BYD က ရှောင်းရှင်ကားဘက်ထရီစက်ရုံအသစ်အကြောင်း ထုတ်ပြန်ကြေညာ
တရုတ်လျှပ်စစ်ကားနှင့် လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ထုတ်လုပ်ရေးကုမ္ပဏီ BYD က ဂျူဂျင်း ပြည်နယ် ရှောင်းရှင်မှာ တည်ဆောက်ထားတဲ့ စွမ်းအင်ဘက်ထရီထုတ်လုပ်မှု အခြေစိုက်စခန်းအသစ်အကြောင်း အင်္ဂါနေ့ (ဇွန် ၁၄ ရက်)မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဘက်ထရီစက်ရုံ စီမံကိန်း၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁၃ ဘီလီယံ (ဒေါ်လာ ၁.၉၃ ဘီလီယံခန့်) ရှိပြီး ဧရိယာ ၁.၂ စတုရန်းကီလိုမီတာ ခန့် ရှိပါတယ်။ ခန့်မှန်းခြေ နှစ်စဉ်ထွက်ရှိမည့် တန်ဖိုးမှာ ယွမ် ၂၀ ဘီလီယံ ကျော်လွန်မယ်လို့ ခန့်မှန်းထားပါတယ်။
BYD ရဲ့ အကြီးအကဲ ဥက္ကဋ္ဌ ဝမ်ချွမ်ဖူ က ဘက်ထရီစက်ရုံ တည်ဆောက်တဲ့ စီမံကိန်းကာလ ၁၀ လသာ ကြာမြင့်ခဲ့ပြီး စတင်ထုတ်လုပ်တဲ့အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ပြောကြားပါတယ်။
စီမံကိန်းက ဂျူဂျင်း ပြည်နယ်မှာ BYD အဖို့ ရင်းနီးမြှုပ်နှံမှု အကြီးမားဆုံးဖြစ်ပြီး ထုတ်ကုန်တန်ဖိုးလည်း အများဆုံးဖြစ်ကြောင်း ဝမ်ချွမ်ဖူက ပြောကြားပါတယ်။
ရင်းနှီးမြှုပ်နှံမှု ပထမအရစ် ယွမ် ၇ ဘီလျံမှာ ယွမ် ၆ ဘီလျံကို BYD ရဲ့ နာမည်ကြီးလျှပ်စစ်ကားသုံးဘက်ထရီ ဖြစ်တဲ့ ဘလိတ်ဘက်ထရီများ ထုတ်လုပ်ရန်အတွက် သုံးစွဲပါတယ်။ ဘက်ထရီစက်ရုံက တစ်နှစ်လျှင် စုစုပေါင်းလိုက်ရင် 15GWh နှင့် ညီမျှတဲ့ ဘက်ထရီအရေတွက်ကို ထုတ်လုပ်ပါမယ်။
၂၀၂၀ မှာ BYD က ၎င်းရဲ့ ဘက်ထရီလုပ်ငန်းများကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းစည်းပြီး လက်အောက်ခံ ဘက်ထရီလုပ်ငန်း FinDreams Battery ကို ထူထောင်ပါတယ်။
ယခုနှစ်မှာ မော်တော်ယာဉ်လုပ်ငန်းFAWနှင့် BYD တို့ ဖက်စပ်လုပ်ငန်း FAW Fudi New Energy Technology Co., Ltd ကို ထူထောင်ပါတယ်။
FAW က ၄၉% ၊ BYD က ၅၁% ပါဝင်ပြီး အရင်းအနှီးက ယွမ် ၁၃.၅ ဘီလျံ ဖြစ်ပါတယ်။
FAW Fudi New Energy Technology Co., Ltd ကလည်း လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီများ ထုတ်လုပ်မှာဖြစ်ပြီး တစ်နှစ်လျှင် ကားစီးရေ ၆၀၀,၀၀၀ အတွက် ဘက်ထရီများ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ BYD ရဲ့ကြေညာချက်မှာ ကုမ္ပဏီမှ ထုတ်ရောင်းထားတဲ့ ရှယ်ယာများကို ကုမ္ပဏီက ပြန်ဝယ်ယူတာ ပြီးဆုံးပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ပြန်ဝယ်လိုက်တဲ့ ရှယ်ယာများကို ဝန်ထမ်းများအား အခမဲ့ (ရောင်းဈေး သုညယွမ်) ပေးအပ်ပြီး ရှယ်ယာပိုင်ရှင်များ အဖြစ်သို့ ရောက်ရှိစေမယ့် အစီအစဉ်ကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ရှယ်ယာများ ပိုင်ဆိုင်ခွင့် ရဖို့ သတ်မှတ်ချက်များနှင့် ပြည့်မီတဲ့ ဝန်ထမ်းစုစုပေါင်း ၁၂,၀၀၀ ကျော်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဝန်ထမ်းကိုယ်စားလှယ်ကြီးကြပ်ရေးမှူးများ၊ အကြီးတန်းမန်နေဂျာများ၊ အလယ်တန်းမန်နေဂျာများနှင့် BYD အဓိကကျောရိုးဝန်ထမ်းများ ပါဝင်ပါတယ်။
#MyanmarAutomobileGuide