BYD နှင့် Toyota ပူးပေါင်းထုတ်လုပ်မည့် လျှပ်စစ် Corolla ဒီဇိုင်း မူပိုင်ခွင့် မှတ်ပုံတင်
Toyota Motor Corp. က အီးဗီနည်းပညာပိုင်းတွင် Toyota ထက် ရှေ့ကို ရောက်နေသော တရုတ်ကားလုပ်ငန်း BYD နှင့် စီးပွားဘက်ပြုကာ အီးဗီများ ထုတ်လုပ်မည့်အကြောင်းကို Myanmar Automobile Guide မှာ ဖော်ပြခဲ့ဖူးပါတယ်။ See More
တရုတ်မီဒီယာများမှာ ဖော်ပြတဲ့သတင်းများအရ Toyota ရဲ့ လျှပ်စစ် Corolla အတွက် မော်ဒယ်အမည်က bZ5 ဖြစ်ပါတယ်။
ကိုယ်ထည်အလျားက SUV မော်ဒယ်က 4.69 meters (184.7 လက်မ) ဖြစ်ပြီး ဆီဒင်က 4.73 m (186.2 လက်မ) ဖြစ်ပါတယ်။ SUV ထက် ဆီဒင်က ယောင်ယောင်လေး ပိုရှည်ပါတယ်။
ရှေ့ဘီးနောက်ဘီး ကြားအကွာ wheelbase က အတူတူနီးပါး ဖြစ်ကြပါတယ်။
SUV မော်ဒယ်က 2.86 m (112.6 လက်မ) ဖြစ်ပြီး ဆီဒင်က 2.88 m (113.4 လက်မ) ဖြစ်ပါတယ်။
အကျယ်မှာတော့ SUV က ပိုကျယ်ပါတယ်။ 1.86 m (73.2 လက်မ) ကျယ်ပါတယ်။ ဆီဒင်က 1.84 m (72.4 လက်မ) ကျယ်ပါတယ်။
အမြင့်မှာလည်း SUV က ပိုမြင့်ပါတယ်။ 1.65 m (65 လက်မ) မြင့်ပါတယ်။ ဆီဒင်က 1.48 m (58.3 လက်မ) မြင့်ပါတယ်။
အမြန်ဆုံး မောင်းနိုင်မယ့် အမြန်နှုန်းက တစ်နာရီ ကီလိုမီတာ ၁၅၀ (မိုင် ၉၃.၂) ဖြစ်ပါတယ်။
ဘက်ထရီကြောင့် အလေးချိန် စီးပါတယ်။ ယာဉ်အလေးချိန် 2,215 kilograms (4,883 pounds) ရှိပါတယ်။
CarNewsChina မှာ ဖော်ပြတဲ့သတင်းအရ မူပိုင်ခွင့် မှတ်ပုံတင်မှာ ဖော်ပြထားတဲ့ ပုံများအတိုင်း အပြင်မှာလည်း အဲဒီအဆင့်အထိပဲ ရောက်သေးတယ်လို့ ဆိုပါတယ်။ အပြီးသတ်အထိ ဖွံ့ဖြိုးဖို့ လိုနေပါသေးတယ်။
#MyanmarAutomobileGuide
Telegram Channel
https://t.me/Guid4U
MAG