အာဆီယံအီးဗီဈေးကွက် တရုတ်အီးဗီများ ကြီးစိုးထား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တရုတ်ကားထုတ်လုပ်သူများသည် အရှေ့တောင်အာရှ၏ အရှိန်အဟုန်ဖြင့် ကြီးထွားလာသော လျှပ်စစ်ကားစျေးကွက်ကို လွှမ်းမိုးထားပြီး ပထမသုံးလပတ်တွင် အီးဗီ လေးစီးလျှင် သုံးစီးကို ရောင်းချခဲ့ကြောင်း သုတေသနကုမ္ပဏီ Counterpoint Research က ပြောကြားသည်။
၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် ထိုင်းနိုင်ငံ၏ အီးဗိ ရောင်းအားသည် အာဆီယံ အီးဗီရောင်းအား၏ ၇၉% ရှိသည်။
ဒေသတွင်း မော်တော်ယာဥ် ထုတ်လုပ်ရေး အဓိက အချက်အချာဖြစ်သည့် ထိုင်းနိုင်ငံသည် အီးဗီသုိ့ အသွင်ကူးပြောင်းရေးကို မောင်းနှင်နေသည်။
အီးဗီဝယ်စီးသူများကို ထောက်ပံ့ကြေး မက်လုံးများ ပေးသည်။ပြည်တွင်း၌ အီးဗီများနှင့် အီးဗီ ဘက်ထရီများ ထုတ်လုပ်ရန် မော်တော်ယာဥ်ထုတ်လုပ်သူများအား အခွန်သက်ညှာခွင့် အပါအဝင် ပံ့ပိုးမှုများ ပေးအပ်သည်။
Great Wall Motor နှင့် BYD အပါအဝင် ပြည်တွင်းထုတ်လုပ်မှုတွင် တရုတ်ကားထုတ်လုပ်သူများ၏ ရင်းနှီးမြှုပ်နှံမှုများ လှိုင်းထအောင် ဆွဲဆောင်နိုင်ခဲ့သည်။
၂၀၃၀ တွင် ထိုင်းနိုင်ငံသည် နှစ်စဉ် ကားအစီးရေ ၂.၅ သန်း ထုတ်လုပ်မှု၏ ၃၀% သည် အီးဗီများ ဖြစ်နေစေရန် ရည်မှန်းထားသည်။
ထိုင်းနိုင်ငံ မော်တော်ကားလုပ်ငန်းကဏ္ဍကို ဂျပန်ကုမ္ပဏီများက ဆယ်စုနှစ်များစွာ လွှမ်းမိုးထားခဲ့သည်။ ယခုအခါ တရုတ်ကုမ္ပဏီများက ေြခကုပ်ရယူလာကြသည်။
တရုတ် အီးဗီထုတ်လုပ်သူများသည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်မည့် စက်ရုံများ တည်ထောင်ရာတွင် အနည်းဆုံး ဒေါ်လာ ၁.၄၄ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားသည်။
“အရှေ့တောင်အာရှဒေသမှာ တရုတ်မော်တော်ကားအဖွဲ့တွေဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပြီး သူတို့ရဲ့ ပြိုင်ဖက်တွေထက် သာလွန်နေပါတယ်။ သူတို့ရဲ့ စျေးကွက်ဝေစုဟာ လွန်ခဲ့တဲ့ တစ်နှစ်က ၃၈ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းနီးပါးအထိ တိုးလာတယ်”ဟု Counterpoint မှ လေ့လာဆန်းစစ်သူ Abhilash Gupta က ပြောသည်။
Counterpoint ၏အဆိုအရ အာဆီယဲဒေသတွင်းတစ်ဝှမ်းတွင် စုစုပေါင်း အိမ်စီးကားများ ရောင်းအားတွင် အီးဗီရောင်းအား ဝေစုသည် ယမန်နှစ်က ၀.၃% ရှိခဲ့ပြီး ယခုနှစ် ပထမသုံးလပတ်တွင် ၃.၈% အထိ မြင့်တက်ခဲ့ကြောင်း Counterpoint မှ ပြောကြားသည်။ ယခုနှစ်ကုန်တွင် ၆% အထိ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
အာဆီယံတွင် BYD Atto 3 သည်ရောင်းအားအကောင်းဆုံး ကားမော်ဒယ်ဖြစ်သည်။
ဒုတိယ ရောင်းအားအကောင်းဆုံးမှာ Hozon New Energy Automobile မှ ထုတ်လုပ်သည့် Neta V ဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရန် ဆောင်ရွက်လျက် ရှိသည်။
တတိယ ရောင်းအားအကောင်းဆုံးမှာ Tesla Model Y ဖြစ်သည်။
အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားတို့သည် အာဆီယံဒေသတွင်းတွင် အကြီးဆုံးသော ကားစျေးကွက်များ ဖြစ်သည်။
Counterpoint က အာဆီယံ ဒေသတွင်း အီးဗီ ရောင်အား အချက်အလက်များ ရယူရာတွင် အဆိုပါစျေးကွက်များအပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် မြန်မာနိုင်ငံတို့လည်း ပါ၀င်သည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL