ထိုင်း ကားတင်ပို့မှု တိုးလာသော်လည်း ပြည်တွင်းရောင်းအား ကျဆင်းခဲ့


ထိုင်း ကားတင်ပို့မှု တိုးလာသော်လည်း ပြည်တွင်းရောင်းအား ကျဆင်းခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံ မော်တော်ယာဉ်ကဏ္ဍတွင် ပြည်ပသို့ ကားတင်ပို့မှု တိုးလာသော်လည်း ပြည်တွင်းရောင်းအား ကျဆင်းခဲ့သည်။

ယခင်နှစ် ပထမ ၈ လ နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ပထမ ၈ လတွင် မော်တော်ယဉ် တင်ပို့မှုမှာ ၁၉.၅၃% တိုးလာသော်လည်း ပြည်တွင်းဈေးကွက်တွင် ရောင်းအားမှာ ၆.၂၁ % ကျဆင်းသွားကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industriesည(FTI) မှ သတင်းထုတ်ပြန်ခဲ့သည်။

FTI ၏ မော်တော်ကားလုပ်ငန်းအသင်းဒုဥက္ကဋ္ဌနှင့် ညှိနှိုင်းရေးမှူး Surapong Paisitpattanapong က ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ အပြီးအစီး တည်ဆောက်ပြီးစီးသည့်ကား complete built-up (CBU) ၇၂၄,၄၂၃ စီး ပြည်ပသို့ တင်ပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရှစ်လတာအတွင်း မော်တော်ယာဥ်ပို့ကုန်တန်ဖိုး ဘတ် ၄၅၆.၉၈ ဘီလီယံအထိ ရောက်ရှိခဲ့သည်။
ဩစတေးလျ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အမေရိကတိုက်တို့မှ ကားများ ပိုမိုမှာယူခဲ့ကြသည်ဟု ၎င်းက ပြောကြားသည်။

ယခုနှစ် ပထမ ၈ လတွင် ပြည်တွင်း ကားအသစ် ဈေးကွက်တွင် ကား ၅၂၄,၇၈၄ စီး ရောင်းချခဲ့သည်။ အီးဗီရောင်းအား ပိုများခဲ့သော်လည်း အင်ဂျင်ကားများ ရောင်းအား ကျဆင်းခဲ့သည်။ 

ဘက်ထရီသုံး လျှပ်စစ်ကား BEV( battery electric vehicle) စီးရေ ၄၁,၈၄၄ ရောင်းချခဲ့သည်။
ဟိုက်ဘရစ် လျှပ်စစ်ကား HEV (hybrid electric vehicle) စီးရေ ၅၂,၂၁၉ စီး ရောင်းချခဲ့သည်။
ပလပ်ထိုး အားသွင်း ဟိုက်ဘရစ် လျှပ်စစ်ကား
 PHEV (plug-in hybrid electric vehicles) ၁,၅၈၅ စီး ရောင်းချခဲ့သည်။


မော်တော်ဆိုင်ကယ် ရောင်းအားမှာ ၁,၃၀၄,၈၈၃ စီး ရှိသည်။ ယမန်နှစ် ပထမ ၈ လထက် ၇.၆၄% ပိုများသည်။

ယခုနှစ် ပထမ ၈ လအတွင်း ထိုင်းနိုင်ငံတွင် ကား ၁,၂၂၁,၈၇၈ စီး ထုတ်လုပ်ခဲ့သည်။ 
ဩဂုတ်လတွင် ၁၅၀,၆၅၇ စီး ထုတ်လုပ်ခဲ့သည်။


Source thenationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2035 times