BYD Atto 3 ကြိုတင်အမှာစာ စတင်လက်ခံ၊ စိတ်ဝင်စားသူ များပြား


BYD Atto 3 ကြိုတင်အမှာစာ စတင်လက်ခံ၊ စိတ်ဝင်စားသူ များပြား

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

ထိုင်းနိုင်ငံတွင် အင်္ဂါနေ့(နိုဝင်ဘာ ၁)မှာ BYD Atto 3 အတွက် ကြိုတင်အမှာစာများ စတင်လက်ခံခဲ့ရာ စိတ်ဝင်စားသူများ နံနက်အစောပိုင်းကတည်းက  အများအပြားလာရောက်ခဲ့ကြပါတယ်။
ကြိုတင်မှာကြားသူများ၊ အစမ်းမောင်းကြည့်သူများ များပြားခဲ့ပါတယ်။


တရုတ်ပြည်ဖြစ် လျှပ်စစ်ကားစစ်စစ် BYD Atto 3 ကို ဘတ် ၁.၉၉၉ သန်းဖြင့် ဈေးဖွင့်ပါတယ်။ 
ယခုနှစ်အတွင်း စီးရေ ၅,၀၀၀ ထိုင်းဈေးကွက်မှာ ရောင်းချပေးမယ်လို့ BYD ရဲ့ ထိုင်းနိုင်ငံ တစ်ဦးတည်း အရောင်းကိုယ်စားလှယ်ဖြစ်တဲ့ Rever Automotive Co, က ပြောကြားပါတယ်။ အရောင်းပြခန်း ၃၂ ခုအထိ ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။ 

 


BYD က ထိုင်းဈေးကွက် BYD Atto 3 ဖြင့် ပထမဆုံးအကြိမ် စတင်ဝင်ရောက်တာဖြစ်ပြီး အထူး ပရိုမိုရှင်းများ ပေးထားပါတယ်။
တစ်နှစ်လျှင် အတိုးနှုန်း ၁.၆၈% ဖြင့် ၄၈ လ အရစ်ကျ ပေးသွင်းနိုင်ပါတယ်။
ပထမတန်းစား ကားအာမခံ ပရီမီယံကြေး တစ်နှစ်အခမဲ့ ပေးပါတယ်။


ကားနှင့် ဘက်ထရီအတွက် ၈ နှစ် သို့မဟုတ် 160,000km အာမခံ ပေးပါတယ်။ ၈ နှစ်အတွင်း ပြုပြင်ထိန်းသိမ်းမှု အခမဲ့၊ အရေးပေါ်အကူအညီ အခမဲ့၊ ဘက်ထရီအားသွင်း အခမဲ့ ပေးအပ်ပါတယ်။
ထိုင်းအစိုးရ အီးဗီမက်လုံးအစီအစဉ်အရ ၂၀၂၂ မှ ၂၀၂၅ အထိ ကာလအတွင်း အီးဗီဝယ်ယူသူတိုင်းကို အနည်းနှင့်အများ ထောက်ပံ့ကြေး ပေးပါတယ်။ BYD Atto 3 ဝယ်ယူသူတိုင်း အစိုးရ အီးဗီမက်လုံး ဘန် ၂ သိန်းကျော် ရရှိကြမှာဖြစ်ပြီး ကားတန်ဖိုးမှာ ခုနှိမ်ပေးသွားမှာ ဖြစ်ပါတယ်။
ထိုင်ခုံငါးလုံးပါ လျှပ်စစ် SUV ဟာ ချောမွေ့သော အပြင်ပိုင်းဒီဇိုင်းနှင့် နည်းပညာမြင့်အတွင်းပိုင်းအပြင် 60.48kWh အမြင့် နိမ့်တဲ့ BYD Blade Battery (LFP) သုံးထားပါတယ်။
ခရီးတာ ၄၈၀ ကီလိုမီတာအထိ သွားနိုင်ပါတယ်။

မျက်နှာဒီဇိုင်းက နဂါးမျက်နှာ Dragon Face ဖြစ်ပြီး LED မီးသီးဖြင့် စတိုင်ထုတ်ပေးထားပါတယ်။

 

cruise control ၊ Stop and Go ၊ Lane Keeping Assist ၊ Lane Departure Warning ၊ 360-degree displays နှင့် airbag ခုနစ်ခုတို့ ပါရှိပါသည်။

 လျှပ်စစ်မော်တာက ပါဝါ 201hp နှင့် ရုန်းအား 310Nm အထိ ပေးနိုင်ပါတယ်။ 0-100kph ကို ၇.၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။
အားသွင်းဖို့ AC Type 2 နှင့် 80kW DC-CCS 2 ၂ မျိုး သုံးနိုင်ပါတယ်။

 


Source The Nation, Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Read 2913 times