BYD က Tesla အီးဗီများအတွက် ဘက်ထရီများ စတင်ထုတ်လုပ်ပေးတော့မည်ဟု ပြောကြား
နိုင်ငံပိုင် မီဒီယာ ချဲနယ်တစ်ခုနှင့် အင်တာဗျူးမှာ BYD ရဲ့ မော်တော်ယာဉ်အင်ဂျင်နီယာ သုတေသန အင်စတီကျုမှ အမှုဆောင်တွဲဘက်ဉက္ကဋ္ဌ ဖြစ်သူ Lian Yubo ကို သူ့အနေဖြင့် Tesla ကို ပြိုင်ဘက် အီးဗီ ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုအဖြစ် ရှုမြင်ပါသလားလို့ မေးမြန်းခဲ့ပါတယ်။
သူက "Tesla က ဘာပဲပြောပြော အရမ်းအောင်မြင်နေတဲ့ ကုမ္ပဏီ တစ်ခုပါ။ BYD က Tesla ကို လေးစားပါတယ်။ Tesla ကို ကျွန်တော်တို့ အားကျတယ်။
ကျွန်တော်တို့နှင့် Elon Musk နှတို့က မိတ်ကောင်းဆွေမွန်တွေပါ။ ကျွန်တော်တို့က များမကြာခင်မှာ သူ့ကို ဘက်ထရီတွေ ပေးသွင်းတော့မှာပါ။ သူနဲ့ ကျွန်တော်တို့က မိတ်ဆွေတွေပါ' လို့ ဖြေကြားပါတယ်။
ပြီးခဲ့တဲ့ နှစ်မှာ BYD ရဲ့နာမည်ကျော် “blade battery” အသစ် ကို Tesla က စမ်းသပ်ခဲ့ပါတယ်။ BYD ကို ဘက်ထရီ ပေးသွင်းသူအဖြစ် လက်တွဲဖို့ ရည်ရွယ်ပါတယ်။
တရုတ်ပြည်အခြေစိုက် BYD က လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ အမျိုးအမည်သစ် “blade battery" ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။
ဘလိတ်ဘက်ထရီက LFP (lithium ferrophosphate) သုံးစွဲထားပြီး ပုံပန်းသဏ္ဍာန်က ဘလိတ်ယက်ပြားနှင့် ဆင်ဆင်တူလို့ ဘလိတ်ဘက်ထရီလို့ အမည်တွင်ပါတယ်။ စွမ်းအင်သိပ်သည်းမှု ပိုကောင်းတယ်။ မီးဘေး အပါအဝင် ဘေးကင်းရေးအတွက် ပိုစိတ်ချရတယ်။ ဘက်ထရီ မျက်နှာပြင် အပူချိန် 30 ~ 60°C အတွင်းမှာသာ ရှိတယ်။ အပူကျွမ်းပြီး မီးခိုးအူတာမျိုး မရှိဘူးလို့ BYD က ဆိုပါတယ်။
Tesla လျှပ်စစ်ကားတွေအတွက် ဘလိတ်ဘက်ထရီတွေကို ၂၀၂၂ အတွင်းမှာ BYD က စတင်ပေးသွင်းသွားမယ်လို့ ဆိုပါတယ်။
#MyanmarAutomobileGuide