Augmented Reality (AR) နည်းပညာနဲ့ Toyota ကားကိုမြည်းစမ်းလို့ရနေပြီနော်


ပြည်တွင်းအကြိုက် Toyota ကားကုမ္ပဏီရဲ့ ယခုတစ်ဖန်တီထွင်စမ်းသစ်မှုကတော့ တော်တော်လေးစိတ်ဝင်စား ဖို့ကောင်းစေခဲ့ပါတယ်။

ဒါကတော့ ကားရဲ့အတွင်းပိုင်းလုပ်ဆောင်မှုအသေးစိတ်တွေကို ဝယ်ယူသူတွေအနေနဲ့ မြင်တွေ့ခံစားစေနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီအတွက် Toyota အနေနဲ့ Marketing agency ဖြစ်တဲ့ Brandwidth နဲ့ပူး ပေါင်းပြီး ဟိုက်ဘရစ်ကားအမျိုးအစားဖြစ်တဲ့ Toyota CH-R ကို ကားအရောင်းပြခန်းမှာလာရောက်ကြည့်ရှုသူ တွေအတွက် ဟိုးအတွင်းပိုင်းကလီစာတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ပုံတွေကိုပြသပေးမှာပါ။

Toyota CH-R ဆိုတာကတော့ small SUV အမျိုးအစားဖြစ်ပြီး လူစီး ၅ ယောက်နဲ့မြို့တွင်းကောင်းကောင်းသုံး နိုင်မယ့် ရုပ်ထွက်လန်းလန်းနဲ့ကားအမျိုးအစားပဲဖြစ်ပါတယ်။ AR ဆိုတာကတော့ လက်တွေ့ကမ္ဘာနဲ့ပေါင်းစပ်ဖန် တီးမှုပဲဖြစ်ပြီး အရှိကို၊မရှိနဲ့ရောပြီး တွေ့မြင်ရမှာပါ။ Toyota ရဲ့ပြသမှုမှာတော့ hybrid စနစ်ရဲ့လုပ်ဆောင်မှုကို ပြသပေးထားပြီး အဓိကစနစ်တွေဖြစ်တဲ့ ဆီတိုင်ကီ၊ မော်တာနဲ့ ဘက်ထရီတို့ရဲ့ လုပ်ဆောင်မှုကိုပါတွေ့မြင်ရစေမှာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ ဂျာမနီအခြေစိုက် Audi အနေနဲ့ကားအတွင်းဖျော်ဖြေရေးစနစ်ဖြစ်တဲ့ Holoride ကိုမိတ် ဆက်ပေးထားခဲ့ပါတယ်။ ကားတွင်းမှာပါဝင်တဲ့ ကွန်ပျူတာနဲ့ headset တွေကြောင့် VR game တွေကို ကား အတွင်းကနေပဲကစားနိုင်မှာဖြစ်ပါတယ်။ VR ဆိုတာကတော့ လက်တွေ့မဆန်တဲ့ သီးခြားကမ္ဘာကိုရောက်ရှိ သွားမှုလို့ မြင်သာနိုင်မှာဖြစ်ပါတယ်။

Myanmar Automobile Guide

Read 675 times