BYD သည် ၂၀၂၂ ခုနှစ်တွင် လျှပ်စစ် Semi ထရပ် အစီးရေ ၁၂၀ ပေးပို့မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla က Semi ထရပ်များကို စတင်ပေးပို့တော့မည်ဟု ကြေညာပြီး ၃ ရက်အကြာတွင် BYD ကလည်း လျှပ်စစ် semi ထရပ်ကားများကို စတင်ပေးပို့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အမှာစာ ပေးပို့ထားသည့် ကုမ္ပဏီတစ်ခုအတွက် ဆီမီးထရပ် အစီး ၁၂၀ ကို ယခုနှစ် ၂၀၂၂ တွင် ထုတ်လုပ်ပေးပို့မယ်လို့ ဆိုပါတယ်။
လျှပ်စစ် semi truck (semitrailer tractor) မော်ဒယ်အမည်မှာ Q3MA ဖြစ်ပြီး မက္ကဆီကို နိုင်ငံရှိ BYD Mexico မှ ကြိုတင်မှာကြားထားသည့် လုပ်ငန်း Marva ထံသို့ ပထမအသုတ် ၅ စီးကို ပေးအပ်ခဲ့ပါတယ်။
Marva ဟာ မက္ကဆီနိုင်ငံ Puebla မြို့ အခြေစိုက်လုပ်ငန်း ဖြစ်ပါတယ်။
Q3MA က ကုန်အလေးချိန် ၃၅ တန်အထိ ပို့ဆောင်ပေးနိုင်ပါတယ်။ ခရီးတိုနှင့် အလယ်အလတ်ခရီးတို့အတွက် သုံးစွဲနိုင်ပြီး ဆိပ်ကမ်းများ၊ မြို့တွင်း ပို့ဆောင်ရေး၊ စက်မှုဇုန်အတွင်း ပို့ဆောင်ရေးတို့အတွက် ရည်ရွယ်ထားပါတယ်။
Source cleantechnica