ဆင်ခြေလျှော ကုန်းတက်လမ်း တစ်ခုတွင် ရပ်ထားသော ကားတစ်စီး ကို စတင်ထွက်ခွာပါက ဒရိုင်ဘာ ကျွမ်းကျင်မှု မရှိလျှင် အခက်အခဲကြုံရ တတ်သည်။
စတင်မထွက်ခွာမီ ဆင်ခြေလျှောလမ်း၌ ကားနောက်ပြန် မလိမ့်စေရန် ယာဉ်မောင်းသူ အထူးဂရုစိုက်ရသည်။ ကုန်တင်ကားကြီး များဆိုရင် စပယ်ယာလုပ်သူက ကား နောက်ဘီး၌ ကြမ်းတုံးခံပေးရသည်။
ကုန်းတက်တွင် နောက်ဘီးစတင်လိမ့်သွားမှ ကြမ်းတုံးကိုဆွဲယူပြီး ကား နောက်မှ အပြေးအလွှားပြန်လိုက်ရသည်။
ဆင်ခြေလျှောဖြစ်နေသော မီးပွိုင့်တစ်ခုတွင်လည်း ရှေ့ဆုံးမှရပ်နေ သောကားသည် စတင်ထွက်ခွာရန် အဆင်မပြေဖြစ်တတ်သည်။
ယာဉ်မောင်းသင်ခါစ အတွေ့အကြံုနုသေးလျှင် ဒုက္ခရောက်သည်။
ကလပ်၊ ဘရိတ်နှင့် လီဘာ (၃) မျိုးစလုံးကို ခြေနှစ်ချောင်းဖြင့် ထိန်းညှိမောင်းနှင် ရခြင်းသည်တစ်ခါတစ်ရံ
အန္တရာယ် ဖြစ်တတ်သည်။
ကား နောက်ပြန်လိမ့်သွားပါက နောက်မှကပ်နေသော ကားနှင့်ညား သွားမည်။
အချို့ယာဉ်မောင်းသူတို့ က ကလပ်ခြေနင်းကို မှေးထားပြီး မီးပွိုင့်အစိမ်းပြခြင်းကို စောင့်သည်။ ကလပ်ပလိတ်များ မလိုအပ်ဘဲ ပွန်း စားသည်။
ကလပ်ညှော်နံ့ထွက်သော အခြေအနေမျိုးဖြစ်လျှင် မကောင်း သော ရလဒ်ဖြစ်သည်။
နည်းပညာ တိုးတက်လာသော ယနေ့ခေတ်ကားများတွင် ထိုပြဿနာ ကို Hill-Start Assist Technology နည်းပညာ ဖြင့် ဖြေရှင်းထားသည်။
နည်းပညာအထောက်အကူပြုထား၍ ကုန်းတက်လမ်းတွင် စတင်ထွက်ခွာ သော ကားတစ်စီးသည် ယခင်ကကဲ့ သို့ စိုးရိမ်ပူပင်နေစရာမလိုဘဲ စတင် ထွက်ခွာ၍ရသည်။
တောင်ပေါ်လမ်းများတွင် အတက်လမ်းရှိသလို အဆင်းလမ်းများ လည်းရှိသည်။
မတ်စောက်သော အဆင်းလမ်းများတွင် မောင်းနှင်ရ သော ယာဉ်မောင်းသည် အထူးကျွမ်း ကျင်ရန်လိုအပ်သည်။
ရာသီဥတု အခြေအနေကြောင့် လမ်းချော်နေလျှင် ပို၍အန္တရာယ်များသည်။
ထိုကဲ့သို့ တောင်ကုန်းဆင်းလမ်းများတွင် ဒရိုင် ဘာကို Hill Descent Control နည်းပညာက အထောက်အကူပြုပေးသည်။
တောင်ကုန်းအတက်အဆင်း အန္တရာယ်များ
တောင်ပေါ်အတက်လမ်းထက် တောင်အောက်အဆင်းလမ်းက ပို၍ အန္တရာယ်များကြောင်း တောင်တက် သမားတိုင်း၊ တောင်တက်ဖူးသူတိုင်း သိကြသည်။
တောင်ပေါ်လမ်းကြမ်း များတွင် ဘီးချော်နိုင်သော လမ်းဆိုး များတွင် အန္တရာယ်မဖြစ်ပေါ်ရန် ထိန်းသိမ်း မောင်းနှင်ရခြင်းသည် စွန့် စားမှု တစ်ခုဖြစ်သည်။
ယာဉ်မောင်း အထူး ကျွမ်းကျင်ရန် လိုအပ်သည်။
အတွေ့အကြံု ရင့်ကျက်ရန်လည်း လို အပ်သည်။
တောင်အဆင်း လမ်းကွေ့များ တွင် မိမိယာဉ်ကို လမ်းကြောင်းပေါ် မှ သွေဖည်မသွားစေရန် ထိန်းသိမ်း ရခြင်းသည် ခက်ခဲသောအလုပ်ဖြစ် သည်။
ရာသီဥတု ဆိုးဝါးနေပါက ပို၍သတိထားရသည်။
ကားစတီယာရင် ချိုးကွေ့တိုင်း လမ်းကြောင်းပေါ် တွင် နေရာမှန်ရှိနေစေရန် ထိန်းသိမ်းရ ခြင်းသည် တစ်ခါတစ်ရံတွင် အန္တရာယ်ရှိသည်။
လမ်းချော်နေလျှင် ထိန်းသိမ်းရ ခက်ခဲသည်။
Hill-Start Control စနစ်၏ အခြေခံံ
Hill-Start Control ကို Hill Holder (သို့မဟုတ်) Hill-Start Assist ဟုလည်း ခေါ်ဆိုသည်။
ကား ထုတ်လုပ်သော ကုမ္ပဏီအလိုက် နည်းလမ်းအမျိုးမျိုးကွဲပြား၏။
ကား ကုမ္ပဏီကြီးတစ်ခု၏ နည်းပညာ အသစ်သည် ၎င်း၏မူပိုင်ဖြစ်၏။
ဆင်ခြေလျှော ကုန်းတက်လမ်း အခြေအနေတစ်ခုတွင် ကားတစ်စီး စတင်ထွက်ခွာခြင်းကို အထောက် အကူပြုရန် နည်းလမ်းသည် ကား နောက်ပြန်မလိမ့်ရန်ဖြစ်သည်။
ထိုကဲ့ သို့ ကုန်းတက်လမ်းတွင် စတင်ထွက် ခွာမည့်အခြေအနေမျိုးကို လူသား တစ်ဦးကအလွယ်တကူ သိရှိနားလည်နိုင်သော်လည်း မော်တော်ယာဉ်ထိန်း ချုပ်မှုစနစ်က သိရှိနိုင်ရန် စူးစမ်းရှာဖွေဖော်ထုတ်ခြင်းများ ပြုလုပ်ရသည်။ အာရုံခံဆင်ဆာများက စုံစမ်းထောက်လှမ်းပြီး သတင်းပို့ရသည်။
ကလပ်အခြေအနေ ရှာဖွေ ဖော်ထုတ်ခြင်း (Clutch Detection)
Hill-Start Control စနစ်သည် အဓိကအားဖြင့် Manual Gear သုံး ကားများကို အထောက်အကူပြုသည်။ ကားစက်နိုးထားစဉ် စတင်ထွက်ခွာရန် နံပါတ်(၁) ဂီယာထိုးရန်အတွက် ကလပ်ခြေနင်းတံကို နင်းထားရသည်။ ကလပ်နင်းထားခြင်းသည် အင်ဂျင်နှင့် ဂီယာဘောက် အဆက်ဖြတ်ထားခြင်း ဖြစ်သည်။ ကားဘီးများဖရီးဖြစ်နေ၍ ရှေ့နောက်ရွေ့လျားနိုင်သည်။
ကုန်းတက်လမ်း အခြေအနေဖြစ်ပါက ဘရိတ်မနင်းဘဲထားလျှင် ကားနောက် လိမ့််သွားမည်။
ဆင်ခြေလျှောကုန်းတက်ကို ဖော်ထုတ်ခြင်း (Incline Detection)
မြေပြင်ညီမဟုတ်ပါက ရပ် ထားသော ကားတစ်စီးသည် ကမ္ဘာ့ ဆွဲအားကြောင့် ဆင်ခြေလျှောအတိုင်း လိမ့်ဆင်းသွားမည်။
ကားရပ်ထားသော လမ်းမျက်နှာပြင်အခြေအနေ သည် ရေပြင်ညီလား၊ လျှောစောက် (Incline) လား၊ ဒီဂရီ မည်မျှတိမ်း စောင်းနေသည်စသော သတင်း အချက်အလက်များကို ဆင်ဆာ အာရုံခံကိရိယာမှ ထောက်လှမ်း၍ ဗဟိုထိန်းချုပ်ယူနစ်သို့ သတင်းပို့ ရသည်။
(၃) ဒီဂရီထက် ကျော်လွန် သော လျှောစောက်သည် ကားတစ်စီး ကို စတင်လိမ့်သွားစေနိုင်သည်။
အင်ဂျင်ရုန်းအားကို ဖော်ထုတ်ခြင်း (Engine Torque Detection)
အင်ဂျင်လည်ပတ်နှုန်း (rpm) အပေါ်မူတည်၍ အင်ဂျင်ရုန်းအား (Torque) အနည်းအများ ပြောင်း လဲနိုင်သည်။ ကုန်းတက်အစောင်း ဒီဂရီမည်မျှတွင် အင်ဂျင်ရုန်းအား မည်မျှလိုသည်ကို ဖော်ထုတ်ရမည်။
ဘရိတ်သက်ရောက်အား ဖော် ထုတ်ခြင်း (Brake Detection)
ကုန်းတက်တွင် ကားရပ်တန့် နေစဉ်ရန် ဘရိတ်သက်ရောက်အား မည်မျှလိုအပ်သည်ကိုသိရှိရမည်။ အာရုံခံဆင်ဆာများကုန်းတက်တွင် ရပ်ထားသော ကားတစ်စီးသည် Hill-Start Control စနစ် အလုပ်လုပ်နိုင်ရန်အတွက် အာ ရုံခံဆင်ဆာများက ECU သို့ သတင်း ပို့ပေးနေရသည်။
ဆင်ဆာများ၏ သတင်းအချက်အလက်များအရ ECU (Electronic Control Unit) သည် ဘရိတ်သက်ရောက်အားမည်မျှ ဖြင့် ကားနောက်မလိမ့်စေရန်ထိန်း ထားရမည်ကို ညွှန်ကြားနိုင်မည်။
ဆင်ခြေလျှော ကုန်းတက်တွင် ရပ်ထားသော ကား၏အခြေအနေများ ကို သိရှိရန်ဆင်ဆာမျိုးစုံက အာရုံခံ သတင်းပို့သည်။
ကုန်းတက်လမ်း၏ အစောင်းဒီဂရီကို Angle Sensors များက ထောက်လှမ်းသည်။
ကား၏ အလေးချိန်၊ ခရီးသည်နှင့် ကုန်စည် များ၏အလေးချိန်ကို Piezoelectric Sensor က အာရုံခံပြီး ECU သို့ သတင်းပို့ပေးသည်။
ကားဘီးများ၏ လည်ပတ်နှုန်း Speed နှင့် ဦးတည်ချက် (Direction) တို့ကို Wheel- Speed Sensor က အာရုံခံသတင်းပို့သည်။
ECU (Electronic Control Unit)
အာရုံခံဆင်ဆာများမှ ပေးပို့ သော သတင်းအချက်အလက်များကို အခြေခံ၍ ECU သည် ဘရိတ်ဖမ်း အားမည်မျှဖြင့် ထိန်းထားရမည်ကို တွက်ချက်ပြီး ညွှန်ကြားသည်။
ECU ညွှန်ကြားမှုအောက်တွင် Brake Actuator က ကုန်းတက်တွင် စတင် ထွက်ခွာသော ကားကိုနောက်မလိမ့် စေရန် (၃) စက္ကန့်မျှ ထိန်းပေးထား သည်။
ယာဉ်မောင်းသူသည် ကလပ် နင်း၊ ဂီယာထိုးပြီးပါက ကားစတင် ထွက်ခွာရန်ကလပ်နှင့်လီဘာကို ချိန် ညှိပြီး ထိန်းသိမ်းမောင်းနှင်ရန်သာရှိ သည်။
နောက်ပြန်မလိမ့်သွားစေရန် Hill-Holder စနစ်က ဆောင်ရွက်ထား သဖြင့် ဘရိတ်နှင့်လီဘာကို ပူးတွဲနင်း စရာမလိုတော့ပါ။
အကျိုးကျေးဇူးများ
Hill-Start Control စနစ် ကြောင့် ကုန်းတက်တွင် နောက်ပြန် လိမ့်ခြင်းအန္တရာယ်မှ ကင်းဝေးသည်။ ကလပ်ပလိပ် အစားသက်သာသည်။ ယာဉ်မောင်းသူအတွက် များစွာအ ထောက်အကူပြုပြီး အများပြည်သူတို့ အတွက်လည်း Safety ဖြစ်သည်။
ကုန်းဆင်းထိန်းချုပ်စနစ် (Hill Descent Control)
တောင်ပေါ်လမ်း ကုန်းဆင်း တွင် ယာဉ်မောင်းသူအန္တရာယ်ကင်း စွာမောင်းနိုင်ရေးအတွက် အထောက် အကူပြုပေးနိုင်သော စနစ်ဖြစ်သည်။
ယာဉ်မောင်း ဘရိတ်နင်းရသော အလုပ်ကို ထိုစနစ်က ကူညီပေးသ ဖြင့် ယာဉ်မောင်းသည် စတီယာရင် ထိန်းချုပ်ရခြင်း တစ်ခုတည်းကိုသာ အာရုံစူးစိုက်နိုင်သည်။
ကုန်းဆင်းတွင် အန္တရာယ်ကင်း သော ပုံသေ Speed တစ်ခုဖြင့် မောင်းနေနိုင်ရန် Hill Descent Control က ထိန်းညှိပေးသည်။
ထို့ ပြင် လမ်းချော်သော အခြေအနေများ တွင်လည်း ကားတစ်စီးလုံး၏ တည် ငြိမ်မှု လမ်းကြောင်းလွဲချော်မှုများ မရှိအောင် ABS ဘရိတ်စနစ်ဖြင့် ပူးတွဲထိန်းချုပ်ပေးသည်။
ပထမဆုံး Hill Descent Control စနစ်ပါ ကားကို Land Rover တွင် Bosch က တပ်ဆင်ခဲ့ သည်။ ယခုအခါပိုမိုဘေးကင်းလုံခြံုမှု ရှိသော ကားများကိုထုတ်လုပ်လာကြ သဖြင့် Hill Descent Control စနစ် များကို
• SUVsကားများ၊
• Station Wagon ကားများ၊
• Sedan ကားများ နှင့်
• ထရပ်ကားများတွင် တပ်ဆင်လာ ကြသည်။ Land Rover, Ford, Nissan, BMW,Toyota နှင့် Volvo ကားများသည်
~ Hill-Start Control နှင့်
~ Hill Descent Control စနစ် ပါ၀င်သော ကားများဖြစ်သည်။