ကမ္ဘာကျော် Bugatti ၏ တတိယမြောက် Super Car ဖြစ်သည့် Divo Model ထွက်ရှှိလာပြီး ၎င်းသည် (စတာလင်ပေါင် ငါးသန်း)ခန့် တန်ကြေးရှိကာ အယောက် ၄၀ ခန့် Pre Order အနေဖြင့် ကြိုတင်မှာယူထားသည့် ကားလည်းဖြစ်ပါတယ်။
Bugatti Divo သည် Chiron Model အား အခြေခံကာ ဖန်တီးထားပြီး Chiron ထက် ( ၇၇ ပေါင် ) ပိုှိ၍ ပေါ့ပါးပါတယ်။
၎င်းတွင် အထူးစွမ်းဆောင်ရည်ရှိသည့် (8 .0 L W 12 Engine ) ကို ထည့်သွင်းထားမည်ဖြစ်ပြီး ( Max ၊ Speed ) သည် ( 236 mph ) ဖြစ်ပါတယ်။
ယနေ့မှစ၍ Bugatti အနေဖြင့် အကောင်းဆုံးစွမ်းဆောင်ရည် ၊ တိကျသည့် စွမ်းရည်ထုတ်လုပ်မှုနှင့် နောက်ဆုံးပေါ်နည်းပညာ ပါဝင်မှုများကို အချိုးညီညီ ပေါင်းစပ်ထားသည့် ကားများသာ ဖန်တီးမည်ဟု Bugatti ၏ ဥက္ကဋ္ဌဖြစ်သူ Mr Stephan Windelmann မှပြောကြားခဲ့ပါတယ်။
Divo Model အား အချိုးအကွေ့များစွာဖြင့် ဖန်တီးထားပြီး ကြီးမားကျယ်ပြန့်သည့် ကားအရှေ့ဖက် Spoiler များသည် သာမန်ထက်ပိုသည့် လေခွင်းအားကို ထောက်ပံ့ ကူညီပေးမည်ဖြစ်၍ ယခင် Model များထက် ၂၃ ℅ ပိုှိ၍ ကျယ်ပြန့်သည့် အနောက်ဖက် Spoiler များသည် အလိုလျှောက်ချိန်ညှိနိုင်၍ ကားပြိုင်မောင်းရာတွင် အကောင်းဆုံးအနေအထား ရှိပါတယ်။
Aerodynamic Body ဒီဇိုင်းကိုလည်း အထူးဆန်းသစ်ထားပြီး အင်ဂျင်နှင့် ဘရိတ်စနစ်ဆီသို့ အအေးခံခြင်းများကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။
ပေါ့ပါးသောအလွိုင်းဘီးများ ၊ Carbon Fiber အကာများသည် အသံဆူညံသံများအား လုံးဝလျှောချပေးပါတယ်။
Divo ၏ Performance သည် Chiron Models ထက် ( ၈ စက္ကန့် ) ပို၍ လျှင်မြန်ပါတယ်။
Veyron နှင့် Chiron Model များကဲ့သို့ Divo သည်လည်း လူနာမည်ဖြစ်ပြီး (1920 ) ပြည့်နှစ်များတွင် ကျင်းပခဲ့သည့် Targa Florio ကားပြိုင်ပွဲများတွင် ရွှေတံဆိပ် ( ၂) ကြိမ်တိတိဆွတ်ခူးခဲ့သည့် Mr Albert Diuo အား ဂုဏ်ပြုထားတာဖြစ်ပါတယ်။