အမြောက်ဆွဲယာဉ် Artillery Tractor


Gun Tractor ဟုလည်း ခေါ်ဝေါ်သော အမြောက်ဆွဲယာဉ် ( Artillery Tractor) ဆိုသည်မှာ လေးလံသော စစ်လက်နက်ပစ္စည်းအစိတ်အပိုင်းများကို သယ်ယူရန်အတွက် အထူးပြုလုပ်ထားသော ယာဉ်အမျိုးအစားဖြစ်ပါသည်။

Artillery Tractor များကို ဘီးတပ်၊ ချိန်းကြိုးတပ်နှင့် ချိန်းကြိုးတစ်ဝက်တပ်ဆိုသော ပုံစံသုံးမျိုး တွေ့မြင်ရလေ့ရှိပါသည်။

အဓိကအားဖြင့် ဘီးတပ်နှင့် ချိန်းကြိုးတပ် နှစ်မျိုးခွဲနိုင်ပြီး ဘီးတပ်ထားသော လော်ရိကားပုံစံများ၊ တင့်ကားဆန်ဆန်ကိုယ်ထည်နှင့် ချိန်းကြိုးတပ်ပုံစံများ တွေ့မြင်ရမည်ဖြစ်ပါသည်။

ချိန်းကြိုးတစ်ဝက်တပ်ပုံစံမျိုးများကို ဒုတိယကမ္ဘာကာလတွင် အသုံးပြုခဲ့ပြီး စစ်ပြီးခေတ်တွင် အသုံးနည်းသွားပါသည်။

Holt Tractor ကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တရားပုံစံပေါ်အခြေခံထားသော ကမ္ဘာ့ပထမဦးဆုံး အမြောက်ဆွဲယာဉ်များကို ပထမကမ္ဘာစစ်ကြီး မဖြစ်ခင်ကာလတွင် စတင်ဒီဇိုင်းထွင်ခဲ့ပါသည်။

ထိုယာဉ်များကို လေးလံသော စစ်လက်နက်များ သယ်ဆောင်ရန်အတွက် သုံးခဲ့ကြပါသည်။

အလေးချိန်အနေဖြင့် ရှစ်တန်ရှိပြီး မြင်းကောင်ရေးအား ခုနစ်ဆယ်နှင့် တစ်နာရီကို ရှစ်မိုင်နှုန်း သွားလာနိုင်သော ယာဉ်အမျိုးအစားဖြစ်ပါသည်။

ဥပမာအားဖြင့် ဗြိတိန်တပ်မတော်တွင် Royal Garrison အမြောက်တပ်၏ လေးလံသည့်အမြောက်များကို စစ်မြေပြင်တွင် အသုံးပြုနိုင်ရန်အတွက် ထိုယာဉ်များက အသုံးဝင်ခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်တွင် နိုင်ငံအများစုက စီးပွားရေးရာရော စက်မှုစွမ်းအင်အရာပါ တပ်ဖွဲ့များအတွက် စက်တပ်ယာဉ်များ အပြည့်အဝ အသုံးပြုနိုင်စွမ်း မရှိသောကြောင့် မြင်းနှင့် ဆွဲသော စနစ်ကိုသာ အများဆုံး အသုံးချခဲ့ရပါသည်။

ထိုနေရာတွင် လေးလံသောလက်နက်များ သယ်ဆောင်ရန်အတွက် အမြောက်ဆွဲယာဉ်များ ထုတ်လုပ်မှုနှင့် စစ်ချီတက်ရန်နှင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ထောက်ပံ့ရန်အတွက် အထွေထွေသုံးယာဉ်များ ထုတ်လုပ်မှုကို ချိန်ဆခဲ့ကြပါသည်။

ဂျာမန်စစ်တပ်များတွင် ချိန်းကြိုးတစ်ဝက်တပ် အမြောက်ဆွဲယာဉ်များကို သုံးခဲ့ပြီး တခြားနိုင်ငံများတွင် အသုံးနည်းပါသည်။

ပုံမှန်ဘီးတပ်ယာဉ်အမျိုးအစားများနှင့် နှိုင်းယှဉ်လျှင် ချိန်းကြိုးတစ်ဝက်တပ်ယာဉ်များက လမ်းကြောင်းမောင်း စွမ်းရည်ပိုကောင်းသော်လည်း လမ်းပေါ်တွင်သွားလာလျှင် နှေးကွေးပြီး ပိုပျက်ဆီးလွယ်ပါသည်။

ခေတ်သစ်ကာလ စစ်မက်ခင်းသည့်အခါ စစ်မြေပြင်တွင် တစ်နေရာနှင့်တစ်နေရာ သွားလာလှုပ်ရှားနိုင်သော အမြောက်တပ်တင့်ကားများ ပေါ်ပေါက်လာခြင်းကြောင့် အမြောက်ဆွဲယာဉ်များကို လိုအပ်မှု နည်းပါးသွားပါသည်။

 

Read 817 times