ဘန်ကောက်တက္ကဆီများ အီးဗီ ဝယ်ယူရန် ငွေကြေး ထောက်ပံ့စေလိုကြောင်း တက္ကဆီအသင်း  ပြောကြား


ဘန်ကောက်တက္ကဆီများ အီးဗီ ဝယ်ယူရန် ငွေကြေး ထောက်ပံ့စေလိုကြောင်း တက္ကဆီအသင်း  ပြောကြား

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဘန်ကောက်တက္ကစီအစီးရေ ၂ သောင်းခန့်သည် မော်တော်ယာဉ်များ သက်တမ်း ၁၂ နှစ် မကြာမီ ပြည့်တော့မည်ဖြစ်ရာ မော်တော်ယာဉ်အသစ်များဖြင့် အစားထိုးရတော့မည် ဖြစ်သည်။ အကယ်၍ ဓာတ်ဆီကား အသစ်များအစား လျှပ်စစ်ကား အသစ်များ ဝယ်သုံးနိုင်ပါက အကောင်းဆုံး ဖြစ်မည်ဟု တက္ကဆီအသင်း Thai Public Taxi Association က ပြောကြားသည်။

တက္ကစီယာဉ်မောင်းများသည် အစိုးရအသစ်မှ သယ်ယူပို့ဆောင်ရေးဝန်ကြီးအသစ်အနေဖြင့်  လျှပ်စစ်ကားများဆီသို့ ကူးပြောင်းရာတွင် အထောက်အကူဖြစ်စေရန် မက်လုံးပေးအစီအစဉ်တစ်ခု စီစဉ်ပေးစေလိုကြောင်း အသင်းမှ ပြောကြားပါသည်။
  
အသင်းဥက္ကဋ္ဌ Sadit Jaitiang က အီးဗီ အသုံးပြုမှုကို မြှင့်တင်ခြင်းသည် မြို့တော်ရှိ ကာဗွန်ထုတ်လွှတ်မှုနှင့် ဖုန်မှုန့်ညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဟု ပြောကြားသည်။


အီးဗီမောင်းနှင်ရန် တက္ကစီယာဉ်မောင်းများကို တိုက်တွန်းအားပေးရန်အတွက် အသင်းအနေဖြင့် အီးဗီ တစီးစီအတွက် ဘတ် ၃ သိန်း ထောက်ပံ့ကြေး အပါအဝင် အခွန်လျှော့ချမှုများနှင့် ထောက်ပံ့မှုများကို လိုလားကြောင်း ၎င်းက ပြောကြားသည်။


သက်တမ်းကုန်နေသည့် တက္ကဆီကားများ ကားအသစ်ဖြင့် လဲလှယ်သည့်အခါ ဈေးသက်သာသည့် ဓာတ်ဆီကားများအစား ဈေးမြင့်သည့် အီးဗီများ ဝယ်ယူမည်ဆိုပါက ငွေကုန်ကြေးကျ ပိုများမည်။

Covid-19 ကပ်ရောဂါကာလအတွင်း တက္ကစီယာဉ်မောင်းအများစု စီးပွားရေး အဆင်မပြေမှုများကြုံတွေ့ခဲ့ရပြီး ယခုမှ ငွေရေးကြေးရေး ပြန်ပြေလည်စ ဖြစ်သဖြင့် မက်လုံးအစီအစဉ် မရဘဲ အီးဗီပြောင်းသုံးဖို့မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေမည်ဟု Mr Sadit က ပြောကြားသည်။

ပထမအဆင့်အနေဖြင့် အီးဗီ စီးရေ ၁ သောင်းခန့် လိုအပ်မည်။ အသင်းအနေဖြင့် 90 kilowatt နှင့် 120 kilowatt မော်ဒယ်များကို သုံးစွဲစေလိုသည်။ SME Development Bank က အတိုးနှုန်း နည်းနည်းဖြင့် ချေးငွေ စီစဉ်ပေးစေလိုသည်ဟု Mr Sadit က ပြောကြားသည်။
Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 264 times