BYD က brand အသစ်ဖြင့် လမ်းကြမ်းမောင်း ပရီမီယံလျှပ်စစ်ကား  ၂၀၂၃ တွင် ထုတ်လုပ်မည်


BYD က brand အသစ်ဖြင့် လမ်းကြမ်းမောင်း ပရီမီယံလျှပ်စစ်ကား  ၂၀၂၃ တွင် ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD သည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ပရီမီယံ brand အသစ် တစ်ခုကို မိတ်ဆက်မည်ဟု ပြောကြားခဲ့ပါသည်။ ပရီမီယံ brand အသစ် အမည်မှာ Yangwang ဖြစ်ပြီး လမ်းကြမ်း မောင်းနှင်နိုင်သည့်  အမျိုးအစား ဖြစ်သည်။
BYD အနေဖြင့် လမ်းကြမ်း off-road မောင်းနှင်နိုင်သည့် မော်တော်ယာဉ် အမျိုးအစားကို ပထမဆုံးအကြိမ် ထုတ်လုပ်ခြင်း ဖြစ်ပါသည်။


.
အမှတ်တံဆိပ်သစ်ဖြင့် ထုတ်လုပ်ထားသော ကားများ၏ ဈေးနှုန်းမှာ ယွမ် ၈၀၀,၀၀၀ မှ ၁.၅ သန်း (ဒေါ်လာ ၁၁၀,၂၈၇ မှ ၂၀၆,၇၆၃) ကြား ဖြစ်မည်ဟု BYD က ပြောကြားသည်။
.
လျှပ်စစ်နှင့် plug-in hybrid  နှစ်မျိုးစလုံးကို ထုတ်လုပ်သည့် BYD သည် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ပြည်တွင်း ကားဈေးကွက်တွင် ယခုနှစ် ပထမ ၁၀ လအတွင်း စီးရေ ၁.၄ သန်း ရောင်းချခဲ့ပြီး လျှပ်စစ်ကားရောင်းချရမှုတွင် ထိပ်ဆုံးမှ ရပ်တည်နေပါသည်။
Source Reuters 
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3061 times