BYD က အမြင့်တန်း ပရီမီယံကားမော်ဒယ်များ ပြသ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူ BYD က Mercedes နှင့် BMW တို့ ရှိနေတဲ့ အမြင့်တန်းကို လှမ်းတက်လိုက်ပါပြီ။
တရုတ်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်သူ BYD သည် ၎င်း၏ ဇိမ်ခံအမှတ်တံဆိပ် luxury brand အသစ်မှ ပထမဆုံး မော်ဒယ်များကို ကြာသပတေးနေ့(ဇန်-၅) တွင် ထုတ်ဖော်ပြသခဲ့သည်။
Mercedes-Benz နှင့် BMW ကဲ့သို့သော အစဉ်အလာကြီးမားတဲ့ ကားလုပ်ငန်းများရဲ့ အမြင့်တန်း ပရီမီယံကားဈေးကွက်ထဲသို့ မောင်းဝင်လိုက်တာ ဖြစ်ပါတယ်။
Yangwang U8 SUV နှင့် Yangwang U9 အိမ်စီးပြိုင်ကား တို့ကို ပွဲထုတ်ပြသခဲ့ပါတယ်။
BYD က အင်ဂျင်သုံး ကားမော်ဒယ် ထုတ်လုပ်မှုများ အပြီးအပိုင် ရပ်လိုက်ပြီး လျှပ်စစ်ကားများနှင့် ဘက်ထရီ-အင်ဂျင်သုံး ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်ကားများဖြင့်သာ ပင်လယ်ရပ်ခြားဈေးကွက်များထဲ မောင်းဝင်နေပါတယ်။
BYD က ပရီမီယံကားမော်ဒယ်များကို brand အသစ် Yangwang ဖြင့် ထုတ်လုပ်သွားမှာ ဖြစ်ပြီး ပွဲဦးထွက်အဖြစ် U9 စူပါကား အိမ်စီးပြိုင်ကားနှင့်
U8 SUV စည်းစိမ်ကား မော်ဒယ် ၂ မျိုးကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Yangwang ကားမော်ဒယ်တွေက ကားအတွက် ငွေကြေးအပုိအလျှံတတ်နိုင်သူများကို ရည်ရွယ်ထားပါတယ်။
အွန်လိုင်းပြသမှုဖြင့် တင်ဆက်ခဲ့ရာမှာ မော်ဒယ် U8 က ပလပ်ထိုး ဟိုက်ဘရစ် လမ်းကြမ်းမောင်း SUV ဖြစ်ပါတယ်။ U9 က လျှပ်စစ် စူပါကား အိမ်စီးပြိုင်ကား ဖြစ်ပါတယ်။
"Yangwang အမှတ်တံဆိပ်အနေဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချထားပါတယ်။ သုံးစွဲသူများအား ဘေးကင်းမှု၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံများကို အမြင့်ဆုံးအဆင့်အထိ ပေးအပ်သွားပါမယ်" လို့ BYD ဥက္ကဋ္ဌ Wang Chuanfu က အွန်လိုင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
U8 တွင် ဘီး၄ဘီးကို တစ်ဘီးစီ သီးခြားမော်တာတစ်လုံးစီ ထည့်ပေးထားပြီး တစ်ဘီးစီကို တသီးတခြားစီ ထိန်းချုပ်နိုင်တဲ့ နည်းပညာ သုံးထားခြင်းဖြင့် ဘေးကင်းစေရေးနှင့် တည်ငြိမ်မှုတို့ တိုးမြှင့်ပေးပါတယ်။
လောလောဆယ်မှာ ရောင်းဈေးများကို မကြေညာသေးပါ။ သို့သော် Yangwang ရဲ့ မော်ဒယ်တွေဟာ အမြင့်တန်းမော်ဒယ်တွေ ဖြစ်ပြီး ဈေးနှုန်းက ယွမ် ၈ သိန်းအထက်မှာ ရှိမယ်။ ယွမ် ၁ သန်းခွဲအထိ ဖြစ်နိုင်တယ် ($116,000 ~ $217,000)လို့ အရင်တုန်းက BYD ပြောခဲ့ဖူးပါတယ်။
စစချင်းမှာ တရုတ်ပြည်တွင်း ဈေးကွက်အတွက်သာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ပေကျင်းနှင့် ရှန်ဟိုင်း အပါအဝင် မြို့ကြီး ၆ မြို့မှာ အရောင်းပြခန်းများ ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။
ယခုအခါ ဈေးကွက်ထဲ ရောင်းချနေတဲ့ BYD လျှပ်စစ်ကားမော်ဒယ်များနှင့် ဟိုက်ဘရစ်ကားမော်ဒယ်များ အများစုရဲ့ ရောင်းဈေးက ယွမ် ၁ သိန်းမှ ၂ သိန်းအထိ ဖြစ်ပါတယ်။ အလယ်အလတ်တန်း ဝင်ငွေရှိသူများ ဝယ်စီးဖို့ တတ်နိုင်တဲ့ ဈေးနှုန်းအတိုင်းအတာ ဖြစ်ပါတယ်။
Source Asia nikkei