုတ်လုပ်စေလိုသဖြင့် နီကယ်သတ္တုရိုင်း ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားသည်။ ပြည်တွင်းမှာ လာရောက်လုပ်ကိုင်သည့် ရင်းနှီးမြှုပ်နှံသူများကိုသာ နီကယ်သတ္တုရိုင်း ပေးအပ်မည် ဖြစ်သည်။

ထိုသို့ အကွက်ရွှေ့ထားသဖြင့်  တရုတ်သံမဏိကုမ္ပဏီကြီးများနှင့် LG နှင့် Hyundai ကဲ့သို့သော တောင်ကိုရီးယားကုမ္ပဏီများ အင်ဒိုနီးရှားတွင် စက်ရုံတည်ဆောက်ပြီး ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုကြသည်။

#MyanmarAutomobileGuide 

 Telegram Channel https://t.me/Guid4U

Source: Reuters 

Read 4037 times