ဂျက်ကီချန်းနဲ့ မစ်စူဘီရှီ အပိုင်း(၁)


ဂျက်ကီချန်းက မစ်စူဘီရှီနဲ့ နှစ်ပေါင်းအတော်ကြာ လက်တွဲခဲ့တာမှာ  Mitsubishi Lancer Evo ကို ဒီဇိုင်း ပြန်ထုတ်ပေးတဲ့အထိ လုပ်ကိုင်ခဲ့ဖူးတယ်။ 
အဲဒီလို သူထုတ်ပေးတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်တဲ့ မော်ဒယ်ကို Lancer Evolution IX Jackie Chan Special Edition လို့ အမည်တပ်ခဲ့ပါတယ်။ စီးရေ ၅၀ အကန့်အသတ်ဖြင့် ထုတ်လုပ်ခဲ့ပါတယ်။ ဈေးနှုန်းက $77,000 ဖြစ်ပါတယ်။  2-litre turbocharged engine ထိုင်ပေးထားပြီး အမြန်ဆုံး အမြန်နှုန်းက  222 km/h ဖြစ်ပါတယ်။ 
 

 

ဟောင်ကောင် အက်ရှင်မင်းသား ဂျက်ကီချန်းရဲ့ အသည်းစွဲပရိသတ်အနေဖြင့် ၁၉၉၅ ခုနှစ်က ရုပ်ရှင်ဖြစ်တဲ့ Thunderbolt မှာ မစ်စူဘီရှီကို ပွဲထုတ်ထားလို့ မိနစ် ၁၁၀ ကြာတဲ့ မစ်စူဘီရှီ ကြော်ငြာရုပ်ရှင်လို့တောင် ပြောဆိုကြတယ်။ မစ်စူဘီရှီရဲ့ အမှတ်တံဆိပ်မှာ အနီရောင် ဒိုင်းမွန်းကွက် သုံးခု ပါလို့ အဲဒီရုပ်ရှင် Thunderbolt ရဲ့ အမည်ကို Three Diamonds  လို့ ရယ်စရာအဖြစ် အမည်တပ်ခဲ့ကြတယ်။ 

 

 

ဂျက်ကီချန်းက မစ်စူဘီရှီနဲ့ လက်မတွဲခင်က Subaru နဲ့ ရုပ်ရှင်ရိုက်ခဲ့ဖူးတယ်။ 
၁၉၈၁ ခုနှစ်မှာ ဟောလီဝုဒ် ဂန္ထဝင်ရုပ်ရှင်  The Cannonball Run မှာ ပြိုင်ကားမောင်းတဲ့သူတစ်ဦးအဖြစ် ဂျက်ကီချန်း သရုပ်ဆောင်ခဲ့တာမှာ  Subaru GL hatchback  ကို ရော့ကက်ဘူစတာ အင်ဂျင်တပ်ပြီး မောင်းခဲ့တယ်။ 
 

 

 

 

 

အဲဒီကာလမှာ ဂျက်ကီချန်းက တော်တော် နာမည်ရနေပြီ။ ဟောင်ကောင်ရဲ့ နောက်ထပ်ပေါ်ထွန်းမယ့် အက်ရှင်မင်းသား ကြယ်တစ်ပွင့်ဆိုတာ ခန့်မှန်းလို့ ရနေပြီ။ ဒီတော့ ကုမ္ပဏီတွေက ကြော်ငြာအတွက် သူနဲ့ စာချုပ်တွေ ချုပ်ကြတယ်။ အဲဒီလို ချုပ်ကြတာမှာ Mitsubishi နဲ့လည်း စာချုပ် ချုပ်ဖြစ်ခဲ့ပါတယ်။ 

မစ်စူဘီရှီက ဂျက်ကီချန်းကို အလုပ်သဘောအရသာမက ထဲထဲဝင်ဝင် ကူညီတယ်။ တချို့ ရုပ်ရှင်ကားတွေအတွက် ငွေကြေးအထောက်အကူ ပေးတယ်။ ဂျက်ကီချန်းကလည်း ရုပ်ရှင်တွေထဲမှာ မစ်စူဘီရှီရဲ့ ကားမော်ဒယ်တွေကို အဓိကကျတဲ့နေရာမှာ ထားပြီး သုံးပေးတယ်။ 

မစ်စူဘီရှီရဲ့ ကားမော်ဒယ်ကို ပင်တိုင်နေရာမှာ ထားပြီး ရိုက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားက ၁၉၈၄ ခုနှစ်မှာ ထုတ်လုပ်တဲ့ Wheels on Meals ဖြစ်ပါတယ်။ 

အဲဒီရုပ်ရှင်ထဲမှာ ဂျက်ကီချန်းက ကားနဲ့ စားသောက်ဆိုင်ငယ် ဖွင့်လှစ်ရောင်းချတယ်။ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ရိုက်ကူးခဲ့တယ်။ အဲဒီဈေးဆိုင် အလန်းစား ဗင်ကားက Mitsubishi L300 ဖြစ်ပါတယ်။ 


 

 

 

 

 

 

 

 

Read 1761 times