BYD ၏ ပရီမီယံကား Yangwang လိုဂို ထုတ်ဖော်ပြသ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
BYD ၏ ပရီမီယံကား Yangwang ထုတ်လုပ်မယ့်အကြောင်း လွန်ခဲ့သောတစ်လက တရားဝင် ကြေညာပြီးနောက် ယခုအခါ Yangwang အတွက် အမှတ်တံဆိပ် လိုဂိုကို ထုတ်ဖော်ပြသခဲ့ပါတယ်။
Yangwang အမှတ်တံဆိပ်လိုဂိုဟာ တရုတ်ရိုးရာ အရိုးကမ္ပည်းစာ "电" ကို လိုဂိုဒီဇိုင်း ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ၎င်းစာလုံးဟာ ယခုခေတ်အခါမှာ လျှပ်စစ်၊ ပါဝါ လို့ ဆိုလိုပါတယ်။
ရှေးလွန်လေပြီးသော နှစ်ပေါင်းများစွာ ဘီစီ နှစ် ထောင်စုနှစ် အနှောင်းပိုင်းမှာ အရိုးပေါ် ထွင်းပြီး ရေးသားခဲ့တဲ့ တရုပ်စာလုံး အရေးအသားကို ယခု ပြန်လည်ဖော်ထုတ် သုံးစွဲလိုက်တာ ဖြစ်ပါတယ်။ ၎င်းစာထွင်းအရိုးများကို ရှေ့ဖြစ်ဟောဖို့ သုံးစွဲခဲ့ကြပါတယ်။
Yangwang လိုဂို ပုံသဏ္ဌာန်ကို ဖော်ပြပါ ပုံမှာ ကြည့်ရှုနိုင်ပါတယ်။
လိုဂိုက "လျှပ်စစ်" နှင့် စွမ်းအင်သုံးယာဉ်အသစ်များ new energy vehicle (NEV) အတွက် နည်းပညာနှင့် ကုန်ထုတ်လိုင်းကို ကိုယ်စားပြုကြောင်း Yangwang က တရုတ်လူမှုဝဘ်ဆိုက် Weibo မှာ ရှင်းလင်းတင်ပြထားပါတယ်။
ရိုးရှင်းတဲ့ လိုင်းများဖြင့် ပုံဖော်ပေးထားတဲ့ ရုပ်ပုံစာက မိုးကောင်းကင်မှာ လျှပ်စီလက်နေတဲ့ပုံ ဖြစ်ပါတယ်။ ထုတ်ကုန်ရဲ့ အဆုံးစွန်သော စွမ်းဆောင်ရည်ကို ဆိုလိုပါတယ်။
လက်တံများ ဖြာထွက်နေတာဟာ အမှတ်တံဆိပ်က မသိသေးသော နယ်ပယ်မှာ မကြောက်မရွံ့ စူးစမ်းရှာဖွေမှုကို ဆိုလိုပါတယ်။
ရှေ့ဖြစ်ဟော အရိုးကမ္ပည်း ရုပ်ပုံစာတွင် “လျှပ်စစ်ဓာတ်” ဟူသော စကားလုံးသည် လျှပ်စစ်ကို လူ့ဘောင်အဖွဲ့အစည်း၏ နားလည်သဘောပေါက်မှုနှင့် စွမ်းအားကို စူးစမ်းရှာဖွေခြင်းတို့ကို လမ်းပွင့်သွားစေပြီး ခေတ်မီသိပ္ပံပညာ၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးပါတယ်။
လူ့ဘောင်အဖွဲ့အစည်းတွင် ပြင်းထန်သော အပြောင်းအလဲကို ဖြစ်စေခဲ့တယ်လို့ Yangwang ရဲ့ ပိုစတာမှာ ဆိုထားပါတယ်။
ယနေ့အချိန်အထိ "လျှပ်စစ်" သည် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကဇာတ်ဆောင်အဖြစ် ရှိနေဆဲဖြစ်ပြီး သိပ္ပံနှင့်နည်းပညာကို ပိုမိုမြင့်မားသောအတိုင်းအတာအထိ ဆက်လက်တွန်းအားပေးနေဆဲဖြစ်ကြောင်း Yangwang က ပြောကြားပါတယ်။
Yangwang အမှတ်တံဆိပ်သည် သတ္တိရှိရှိ ရဲ့ဝံ့စွာဖြင့် မကြောက်မရွံ့သော စိတ်ဓာတ်ဖြင့် လျှပ်စစ်ကားများ၏ နည်းပညာဆိုင်ရာ အထွတ်အထိပ်ကို ဆက်လက်စူးစမ်းသွားမည်ဖြစ်ကြောင်း ပိုစတာတွင် ဖော်ပြထားပါတယ်။
Yangwang အမှတ်တံဆိပ်သည် "လျှပ်စစ်ဓာတ်အား" အပေါ် အတွေးသစ် အမြင်သစ် စိတ်ကူးအသစ်များ ပေးအပ်ပါမယ်။ "လျှပ်စစ်ဓာတ်အား" ဖြင့် သုံးစွဲသူများအား မကြုံစဖူးသော ဘေးကင်းမှု၊ စွမ်းဆောင်ရည်၊ အတွေ့အကြုံတို့ကို ယူဆောင်လာသည့် ထုတ်ကုန်များ ရရှိစေမှာ ဖြစ်ပါတယ်။ တစ်ဆစ်ချိုးကွေ့လိုက်တဲ့ နည်းပညာကို ပေါ်ထွက်စေပါတယ်လို့ ၎င်းပိုစတာမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် BYD က ပရီမီယံကားအမှတ်တံဆိပ်ဖြစ်သော Yangwang တရုတ်အမည်ကို တရားဝင်ကြေငြာခဲ့ပြီး အဓိပ္ပါယ်မှာ ကောင်းကင်ကို မော့ကြည့်ခြင်း လို့ ဆိုလိုပါတယ်။
Yangwang ပရီမီယံကားကို ၂၀၂၃ ပထမ ၃ လပတ်မှာ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ BYD ရဲ့ ပထမဆုံး လမ်းကြမ်းမောင်းနှင်နိုင်မယ့်ကား ဖြစ်ပါတယ်။
Source cnevpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U