BYD ၃ သန်းပြည့် စွမ်းအင်သစ်ကား အမျိုးသမီး ဘောလုံးအားကစားသမား ရရှိ


BYD ၃ သန်းပြည့် စွမ်းအင်သစ်ကား အမျိုးသမီး ဘောလုံးအားကစားသမား ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

BYD ၏ စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle NEV ထုတ်လုပ်မှုခရီးသည် အလွန်စိတ်ဝင်စားစရာကောင်းပြီး ၎င်း၏ထုတ်လုပ်မှုအဆင့်မြှင့်တင်မှု အတိုင်းအတာကို မြင်သာစေပါသည်။


ထုတ်လုပ်စီးရေ ၃ သန်းပြည့် စွမ်းအင်သစ်ကား ထုတ်လုပ်သည့်အဖြစ်ဆီသို့ ရောက်ရှိဖို့ ၁၃ နှစ်တိုင်တိုင် ခရီးနှင်ခဲ့ရပါသည်။ ထုတ်လုပ်စီးရေ ၁ သန်းပြည့်မှ ၃ သန်းပြည့်ရန် ၁၈ လမျှသာ ကြာမြင့်ခဲ့ပါသည်။ ထုတ်လုပ်စီးရေ  ၂ သန်းပြည့်မှ ၃ သန်းပြည့်ရန် ၆ လမျှသာ ကြာမြင့်ခဲ့ပါသည်။ 

ထုတ်လုပ်စီးရေ ၃ သန်းပြည့်ကားမှာ အများက ထင်ကြေးပေးထားကြသည့်အတိုင်း လျှပ်စစ်ကားစစ်စစ် ဆီဒင် BYD Seal ဖြစ်ပါသည်။ 

BYD က စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) ထုတ်လုပ်မှု စီးရေ ၃ သန်းပြည့် အခမ်းအနားကို ရှန်ကျန်းမြို့မှ ရုံးချုပ်မှာ ကျင်းပခဲ့ပါသည်။
၎င်း BYD Seal ကို ကုမ္ပဏီက အမျိုးသမီး ဘောလုံးအားကစားသမား Wang Shuang ကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။ 

၂၀၂၂ အောက်တိုဘာလတွင် BYD က NEV စီးရေ ၂၁၇,၀၀၀ ထုတ်လုပ်ခဲ့ပြီး ဘက်ထရီသုံး လျှပ်စစ်ကား battery electric vehicle (BEV) စီးရေ ၁၀၃,၀၀၀ ပါဝင်ပါသည်။ BYD Dolphin, Seal နှင့် Atto 3 မော်ဒယ်များ ပါဝင်ပါသည်။ 
Source thedriver

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 275 times