စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အကောက်ခွန်နှုန်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဃ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂ဝ၂၅ ဖြင့် အကောက်ခွန်နှုန်း လျှော့ချသတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ၂ဝ၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ပြည်ပမှ Completely Built Up - CBU စနစ်၊ Completely CKD 4 Semi-Knocked Down - SKD စနစ်တို့ဖြင့် တင်သွင်းသည့်…
ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် ဘက်ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle: BEV) အမျိုးအစားများ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်းများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို သုညရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါယာဉ်များမှာ…
ယင်းဘက်ထရီလျှပ်စစ်သုံးယာဉ်များနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက် ပါရှိသည့် ဘက်ထရီလျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ ( ဥပမာ - အားသွင်းရုံဆိုင်ရာ ပစ္စည်းများ၊ အားသွင်းစနစ်ဆိုင်ရာ ပစ္စည်းများ) နှင့် စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက် ပါရှိသည့် ဘက်ထရီလျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်းများ (Spare Parts) ဖြစ်သည်။
အထက်ပါ အမိန့်ကြော်ငြာစာသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဘက်ထရီလျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်းများ (Spare Parts) ကို အောက်တွင် ကြည့်ရှုနိုင်သည်။