ပတ်လည်အာရုံခံကိရိယာများနှင့် ကားပါကင်အလိုအလျောက်ထိုးနိုင်သည့် BMW X5


ဂျာမနီအခြေစိုက် BMW ကားကုမ္ပဏီက ထုတ်လုပ်တဲ့ BMW X5 Drive 35 i ကားအမျိုးအစားသည် ပတ်လည်အာရုံခံကင်မရာများ တပ်ဆင်ထားသည့်အတွက် အလိုအလျောက်ပါကင်ထိုးနိုင်သည်။

ယာဉ်မောင်းသူ၏ မျက်ကွယ်အရပ်က မြင်ကွင်းများကို တွေ့မြင်နိုင်သကဲ့သို့ အာရုံခံကိရိယာများကလည်း ယာဉ်၏ ပတ်လည်တွင် နီးကပ်လာသည့် အရာဝတ္တုများကို ကြိုတင်ထောက်လှမ်းနိုင်သည့်အတွက်

ပိုမိုလုံခြုံစိတ်ချစေသည့်အပြင် အလိုအလျောက်မောင်းနှင်နိုင်သည်။

အသစ်စက်စက် BMW X5 ၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၂၂၃,၈၀၀ ဝန်းကျင်မှ စတင်ပါသည်။ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်တွင် ဖွင့်လှစ်ထားသော BMW ကားအရောင်းပြခန်းတွင်

ဝယ်ယူနိုင်ပါသည်။ ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံရရှိမည်ဖြစ်ပါသည်။

အင်ဂျင်အနေဖြင့် 3.0 L ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး ဆလင်ဒါခြောက်လုံးထိုးဖြစ်သည့်အပြင် အော်တိုဂီယာရှစ်ချက်ပြောင်းလဲအသုံးပြုနိုင်ပါသည်။ ရပ်တည်နေရာမှ ၆.၅ စက္ကန့်အတွင်း တစ်နာရီ

ကီလိုမီတာ ၁၀၀ နှုန်းအထိ မြှင့်တင်နိုင်ပါသည်။

မြင်းကောင်ရေ ၃၀၆ ကောင်အားရှိပြီး လောင်စာဆီတစ်လီတာကို ၈.၁ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါသည်။

ကြီးမားကျယ်ပြန့်သော Kidney Grill နှစ်ခုနှင့်အတူ BMW X မိုဒယ်များ၏ Six-Eyed Face ဒီဇိုင်းကို ပိုမိုပေါ်လွင်ထင်ရှားစေသည်။ မျဉ်းပြိုင်နှစ်ခုကဲ့သို့ တိကျသပ်ရပ်သော Tailpipes နှစ်ခု၊ BMW ၏

သင်္ကေတဖြစ်သော LED L Shaped Taillight များ ပါဝင်ထည့်သွင်းပေးခြင်းက Luxury ဆန်သော ကားတစ်စီး၏ သွင်ပြင်ကို ထင်ဟပ်စေပါသည်။

စတီယာရင် အန်ဂယ်လ်၏ ရွေ့လျားမှုကို တောက်လျှောက်စောင့်ကြည့်နေပြီး ယာဉ်မောင်းသူအတွက် မြင်ကွင်းအရှင်းဆုံးနှင့် အန္တရာယ်အကင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်သော Adaptive Headlight

များ တပ်ဆင်ပေးထားသည်။

ယာဉ်မောင်းသူများအတွက် အထူးထုတ်လုပ်ပေးထားသော ဒီဇိုင်းဖြစ်ပြီး ကွန်ထရိုးယူနစ်များအားလုံးကို ယာဉ်မောင်းသူ၏ လက်တစ်ကမ်းအကွာတွင် ထည့်သွင်းပေးထားပါသည်။

Spot Mode မောင်းချင်တာလား၊ Comfort Mode ပုံစံနှင့် အဝေးပြေးလမ်းများတွင် မောင်းချင်တာလာ၊ BMW X5 က ဘယ်လိုပုံစံမျိုးမဆို လိုလျောညီထွေဖြစ်အောင် အသေးစိတ်တီထွင်ဖန်တီးထားသည်။

အတွင်းခန်း၏ အပူချိန်ကို လျှော့ချထိန်းညှိပေးမည့် Automatic Air Conditioning system ပါရှိသည်။

အဆင့်မြင့် Infortaiment စနစ်ပါရှိပြီး ဘလူးတုသ်၊ ယူအက်စ်ဘီ၊ လက်ကိုင်ဖုန်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ ယာဉ်မောင်းနှင်နေစဉ် စိတ်အာရုံထွေပြားစေခြင်းမျိုးမဖြစ်စေရန် အသံနှင့်အမိန့်ပေးပြီး ဖန်ရှင်များ

ရွေးချယ်နိုင်သည့်စနစ် ပါရှိပါသည်။ BMW ၏ လုံခြုံစိတ်ချစေသော ခေတ်မီနည်းပညာများစွာ ထည့်သွင်းပေးထားပါသည်။

kumudra

Read 637 times