FUSO Myanmar ၏ FUSO 4S အရောင်းပြခန်းသစ်ကြီးကို ရန်ကုန်မြို့တွင်ဖွင့်လှစ်မည်


၁၈၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Cycle & Carriage သည် စင်ကာပူနိုင်ငံတွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး မြန်မာပြည်ဈေးကွက်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဦးအောင်မိုးကျော်က ရှယ်ယာထည့်ဝင်ထားကာ Cycle & Carriage Myanmar အမည်ဖြင့် FUSO သည် မြန်မာနိုင်ငံဈေးကွက်သို့ ၂၀၁၄ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး မော်တော်ယာဉ်များ ဖြန့်ချိလျက်ရှိပါတယ်။

လုပ်ငန်းသုံးကားများကို ထုတ်လုပ်ဖြန့်ချီလျက်ရှိသည့် Damiler အုပ်စုဝင်တစ်ခုဖြစ်သော FUSO ၏လုပ်ငန်းသုံး ကားများကို ရောင်းချပေးနေသော FUSO Myanmar အနေဖြင့် ယခုနှစ်အတွင်း အရောင်းပြခန်းသစ်ကြီးကို ရန်ကုန်မြို့ အမှတ် ၃ လမ်းမပေါ်၊သစ်ဆိပ်ကုန်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်တွင်ဖွင့်လှစ်တော့မည်ဟု ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က Shwe Pyi Resort တွင်ပြုလုပ်သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် FUSO တာဝန်ရှိ သူများမှ အတည်ပြုပြောကြားသွားခဲ့ပါတယ်။ Cycle & Carriage Myanmar အနေနှင့် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုကြောင့် ရောင်းအားကျဆင်းခဲ့သည်ကို ခံစားခဲ့ရပြီး နိုင်ငံ၏အခြေခံအဆောက်အအုံတည်ဆောက်မှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုအပေါ်တွင် မျှော်မှန်းချက်များထားရှိသောကြောင့် ဈေးကွက်လှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်သွားရန်ရှိနေပါတယ်။

ဂျပန်နှင့် အိန္ဒိယနိုင်ငံ စက်ရုံများမှ ထုတ်လုပ်ထားသော FUSO လုပ်ငန်းသုံးကားများကို မြန်မာပြည်ဈေးကွက်သို့ တင်သွင်းခြင်းဖြစ်ကာ အရောင်းပြခန်းများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားပါတယ်။ အဆိုပါ FUSO 4S အရောင်းပြခန်းသစ်ကြီးတွင် အရောင်း(Sale)၊ အပိုပစ္စည်း(Spare Parts)၊ ဝန်ဆောင်မှု(Aftersales service)၊ ဆေးမှုတ်ခြင်း(Body Painting) စသည့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရပါတယ်။ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းဈေးကွက်အတွင်းသို့ စတင်ရောင်းချခဲ့ပြီးနောက် ၂တန်မှ ၆၅တန်အထိ FUSO ကုန်တင် ယာဉ်အသစ်များကို ရန်ကုန်နှင့် မန္တလေးမြို့ရှိ FUSO Showroom များတွင် ရောင်းချပေးလျက်ရှိပါတယ်။

FUSO လုပ်ငန်းသုံးမော်တော်ယာဉ်အမျိုးအစားများအနေဖြင့် ၁၀ ပေ-၁၄ ပေ နှင့် ၂ တန်မှ ၅ တန် ဝန်ရှိ Canter ထရပ်ကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကားများ၊ ခရီးသွားလုပ်ငန်းသုံး ROSA ဘတ်(စ) ကားများ၊ ထောက်ပံံ့ပို့ဆောင်ရေးလုပ်ငန်းသုံးကားများ၊ ထောက်ပံ့ပို့ဆောင်ရေး အအေးခန်း BOX ကားများ၊ လောင်စာဆီ Tanker ကားများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များကို မြန်မာပြည်ဈေးကွက်အတွက် Cycle & Carriage Myanmar မှ တင်သွင်းဖြန့်ချီလျက်ရှိပါတယ်။

ထို့ုအပြင် ခံနိုင်ဝန် ၃.၅ တန်မှ ၄၉ တန်အထိ ရှိသော ထရပ်ကားများကိုလည်း FUSO မှ ထုတ်လုပ်လျက်ရှိပါတယ်။ တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆၀၀၀ ကျော် မှ ၁၂၀၀၀၀ ကျော်အထိ ရှိပါတယ်။ ဒေါ်အေးဝင်းထွန်းက ဆက်လက်ပြီး “ဒီနိုင်ငံမှာ Project (စီမံကိန်း) တွေအများကြီးရှိတယ်၊ အများကြီးလုပ်ဖို့ ကျန်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံက အများကြီးဖွံ့ဖြိုးဖို့ ကျန်နေသေးတယ်။ လှမ်းမယ်လုပ်လိုက် ချော်ကျလိုက်ဖြစ်နေတာ။ တကယ်သာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီဆိုရင် ကျွန်မတို့ ကားဈေးကွက်တင်မဟုတ်ဘူး၊ တစ်ခြားဈေးကွက်တွေလည်း ကောင်းလာမှာပါ။ အလုပ်အကိုင်တွေလည်း ရလာမယ်။ ကျွန်မတို့ဆိုရင် ရောင်းဖို့က အများကြီး ပြောထားတာတွေရှိတယ်။ ဒါပေမယ့် သူတို့က ဘာပြောသလဲဆိုရင် ငါ့ Project (စီမံကိန်း) တွေက မကျသေးလို့၊ ငါ့ Tender (တင်ဒါ) လေးတွေက ဘာဖြစ်နေလို့၊ ဘာလေးတွေ Delay (နှောင့်နှေး) နေလို့ဆိုပြီး” ဟု ပြေားကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံမှုတွင် နှစ် ၁၀၀ ပြည့် Jardine Cycle & Carriage အကြောင်း၊ Cycle & Carriage Myanmar ဖြစ်တည်လာပုံနှင့် Fuso Truck များအကြောင်းကို အပြည့်အစုံရှင်းလင်းပြောကြားသွားခဲ့တယ်။ FUSO ကို အရည်အသွေး၊ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း၊ တိကျလှပပြီး အသုံးဝင်သော ဒီဇိုင်းနှင့် အာမခံချက် ပေးနိုင်သော ဝန်ဆောင်မှုများ ရှိသည့် အဓိကအချက် (၄) ချက်ပေါ်တွင် အခြေခံထုတ်လုပ်ထားသည်ဟု သိရပါတယ်။

FUSO မှလုပ်ငန်းသုံးကားများဖြစ်သော ၂ တန်မှ ၅တန်ထိ ခံနိုင်ဝန်ရှိသော Canter ၁၀ပေ ၁၄ ပေထရပ်ကားများ၊ ၆တန်မှ၈တန်ခံနိုင်ဝန်ရှိသော FA,FI ကုန်တင်ထရပ်ကားများ၊ (6.5 m3 မှ 16m3ထိ) ဝန်သယ်နိုင်သော ၆ဘီး ၁၀ဘီး FI,FJ model Tipper Body ကုန်ကားများ၊ 7m3Mixer, Hook lift, Fuel Tanker, LPG taner, Wind Body box, Refrigerator Box, Dry Box နှင့် Curtain Slider အမျိုးအစားများ၊ ကုန်တင်ယာဉ်မျိုးစုံအပြင် တန် ၄၀ မှ ၆၅တန်ထိဆွဲနိုင်သော FZ,FV,TV model ခြောက်ဘီးနှင့် ဆယ်ဘီး ခေါင်းတွဲများကို မြင်းကောင်ရေ (280 Hp မှ 400 Hpထိ) လည်းကောင်း၊ ခရီးသည် ၃၀မှ ၃၄ယောက်စီး ROSA မီနီဘတ်စ်များ စသည့်ဆောက်လုပ်ရေးလုပ်ငန်းသုံးနှင့်ခရီးသွားလာရေးလုပ်ငန်းသုံးကားအမျိုးမျိုးကိုဖြန့်ချီရာင်းချပေးလျက်ရှိပါတယ်။

FUSO သည် Daimler Truck ကုမ္ပဏီအောက်ရှိ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အာရှ၊အာဖရိက၊ လက်တင်အမေရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသ နေရာစုများတွင် သုံးစွဲနေသော အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ တစ်ဆက်တည်းတွင် FUSO ကားများကို တရုတ်နှစ်သစ်ကူး အထူးအစီအစဉ်များဖြင့် ရောင်းချမည်ဖြစ်ပြီး ဇန်နဝါရီလ ၁၅ ရက်မှ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့အထိ Heavy Duty Truck များဖြစ်သော TV ဆယ်ဘီးခေါင်းတွဲ၊ FZ ခြောက်ဘီးနှင့် ဆယ်ဘီးခေါင်းတွဲများ၊ FV ဆယ်ဘီးခေါင်းတွဲ၊ FJ Tipper,Mixer,Hook Lift,Tanker,Wind Body, Refrigerator Box,Dry Box နှင့် Curtin Slider လုပ်ငန်းသုံးများကို ဝယ်ယူသူတိုင်း ကီလိုမီတာ ၂ သိန်းအထိပြုပြင်ထိန်းသိမ်းမှုကို အခမဲ့ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ဒေါ်လာ ၅၈၈၈၈ မှစတင်သည့်အထူးလျှော့ဈေးများဖြင့် ရောင်းချပေးမည်ဟုလည်း သိရပါတယ်။

ယခုနှစ်အတွက် FUSO လုပ်ငန်းသုံးကားအစီးရေ (၂၀၀) အား ရောင်းချသွားနိုင်ရန် Cycle & Carriage Myanmar က ပစ်မှတ်ထားထားပါတယ်။ FUSO စီးပွားရေးလုပ်ငန်းသုံးကားများကို ပြည်တွင်းသို့ တင်သွင်းဖြန့်ချီထားသည့် Cycle & Carriage Myanmar အနေနှင့် လူစီးဇိမ်ခံအိမ်သုံးကားဈေးကွက်အတွက် Mercedes-Benz နှင့် Mazda အမှတ်တံဆိပ် မော်တော်ယာဉ်များကိုလည်း မြန်မာပြည်ဈေးကွက်သို့ ဖြန့်ချီလျက်ရှိပါတယ်။

Automobile Directory

Read 826 times