BYD ရဲ့ အထင်ကရ Han ဆီဒင် စီးရေ ၂ သိန်းမြောက် ထုတ်လုပ်
၂၀၂၂ မေလ ၁ ရက်မှာ BYD ရဲ့ အထင်ကရ Han ဆီဒင် စီးရေ ၂ သိန်းမြောက် ထုတ်လုပ်ရေးလိုင်းမှ လှိမ့်ထွက်လာပါတယ်။
တရုတ်နိုင်ငံရှိ စွမ်းအင်သစ်မော်တော်ယာဉ် new energy vehicle (NEV) ထုတ်လုပ်သူများအကြား စီးရေအရ အကြီးမားဆုံး ဖြစ်သော BYD အဖို့ စီးရေ ၂ သိန်း မိုင်တိုင်ကို ကျော်လွန်နဲ့ မှတ်တမ်းဝင်နေ့ ဖြစ်ပါတယ်။
တရုတ် brand ဆီဒင်တွေထဲမှာ ယွမ် ၂၀၀,၀၀၀ ($30,300) အထက် ကားမော်ဒယ်များတွင် Han မော်ဒယ်အုပ်စုဝင် ကားမော်ဒယ်က ၂ သိန်း မိုင်တိုင်ကို အဦးဆုံး ကျော်ဖြတ်နိုင်ခဲ့တာလည်း။ဖြစ်ပါတယ်။
BYD Han ကို ၂၀၂၀ ဇူလိုင်လမှာ စတင်ရောင်းချခဲ့ပါတယ်။ လျှပ်စစ်ကားစစ်စစ် Han EV နှင့် ပလပ်ထိုး ဟိုင်းဘရစ် Han DM မော်ဒယ် ၂ မျိုး ထုတ်လုပ်ရောင်းချပါတယ်။
၂၀၂၂ ဧပြီလမှာ Han မော်ဒယ်မှာ မိသားစုဝင် ထပ်တိုးပါတယ်။ BYD က Han DM-i နှင့် Han DM-p မော်ဒယ် ၂ မျိုး စတင်ရောင်းချပါတယ်။
၂၀၂၂ မှာ Han မော်ဒယ်မိသားစုဝင် ကားများ ၁၂,၃၉၅ စီး ရောင်းချခဲ့ပါတယ်။
Han မော်ဒယ် စတင်ရောင်းချခဲ့ချိန်မှ စ၍ ၂၀၂၂ မတ်လကုန်အထိ Han မော်ဒယ်မိသားစုဝင် ကားများ စုစုပေါင်း ၁၉၂,၆၅၀ စီး ရောင်းချခဲ့ပါတယ်။
BYD က Han EV founding edition နှင့် Han EV green limited edition တို့ကို မူကွဲ ၂ မျိုးအဖြစ် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
စတင်ဈေးဖွင့်ရောင်းချပြီး ၆ နာရီအကြာမှာ မှာကြားဝယ်ယူစီးရေ ၄၈,၁၃၆ ရောင်းချခဲ့ရကြောင်း BYD က ပြောကြားပါတယ်။