BYD YangWang U8 ပရီမီယံ လျှပ်စစ် SUV


BYD YangWang U8 ပရီမီယံ လျှပ်စစ် SUV

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

BYD YangWang U8 က ၄ ဘီးယက် လျှပ်စစ်ကားဖြစ်ပြီး ပါဝါ 1100hp အထိ ထုတ်ပေးနိုင်ပါတယ်။
BYD ရဲ့ ပရီမီယံ အမှတ်တံဆိပ်အသစ် YungWang က ဈေးအမြင့်တန်း ကားမော်ဒယ်အသစ် နှစ်စီးကို ပွဲထုတ်ခဲ့ပါတယ်။

 


ပရီမီယံ မော်ဒယ်အသစ် U8 SUV ကို စင်မြင့်ပေါ်သို့ BYD ဥက္ကဋ္ဌ Wang Chuanfu ကိုယ်တိုင်ကိုယ်ကျ မောင်းပြီး ယူလာပါတယ်။

YangWang U8 SUV က အလျား အတော်များပါတယ်။  ၅.၃ မီတာ (၁၈ ပေ)  ရှိပါတယ်။ ရှေ့နှင့်နောက် ဘီးနှစ်ကြား အကွာအဝေး wheelbase က ၃.၀၅ မီတာရှိပါတယ်။
ဘီးတစ်ဘီးစီမှာ မော်တာတစ်လုံးစီ ထိုင်ပေးထားပြီး တစ်လုံးစီက ပါဝါ 220kw~240kW  ထုတ်ပေးနိုင်ပြီး ရုန်းအား 320Nm~420Nm ထုတ်ပေးနိုင်ပါတယ်။
ရပ်နေရာမှ တစ်နာရီ ကီလိုမီတာ ၁၀၀ အမြန်နှုန်းကို ရောက်ဖို့ အချိန် ၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။

 


မော်တာ တစ်လုံးချင်းစီ တသီးတခြား ထိန်းကျောင်းပေးထားတဲ့အတွက် ၃၆၀ ဒီဂရီ ပတ်ချာလှည့်နိုင်ပါတယ်။ ကားက စမတ်ကျတာကြောင့် စေခိုင်းချက်ကို တုံ့ပြန်ဆောင်ရွက်ပေးတာမှာ သာမန် ၄ ဘီးယက် စနစ် AWD system အမျိုးမျိုးတို့ထက် ၁၀ ဆ ပိုမြန်ပါတယ်။ ကားဘီးပေါက်သွားလည်း ကားကို တဖက်ဆွဲမသွားအောင် ချက်ချင်းထိန်းပေးပါတယ်။ ဘီးပြားနေလည်း ကားကို တစ်နာရီ ၁၂၀ ကီလိုမီတာ 120 km/h အမြန်နှုန်းအထိ ဆက်လက်မောင်းနှင်နိုင်ပါတယ်။

 

YangWang U8 SUV ကို BYD မှ လုပ်ကိုင်တဲ့ Yisifang ပလက်ဖောင်းဖြင့် တည်ဆောက်ထားပါတယ်။

Yangwang U8 မော်တာများက ဖုန်လုံ ရေလုံ စွမ်းရည် IP68 ရှိပါတယ်။ ကိုယ်ထည်ကိုလည်း ရေလုံအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ရေထဲ ဖြတ်မောင်းတဲ့အခါ ရေပေါ်  ပေါလောပေါ်နေစေပါတယ်။
ကားကိုယ်ထည်ဒီဇိုင်းကို Wolfgang Joseph Eiger က ထုတ်ပေးထားတယ်။ ခေတ်ပေါ်နှင့် ရှေးရိုး နှစ်မျိုးကို ပေါင်းစပ်ပေးထားပါတယ်။
YangWang U8 ကားအတွင်းပိုင်းကို ရှင်းလင်းတင်ပြခြင်း မပြုခဲ့ပါဘူး။ ဈေးနှုန်းများနှင့် စတင်အရောင်းဖွင့်မယ့်ရက်တို့ကိုလည်း မကြေညာသေးပါ။
Source arenaev

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 

Read 1012 times