BYD က YangWang U9 လျှပ်စစ် စူပါအိမ်စီးပြိုင်ကားကို ပွဲထုတ်ပြသ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့တွင် BYD သည် လျှပ်စစ်စူပါအိမ်စီးပြိုင်ကား YangWang U9 ကို မိတ်ဆက်ခဲ့ရာ လူအများ အံ့အားသင့်စေခဲ့ပါသည်။
မိတ်ဆက်ပွဲတွင် BYD က အကြမ်းခံ ရေစိမ်ခံ YangWang R1 SUV တစ်မျိုးတည်းကိုသာ ပြသလိမ့်မည်ဟု မျှော်လင့်ထားကြပါသည်။ YangWang R1 SUV ၏ နောက်ဆုံးအမည်မှာ YangWang U8 ဖြစ်ပါသည်။ R1 မှာ ဖွံ့ဖြိုးထုတ်လုပ်နေစဉ်ကာလ အသုံးပြုသော codename ဖြစ်ပါသည်။
အများက လုံးဝမမျှော်လင့်ထားသည့် လျှပ်စစ်စူပါအိမ်စီးပြိုင်ကား YangWang U9 ကို မိတ်ဆက်ခဲ့ရာ တအံ့တဩ ဖြစ်မိကြရပါသည်။
YangWang U9 ကို BYD မှ ဖန်တီးထားသည့် Yisifang ပလက်ဖောင်းပေါ်တွင် တည်ဆောက်ထားပါသည်။
U9 သည် 0-100km/h ကို ၂ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။
U9 ကို အိမ်စီးပြိုင်ကား စူပါကားအနေဖြင့် မြန်ဆန်အောင် လုပ်ပေးထားရုံမျှမက ဘေးကင်းရေး၊ သက်သောင့်သက်သာ ဖြစ်စေရေးတို့အတွက်ပါ ဒီဇိုင်းထုတ်ထားသည်ဟု ဆိုပါသည်။
U9 ၏ အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်း မပြုသေးပါ။ ဈေးနှုန်းအတိအကျ မကြေညာသေးပါ။
ယွမ်တစ်သန်းတန် စူပါကားဟုသာ ယေဘုယျအားဖြင့် ပြောကြားသွားသဖြင့် $145,000 ဝန်းကျင် ဖြစ်ပါလိမ့်မည်။
Source carnewchina
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U