နိုင်ငံတကာမှာ ထွန်းပေါက်နိုင်သည့် တရုတ် ကားအမှတ်တံဆိပ် ၅ ခု


နိုင်ငံတကာမှာ ထွန်းပေါက်နိုင်သည့် တရုတ် ကားအမှတ်တံဆိပ် ၅ ခု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ယခုအခါ တရုတ်နိုင်ငံရှိ ကားကုမ္ပဏီပေါင်း ၁၇၀ ခန့် ရှိနေသည့်အနက်  ကုမ္ပဏီငါးခုမှ အမှတ်တံဆိပ် ၅ ခုသည် နိုင်ငံတကာမှာ ထွန်းပေါက်ရန် ကြီးမားသော အလားအလာ ရှိ‌နေပါသည်။

 

တရုတ်ပြည်တွင် ကားအသစ်ကျပ်ချွတ် ဝယ်စီးသည့် လူဦးရေ အချိုးအစားသည် လူ ၁,၀၀၀ လျှင် ကားအသစ် ၁၇.၅ စီး ဖြစ်ပါသည်။
တိုင်းပြည်တွင် လူဦးရေ များပြားသော်လည်း ကားအသစ်/ လူဦးရေ အချိုးအစား နိမ့်ကျဆဲ ဖြစ်ပါသည်။
အမေရိကန်တွင် ၎င်းအချိုးအစားသည် လူ ၁,၀၀၀ လျှင် ကားအသစ် ၄၀.၆ စီး ဖြစ်ပါသည်။ အနောက်ဥရောပတွင် ၎င်းအချိုးအစားသည် လူ ၁,၀၀၀ လျှင် ကားအသစ် ၂၄.၄ စီး ဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် ကားအသစ်/ လူဦးရေ အချိုးအစား နိမ့်ကျဆဲ ဖြစ်သဖြင့် မော်တော်ယာဉ် ထုတ်လုပ်မှုသည် ဝယ်နိုင်စွမ်းပမာဏထက် ကျော်လွန်နေပါသည်။  ပြည်ပဈေးကွက်များသို့ လျှံထွက်နိုင်မှ ကားကုမ္ပဏီသည် ဆက်လက်ကြီးထွားနိုင်မည် ဖြစ်သည်။

ပြည်ပဈေးကွက်သို့ ထွက်လာပြီး ကားများ ရောင်းချကြရာ၌ တရုတ် ကားအမှတ်တံဆိပ် ၅ ခုသည် နိုင်ငံတကာမှာ ထွန်းပေါက်ရန် အလားအလာကောင်းများ ရှိ‌နေပါသည်။

 

MG

MG သည် တရုတ် ကား brand ဖြစ်မလာခင်က မူရင်းမူလသည် ဗြိတိသျှ ကား brand ဖြစ်ခဲ့ပြီး ကမ္ဘာ့ကား brand တခုအဖြစ် ရပ်တည်ခဲ့ပါသည်။
MG သည် သက်တမ်း နှစ် ၁၀၀ နီးပါးရှိနေပြီ ဖြစ်သည့် ကား brand လည်း ဖြစ်ပါသည်။
၂၀၀၆ ခုနှစ်တွင် တရုတ်ကုမ္ပဏီ SAIC လက်အောက်သို့ ရောက်ရှိခဲ့သည်။
ယခင်က Shanghai Automotive Industry Corporation အမည်အပြည့်အစုံဖြင့် လုပ်ကိုင်ခဲ့ပြီး ယခုအခါ အတိုကောက် SAIC ဖြင့် လုပ်ကိုင်လျက်ရှိသော SAIC Motor Corp သည် နိုင်ငံပိုင် ကားလုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။
 လက်ရှိတွင် MG ကားအမှတ်တံဆိပ်ကို SAIC က ပိုင်ဆိုင်ပါသည်။ 
၂၀၁၃ ခုနှစ်တွင် MG အစီးရေ ၃,၅၀၀ ဝန်းကျင် ရောင်းချခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အစီးရေ ၄၅၀,၀၀၀ ရောင်းချခဲ့သည်။ 
MG သည် လျှပ်စစ်ကားအနေဖြင့် အောင်မြင်မှု ရရှိခဲ့သည်။
ဘက်ထရီသုံး လျှပ်စစ်ကား Battery Electric Vehicle-BEV အတွက် ထင်ရှားသော brand တစ်ခုအဖြစ် ရပ်တည်နေပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများသာမက ဖွံ့ဖြိုးပြီး နိုင်ငံများသို့လည်း တင်ပို့ ရောင်းချပါသည်။ ယခုနှစ် ၂၀၂၃ ပထမနှစ်ဝက်တွင် ဥရောပဈေးကွက်မှာ MG သည် စတုတ္ထအရောင်းရဆုံး BEV အမှတ်တံဆိပ် ဖြစ်ပါသည်။ BEV ကဏ္ဍတွင် Renault, Peugeot, Hyundai တို့ထက် ရောင်းအား အပြတ်အသတ် သာပါသည်။


BYD


BYD သည် ဉရောပတွင် မတွင်ကျယ်သေးပါ။ သို့သော် အခြားဒေသများတွင် အရှိန်တက်နေပါသည်။ ကမ္ဘာ့ကြီးထွားနှုန်း အမြန်ဆုံး ကား brand အသစ် ဖြစ်ပါသည်။
လျှပ်စစ်ကားစစ်စစ် မော်ဒယ်များ၊ ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် မော်ဒယ်များ စုံစုံလင်လင် ထုတ်လုပ်သည်။  ၂၀၂၂ ဇန်နဝါရီလနောက်ပိုင်းတွင် BYD သည် မော်ဒယ် ၆ ခု ထုတ်လုပ်ထားပါသည်။

ပင်မရေစီးကြောင်းနှင့် ပရီမီယံတို့အကြားတွင် BYD ကားအမှတ်တံဆိပ် နေရာယူထားသည်။ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှတို့မှ ပရီမီယံ ဝယ်မစီးနိုင်ကြသူများ လက်လှမ်းမီမည့် မော်ဒယ်များ BYD မှာ ရှိနေသည်။


Geely/Zeekr

Geely သည် အနောက်တိုင်းဆန်သည့် ကားမော်ဒယ်များ ထုတ်လုပ်သည်။ Geely Group သည် အနောက်တိုင်းမှ ကားလုပ်ငန်းအချို့ကို ပိုင်ဆိုင်ထားသည်။ မြောက်အမေရိကဈေးကွက်နှင့် ဥရောပဈေးကွက်တို့မှ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ပြီး တင်ပို့သည်။ 


ယခင်တင်ပြချက်
ဥရောပဗားရှင်း Zeekr 001 အီးဗီ ပထမအသုတ် ဥရောပသို့ Zeekr တင်ပို့
https://www.automobiledirectory.com.mm/article/-zeekr-001-geely.html


Geely ၏ ကားမော်ဒယ် အများစုသည် ပင်မရေစီးကြောင်းအတွက် ထုတ်လုပ်ထားသည်။ 
Zeekr ကို အမြင့်တန်းအတွက် ထုတ်လုပ်သည်။ ဆီဒင်နှင့် SUV မော်ဒယ်များ ထုတ်လုပ်သည်။
ရုရှားတွင် ရောင်းအားကောင်းနေသည်။ ယခုနှစ် ၂၀၂၃ ပထမနှစ်ဝက်တွင် စတုတ္ထအများဆုံး ရောင်းချသည့် အိမ်စီးကား အမှတ်တံဆိပ် ဖြစ်လာခဲ့ပါသည်။


NIO


NIO သည် ပရီမီယံအတန်းအစားမှာ နေရာယူသဖြင့် ဂျာမန် ပရီမီယံကား အမှတ်တံဆိပ်များကို ယှဉ်ပြိုင်နေရသည်။ ဥရောပဈေးကွက်ကို ခြေကုပ်ခိုင်မာဖို့ ကြိးပမ်းနေသည်။ ဘက်ထရီ အားသွင်းခြင်းအစား အလုံးလိုက်ဖြုတ်လဲသည့် လမ်းကို ရွေးချယ်ထားသည်။ 

Baojun/Wuling

အနိမ့်တန်းအတွက် ကား brand အဖြစ် ရပ်တည်သည်။ ဈေးသက်သာသည်။ ပြုပြင်ထိန်းသိမ်းစရိတ်လည်း သက်သာသည်။ 
စံချိန်စံညွှန်းများ မြင့်မားပြီး တင်းကျပ်သော ဈေးကွက်များတွင် ရောင်းချခွင့် ရမည် မဟုတ်သော်လည်း ကျန်ဈေးကွက်များတွင် ရောင်းအား ကောင်းမည် ဖြစ်ပါသည်။ 
 
  Source motor1
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2259 times