ခရီးဝေးမောင်းနှင်နိုင်ရန် အကောင်းဆုံးကားများထဲမှ သုံးစီးကို တင်ပြပြီးပြီဖြစ်သည်။
ယခုတစ်ပတ်တွင် ခရီးဝေးမောင်းနှင်ရန် အကောင်းဆုံးကားများထဲမှ နောက်ထပ်သုံးစီးကို ထပ်မံတင်ပြလိုက်ပါသည်။
(၁) Lincoln MKS
Lincoln အမှတ်တံဆိပ်ကို စတင်ဈေးကွက်တင်ကတည်းမှ အရည်အသွေးကို အဓိကထားသော ကားကုမ္ပဏီ တစ်ခုဖြစ်ပါသည်။
Lincoln ၏နာမည်ကျော်အထင်ကရ ကားမိုဒယ်တစ်ခုဖြစ်သည့် MKS ဆီဒန်မှာ အတွင်းခန်းကို အကောင်းဆုံးမွမ်းမံထားသော အမေရိကန်ကားများထဲမှ တစ်စီးအပါအဝင်ဖြစ်သည်။
ယင်းကားသည်အရွယ်အစားပြည့် တံခါးလေးပေါက်ဆီဒန်ကား ဖြစ်ပြီး ခရီးဝေးအတွက် အသုံးပြုလို့ကောင်းပြီး အောက်ခံထည်ကောင်းကောင်းနှင့် ကားအတွင်းခန်းမှာခရီးဝေးသွားရန် သင့်လျော်ပါသည်။
ရှေ့ဘီးယက်စနစ်သုံး MKS မှာ မြင်းကောင်ရေ ၃၀၅ ကောင်အားV6 အင်ဂျင်တပ်ဆင်ပေးထားပြီး ဆီစားနှုန်းအနေဖြင့် အဝေးပြေးလမ်းတွင် တစ်ဂါလန်ကို ၂၈ မိုင်နှုန်းဖြစ်ပါသည်။
Lincoln MKS ဆီဒန်ကား၏ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၄၀၆၉၀ နှင့်အထက်သတ်မှတ်ပေးထားပြီး ပစ္စည်းထားသိုစရာနေရာမှာ ၁၉ ဒသမ ၂ ကုဗပေကျယ်ဝန်းပါသည်။
(၂) Nissan Maxima
သာမာန်မြေပြန့်လမ်းများထက် တောင်တက်လမ်းများတွင် အသုံးပြုလိုပါက Nissan Maxima ဆီဒန်ကားသည်ရွေးချယ်ရန်အသင့်တော်ဆုံးဖြစ်သည်။
ယင်းကားတွင် မြင်းကောင်ရေ ၂၉၀ အား V6 အင်ဂျင်တပ်ဆင်ထားပြီး ကိုယ်ထည်မှာလည်းခံညားလှပပါသည်။]
အရွယ်အစားပြည့် တံခါးလေးပေါက်ဇိမ်ခံဆီဒန်ကား Maxima မှာ မြန်နှုန်းမြင့် မောင်းနှင်ပါက တည်ငြိမ်စွာအသုံးပြုနိုင်ပြီး ကားအတွင်းခန်းမှာ အဆင့်မြင့်ဇိမ်ကျသကဲ့သို့ နည်းပညာမှာလည်းအသုံးပြုရန် လွယ်ကူပါသည်။
ကား၏ ဆီစားနှုန်းမှာ အဝေးပြေးလမ်းတွင် တစ်ဂါလန် ၂၆ မိုင်နှုန်းဖြစ်ပြီး ကားနောက်ဖုံးပစ္စည်းထားစရာ နေရာမှာ ၁၄ ဒသမ ၆ ကုဗပေကျယ်ဝန်းပါသည်။
ယင်းကားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၁၂၉၀ နှင့်အထက်ဖြစ်ပါသည်။
(၃) Vovo S80
ယင်းကားအမျိုးအစားသည် သက်သောင့်သက်သာအရှိဆုံးဖြစ်ပြီး ဆွီဒင်နိုင်ငံထုတ်ကားဖြစ်ပါသည်။
ကားအတွင်းခန်းမှာ အဆင့်မြင့်ဇိမ်ကျသည့် ကားအတွင်းခန်းပစ္စည်းအစုံအလင်ပါဝင်ပြီး S80 မှာ မြင်းကောင်ရေ ၂၄၀ အား Straight Six အင်ဂျင်ကို တပ်ဆင်ပေးထားပြီး ဆီစားနှုန်းမှာ အဝေးပြေးလမ်းတွင် တစ်ဂါလန် ၂၉ မိုင်နှုန်းဖြစ်ပါသည်။
ကား၏ ပစ္စည်းထားစရာနေရာမှာ ၁၄ ဒသမ ၉ ကုဗပေကျယ်ဝန်းပြီး ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၀၅၀၀ နှင့်အထက်ဖြစ်ပါသည်။