bZ4X ထုတ်လုပ်မှု ပြန်စတော့မည်


bZ4X ထုတ်လုပ်မှု ပြန်စတော့မည်

Toyota Motor Corp က ၎င်း၏ ပထမဆုံး လျှပ်စစ်ကားဖြစ်သည့် bZ4X ထုတ်လုပ်မှုကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း၊ ဘက်ထရီပါဝါသုံး မော်ဒယ်အသစ် အရောင်းကို ၃လကျော်ကြာ ရပ်တန့်စေခဲ့သော  ဘေးကင်းရေး ပြဿနာများကို ဖြေရှင်းပြီးစီးပါကြောင်း ကြာသပတေးနေ့ (အောက်တိုဘာ ၆) တွင် ကြေညာသည်။

ကားဘီးများ ကျွတ်ထွက်နိုင်သည့် အလားအလာ ရှိနေသောကြောင့်  ၂၀၂၂ ဇွန်လတွင် Toyota ရ bZ4X စီးရေ ၂,၇၀၀ ဝန်းကျင်ကို ပြန်ခေါ်ယူပြီး သိမ်းဆည်းခဲ့ပါသည်။ 

Toyota နှင့် ပူးပေါင်းလုပ်ကိုင်သည့် Subaru Corp ကလည်း ၎င်း၏ အီးဗီ မော်ဒယ် Solterra များကို ပြန်ခေါ်သိမ်းခဲ့ရသည်။ အလားတူ ပြဿနာ ရှိနေသောကြောင့် ဖြစ်ပါသည်။

Subaru Corp တွင် Toyota Motor Corp က အစုရှယ်ယာ ငါးပုံတပုံ ပိုင်ဆိုင်ပါသည်။

ဘီးကို ဆတ်ကနဲ ကွေ့ချိုးစဉ်၊ ရုတ်တရက် ဘရိတ်အုပ်စဉ် ဘီးခွေအထိုင် နပ်များ ချောင်သွားတတ်သည်ကို စမ်းသပ်စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြုပြင်ပေးရန် bZ4X များနှင့် Solterra များကို ပြန်သိမ်းဆည်းခဲ့ပါသည်။ 
ယခုအခါ ဘီးခွေများအတွက် ဘို့နှင့်နပ် ဒီဇိုင်းအသစ် ပြောင်းလဲထားပါသည်။ 

နောက်ထပ် ပြဿနာတစ်ခုမှာ လေအိတ်များတွင် ပြဿနာ ရှိနေကြောင်းToyota က ပြောကြားပါသည်။ စက်ရုံတွင် လေအိတ်တပ်ဆင်ပေးပုံ စနစ်မကျသဖြင့် လေအိတ်မပွင့်သည့် ပြဿနာ ဖြစ်ပေါ်နိုင်ပါသည်။ 

ဂျပန်ဈေးကွက်တွင် bZ4X ကို အငှားစနစ်ဖြင့်သာ ဖြန့်ဖြူးပါသည်။ အငှားဝန်ဆောင်မှုကို အောက်တိုဘာလ ၂၆ ရက်တွင် ပြန်လည် စတင်မည်။ အမေရိကန်တွင် အရောင်းပြန်လည်စတင်မည့်ရက်ကို မကြေညာသေးပါ။
Source Reuters 

Read 2615 times