တိုတိုတာဘီဘီကားအမျိုးအစားဟာ အင်ဂျင်ပါဝါသေးငယ်တဲ့အတွက် ဆီစားနှုန်းသက်သာပြီး ဈေးနှုန်းသင့်တင့်တဲ့အတွက် ပြည်တွင်းမှာ အသုံးများတဲ့ ကားအမျိုး အ စားဖြစ်တယ်။ အဲသည်ကားအမျိုးအစားမှာဖြစ်တတ်တဲ့ ပြဿနာအချို့ကိုဖော်ပြပါတယ်။
ဂီယာပြဿနာ
၂၀၁၈ မော်ဒယ်တိုယိုတာဘီဘီကိုစက်နှိုးတဲ့အခါ အဆင်ပြေပြေနဲ့ အလွယ်တကူ စက်နှိုးလို့ရ ပါ တယ်။ ဒါပေမဲ့ နံပါတ်တစ်ဂီယာမှာ လီဗာကိုစနင်းတဲ့အခါ အရှိန်မြင့်မလာဘဲ ခုန်ဆွခုန်ဆွဖြစ်နေ တတ်တဲ့ ပြဿနာရှိပါတယ်။ ဂီယာချိန်းပြီး မြန်နှုန်းမြင့်မောင်းနှင်တဲ့အခါ ပုံမှန်အခြေအနေအ တိုင်းမောင်းနှင်လို့ ရပါတယ်။ ဂီယာစနစ်ကိုစစ်ဆေးပြုပြင်ရပါမယ်။
အင်ဂျင်ချက်မီးလင်းတာ
၂၀ဝ၁ မော်ဒယ် တိုယိုတာဘီဘီကို တောင်တက်ခရီးတွေအသုံးပြုတဲ့အခါ အဖြစ်များပါတယ်။ အ တက်ခရီးတွေမှာ အချိန်အတော်ကြာမောင်းနှင် ရင် အင်ဂျင်ပါဝါကျဆင်းသွားပြီး အင်ဂျင်ချက် မီး လင်းလာပါတယ်။ ကွန်ပျူတာထိုးစစ်မှသာ အတိအကျသိရှိနိုင်မှာပါ။
လောင်စာဆီစားများလာ
၂၀ဝ၆ မော်ဒယ်တိုယိုတာ ဘီဘီဟာ ဓာတ်ဆီတစ်ဂါလန်ကို ၃၆ ကီလိုမီတာသာ မောင်းနှင်နိုင် တဲ့အထိ ဆီစားနှုန်းများလာပါတယ်။ အဲကွန်းဖွင့်ပြီး ပုံမှန်အနေအထားမောင်းနှင်တာပါ။ ဂီယာဝိုင် ကိုလဲလှယ်သင့်ပါတယ်။ T3 အမျိုးအစားကို အသုံးပြုသင့်ပြီး အဲကွန်းဆန်ခါ (air filter)ကိုလည်း လဲလှယ်ရပါမယ်။ လောင်စာဆီတစ်လီတာကို ၁၄ ကီလိုမီတာနှုန်းအထိမောင်းနှင်နိုင်မှာဖြစ် တ ယ်။
ပါဝါကျဆင်းလာ
၂၀ဝ၀ မော်ဒယ်တိုယိုတာဘီဘီဟာ မိုးရွာတဲ့အချိန်တွေမှာ မောင်းနှင်ရင်မသွား ချင်ပဲဖြစ်နေ တ တ်တယ်။ မောင်းနှင်နေတဲ့အခါမှာလည်း ခြေထောက် က လီဗာကိုလွှတ်ထားတဲ့အချိန်တွေမှာ အင်ဂျင်ပါဝါ ရုတ်တရက်ကျဆင်းပြီး ထိုးရပ်သွားတာတွေဖြစ်တတ်ပါတယ်။ အင်ဂျင်မှာရှိတဲ့ အာ ရုံခံကိရိယာ (sensor) တစ်ခုခုချို့ယွင်းတာဖြစ်နိုင်ပါတယ်။
ထရန်စမစ်တာပြဿနာ
၂၀ဝ၇ မော်ဒယ် Toyota BB ရဲ့ main transmitter ဟာရေထဲကို အချိန်ကြာကြာ ကျရောက်ခဲ့ တာကြောင့် ကားစက်နှိုးလို့မရတာစတီယာ ရင်လော့ခ်ကျနေတာတွေဖြစ်တဲ့ပြဿနာပါ။ Transmitter အသစ်လဲလှယ်ရပါမယ်။
အဲကွန်းဖွင့်တဲ့အခါ အသံမြည်လာ
၂၀ဝ၀ မော်ဒယ် တိုယိုတာဘီဘီရဲ့အဲကွန်းကိုဖွင့်လိုက်တဲ့အခါ အင်ဂျင်ခန်းဘက်က အသံမြည် လာတာပါ။ အဲကွန်းကိုပိတ်လိုက်တဲ့အခါအသံမြည် တာရပ်သွားပါတယ်။ အင်ဂျင်ကနေ အဲကွန်း ကိုချိတ်ဆက်တဲ့ စနစ်တွေကိုစစ်ဆေးပြုပြင်ရမှာ ဖြစ်တယ်။
အင်ဂျင်အအေးပေးပန်ကာချို့ယွင်းလာ
၂၀ဝ၆ မော်ဒယ် တိုယိုတာဘီဘီရဲ့ အင်ဂျင်အအေးပေးပန်ကာ ချို့ယွင်းတဲ့ ပြဿနာပါ။ အေ အးပေးပန်ကာချို့ယွင်းတဲ့အတွက် အင်ဂျင်အပူချိန် လွန်ကဲမှု (over heat) ဖြစ်တာပါ။ အဲသည် အတွက် အင်ဂျင်အအေးပေးပန်ကာ အသစ်လဲလှယ်ရပါမယ်။
သရော်တယ်ဆင်ဆာပြဿနာ
၂၀ဝ၀ မော်ဒယ် တိုယိုတာဘီဘီဟာ တစ်ခါတစ်ရံမဆွဲမရုန်းဘဲဖြစ်နေတတ်တယ်။ လီဗာနင်းေ ပမဲ့ ကားကမဆွဲဘဲဖြစ်နေတတ်တယ်။ Diagnostic Machine နဲ့ ကွန်ပျူတာထိုးစစ်တဲ့အခါ throttle sen-sor က ပြဿနာရှိတာကိုညွှန်ပြပါတယ်။ Throttle sensor လဲလှယ်ပြီးတဲ့ အခါ မှာလည်း အင်ဂျင်ဟာအဆွဲအရုန်းကျဆင်းနေဆဲပါပဲ။ တိုယိုတာက သတ်မှတ်ထားတဲ့ ဂီယာဝိုင် ကိုလဲလှယ်သင့်ပါတယ်။ အင်ဂျင်ပလပ်တွေကိုစစ်ဆေးပြီးအသစ်လဲလှယ်သင့်သလိုအင်ဂျင် တစ် ခုလုံးသန့်စင်ဖို့လိုအပ်နေတာပါ။
အောက်ပိုင်းက အသံမြည်လာ
၂၀ဝ၂ မော်ဒယ် တိုယိုတာဘီဘီကိုမောင်းနှင်တဲ့အခါ ကားအောက်ပိုင်းကအသံမြည်ပြီး တစ်ခါတ စ်ရံကိုယ်ထည်ကပါတုန်ခါလာတတ်ပါတယ်။ အမြန်နှုန်းကို ပိုမြင့်လိုက်တဲ့အခါ အသံကလည်း သိ သိသာသာပိုမြည်လာပါတယ်။ အဲဒါကကားရဲ့ အောက်ပိုင်းဆပ်စပိုင်းရှင်းစနစ်တွေမှာ ပြဿနာ ရှိနေတာဖြစ်တယ်။
အောင်ထွန်းဦး(Kumudra)