BMW X မိသားစုများထဲတွင် မော်ဒယ်အသစ်ဖြစ်ပြီး M Sport X Package ပုံစံနှင့် ပထမဆုံးထွက်ပေါ်လာသော ကားအမျိုးအစားမှာ The First – Ever BMW X2 သာဖြစ်ပါသည်။
လုံးဝကွဲပြားခြားနားသော ဒီဇိုင်းနှင့် ပြိုင်ကားတစ်စီးကဲ့သို့ တက်ကြွလတ်ဆတ်နေသောကြောင့် လူငယ်များ စိတ်ကြိုက်တွေ့စေမည်ဖြစ်ပါသည်။
အသစ်စက်စက် The First – Ever BMW X2 ၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၀၂,၈၀၀ မှ စတင်ပါသည်။ Prestige Automobiles Co.,Ltd မှ တင်သွင်းရောင်းချခြင်းဖြစ်ပြီး ဝယ်ယူသူများအနေဖြင့်
အာမခံသုံးနှစ်အထိ ရရှိပါမည်။
BMW X2 သည် 2.0L Twini Power Turbo Engine ကို အသုံးပြုထားသည့်အတွက် မြင့်မားသော စွမ်းဆောင်ရည်ရှိပါသည်။ ထိုကားသည် BMW X2 X Drive 20i Sport X ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ
၁၉၉၈ စီစီ ရှိပါသည်။ Steptronic ဂီယာရှစ်ချက်ပြောင်းလဲအသုံးပြုနိုင်သည်။ ဆလင်ဒါ လေးလုံးထိုးဓာတ်ဆီအင်ဂျင်ကို အသုံးပြုပါသည်။
BMW X2 S Drive 18i Msport X တွင် 1.5L Twin Power Turbo Engine ကို အသုံးပြုသည်။ အင်ဂျင်ပါဝါ ၁၄၉၉ စီစီရှိပြီး Steptronic Dual-clutch ဂီယာ ခုနစ်ချက်ပြောင်းလဲအသုံးပြုနိုင်သည်။
ဆလင်ဒါသုံးလုံးထိုး ဓာတ်ဆီအင်ဂျင်ဖြစ်ပါသည်။
BMW ၏ ရှဲလ်နှစ်ခုတွဲပုံစံ Kidney Grille များသည် အပေါ်အောက်ကျယ်ပြန့်လာသည့်ပုံစံရှိသော်လည်း BMW X2 တွင် Kidney Grille သည် သေးငယ်သွားပြီး ဘေးဖက်ကို ကျယ်ပြန့်သွားသည့်ပုံံစံဖြစ်လာပါသည်။
အတွင်းဘက်တွင်ရှိသော ဒေါင်လိုက် Grille Bars များကလည်း ခရိုမီယမ်အနားကွပ်များနှင့် လိုက်ဖက်ပါသည်။
Grille ၏ တစ်ဖက်စီတွင်ရှိသော ရှေ့မီးလုံး Headlight များက ပြိုင်ကားဆန်သော အသွင်ကို ဆောင်နေပါသည်။ Fog-lamp နှင်းခွဲမီးနှစ်လုံးနှင့် တွဲဖက်တပ်ဆင်ထားပါသည်။ Sixed-Eye Face ပုံစံကို
ဆက်လက်ထိန်းသိမ်းထားသည်။
လှပသော Wheel Arch နှင့်အတူ ပိုမိုလှပသော အလွိုင်းဝှီးများပါရှိပါသည်။ ကားနောက်မီးလုံးများကလည်း ပါဝင်လေ့ရှိသော T Shaped ပုံစံမှ L Shaped ပုံစံပြုလုပ်ထားပါသည်။ ရှေ့ခန်းထိုင်ခုံများသည် Elevated Position
အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါသည်။
ပြိုင်ကားအနေဖြင့် Sport mode ကို ရွေးချယ်မောင်းနှင်နိုင်သလို Eco-Pro Mode ကို ရွေးချယ်ပြီး ဇိမ်ကျကျမောင်းနှင်နိုင်သည်။ BMW ၏ နောက်ဆုံးပေါ် လုံခြုံစိတ်ချစေနိုင်သော နည်းပညာသစ်များ များစွာ
ထည့်သွင်းပေးထားသည့်အတွက်လည်း လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။
kumudra