တစ်ပတ်အတွင်းရန်ကုန်ကားဈေးကွက်အခြေအနေ


ကားအရောင်းအဝယ်အေးနေချိန်တွင်စလစ်ဈေးများရုတ်တရက်မြင့်တက်သွားခြင်းကြောင့် စလစ်ကပ်ကား အရောင်းအဝယ်လည်းပို၍ငြိမ်သက်သွားခဲ့သည်။

ဈေးကွက်လိုအပ်ချက်ရှိသလောက် YBS စလစ်များဈေးကွက်အတွင်းဝင်ရောက်လာသေးခြင်းနှင့်အငှားယာဉ် အပ်နှံမှုပုံစံပြောင်းလဲခြင်းတို့ကြောင့် နှစ်နှစ်ဆယ်စလစ်နှင့်တက္ကစီစလစ်များမှာတစ်ပတ်အတွင်းကျပ်ငါးသိန်းမှ ၁၀ သိန်းကြားမြင့်တက်သွားခဲ့သည်။

မှန်းဆရခက်သည့်ကားတင်သွင်းခွင့်ပေါ်လစီနှင့်လက်ရှိအချိန်တွင် တင်သွင်းရန်ကားရှားပါးနေခြင်းတို့ကြောင့် အရောင်းအဝယ်အနေအေးသော်လည်းရောက်ရှိပြီးသားကားများ၏ဈေးမှာ ကျမသွားဘဲတက်ဈေးတစ်ခုတွင် တန့်နေသည်။

မူဝါဒမငြိမ်သည့်အတွက်ဈေးကွက်အနေအထားကိုချိန်ဆရခက်ပါသည်။

သုံးဆယ်/ခြောက်ဆယ်နှင့်ဝင်လာမည့်ကားများရှိသကဲ့သို့အဝယ်များက ၂၀၀၆ မိုဒယ်အောက်လက်ကျန်ကား များဈေးပေါပေါနှင့်ထွက်လာမလားဆိုပြီးစောင့်ကြည့်နေကြပါသည်။

ကားအသစ်တင်သွင်းရန်မလွယ်သည့်အတွက်ရောင်းသည့်သူများကရှိသည့်ကားများကိုဈေးချပြီးမရာင်းချင် ကြပါ။

အခွန်ရာခိုင်နှုန်းမြင့်တက်လာခြင်းကြောင့်ကားဈေးများလည်းမြင့်တက်နေပြီး ဈေးကွက်အတွင်းရှိနယ်လိုင်စင် ကားများလည်းအရောင်းအဝယ်အဖြစ်နည်းနေကြောင်းသိရသည်။

တစ်ပိုင်တစ်နိုင်တင်သွင်းသူအများစုမှာလည်းကားဈေးအမြင့်နှင့်အရောင်းအဝယ်ပြုလုပ်ရခက်ခဲလာချိန်တွင် တင်သွင်းထားသည့်ကားများကိုထိန်းရောင်းနေကြသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ကားအရောင်းအဝယ်အေးနေပြီး ပြည်ပမှတင်သွင်းလာသည့် ကားအသစ်များအတွက်ဈေးကွက်အတွင်းရှိနံပါတ်နိမ့်ကားဟောင်းလေးများကိုသာအရောင်းအဝယ်ပြုလုပ် နေကြရသည်။

ဖရီးပါမစ်ကားများအရောင်းအဝယ်အနည်းငယ်ဖြစ်သောလည်းစလစ်ကပ်ကားများမှာမူအရောင်းအဝယ်အေးနေကြောင်းသိရသည်။

ရန်ကုန်လိုင်စင်ကားများဝယ်ယူရန်ခက်ခဲနေချိန်တွင်ဝယ်/ရောင်းအချို့မှာနယ်များသို့ဆင်းပြီး ရန်ကုန်လိပ်စာပေါက်ကားများကို ဝယ်ယူနေကြောင်းသိရသည်။

၁၉၉၅ မိုဒယ်နှင့်အောက်YBS ဘတ်စ်အစီး ၂၄၀၀ ကျော်အပ်နှံပြီး လူစီးစလစ်ထုတ်ယူခဲ့သော်လည်းယင်းစလစ်များမှာဈေးကွက်အတွင်းရောက်မလာသေးသောကြောင့် စလစ်ဈေးပြန်လည်မြင့်တက်သွားကာယခုရက်ပိုင်းအတွင်းနှစ်နှစ်ဆယ်အမည်ပေါက်စလစ်သည် ကျပ် ၉၉ သိန်းအထိမြင့်ကတ်သွားခဲ့သည်။

တက္ကစီအပ်ကားရှားပါးမှုနှင့်လုပ်ငန်းလိုင်စင် ၂ နှစ်ပြည့်မှသာအပ်နှံခွင့်ရတော့မည့်မူဝါဒကြောင့်တက္ကစီစလစ်ဈေးမှာ ကျပ် ၁၀၇ သိန်းအထမြင့်တက်သွားခဲ့သည်။

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် ဈေးနှုန်း
Honda Fit BGO 2011 170
Suzuki Swift ယာယီ 2011 175
Toyota Vitz MDY 2011 150
Toyota Axio ယာယီ 2013 230
Toyota Kluger ယာယီ 2006 440
Toyota Vanguard YGN 2011 550
Toyota Crown YGN 2004 325
Toyota Hilux Vigo MDY 2012 300
Honda Insight ယာယီ 2011 210
၁၀ Daihatsu Hiject ယာယီ 2012 98

 

 

Read 5188 times