Car Showroom တွင် ကားသွားဝယ်မည့်သူများ သိထားသင့်သည့်အချက် ၁၆ ချက်


လူအများစုသည် ငွေကြေးများစွာကို အကုန်အကျခံပြီး လုပ်ငန်းတွင် အသုံးပြုရန်ဖြစ်စေ၊ မိမိအသုံးပြုရန်ဖြစ်စေ ကားမာျးကို ဝယ်ယူလေ့ရှိကြပါသည်။

မိမိဝယ်မိသည့်ကားကို ဈေးမှန် ပစ္စည်းမှန်ရရှိရန်အတွက် Car Showroom တွင် ဝယ်ယူလေ့ရှိသည့် စာဖတ်ပရိတ်သတ် ကားချစ်သူများအတွက် ကားအဝယ်မမှားစေရန် Myanmar Automobile Equipment Directory မှ သိရှိထားသည့် ဖတ်ရှုထားသည့် ဆောင်းပါးတစ်စောင်ကို လက်ဆင့်ကမ်းလိုက်ပါသည်။

၁။ ကားကိုကြည့်မည်ဆိုလျှင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့်သက်သာ ကြည့်နိုင်သော နေရာ ဖြစ်ရမည်ဖြစ်သည်။ ထို့အပြင် နေ့လည်ခင်း နေပူအောက်ကြည့်ရှု့ခြင်း ရှောင်ပါ အပူဒဏ် ပြင်းထန်လွန်းသဖြင့် ကားကြည့်ရှုသည့်အခါတွင် သက်တောင့်သက်သာ မဖြစ်သဖြင့် စစ်ရမည့်အရာများ ကျန်ခဲ့တတ်ပါသည်။ အပူဒါဏ်သက်သာအောင်ဆိုပြီး ညနေဘက်နှင့် မိုးချူပ်ပိုင်းကို ကားကြည့်ခြင်းကို မပြုလုပ်မိရန် အလွန်အရေးကြီးပါသည်။

၂။ ကားကိုတွေ့သည်နှင့် ကားထိုင်ခုံခါးပတ်ကို ဆွဲထုတ်လိုက်ပါ၊ ခါးပါတ်ခေါင်းများတွင် ထုတ်လုပ်သည့် ခုနှစ်များ အတိအကျ ရေးထားပါသည်။ ထို့အပြင် ဖြဲထားခြင်းမျိုး ၊ ကတ်ကြေးနှင့် ဖြတ်ထားခြင်းမျိုး မရှိရန် အထူးသတိထားသင့်ပြီး ကြည့်လိုက်သည်နှင့် တွေ့ရပါမည်။ ကားပိုင်ရှင် ပါးစပ်က ဘယ်နှခုနှစ်ပါဟု ပြောနေသော်လည်း မိမိတို့၏ မျက်စိနှင့် ဦးနှောက်ကိုသာယုံကြည်ပြီး စစ်ဆေးသင့်ပါသည်။

၃။ ကားကို စက်နှိုးပြီးသည်နှင့် အဲကွန်းဖွင့်လိုက်ပါ စက်သံသည် ဆူညံ ကျယ်လောင်ခြင်းမျိုး ရှိမရှိကို စစ်ဆေးပြီးလျှင် အဲကွန်းလေအေးမအေး စစ်ဆေးပါ။

၄။ ကားအစီးတိုင်းတွင် Wheel Tax ပါပါသည်။ ပါသော Wheel Tax ဖရိန်နံပါတ်နှင့် ကားတွင် တကယ်ပါသော နံပါတ် တူညီမှု ရှိမရှိ အရင်စစ်ပါ၊ ကားတွင် တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်း သပ်ရပ်နေရပါမည်၊ ဖြတ်ဆက်ဆိုလျှင် ကားဝယ်ပြီးသည်နှင့် ဆုံးသွားပါလိမ့်မည် ကညန သိမ်းပါလိမ့်မည်။

၅။ ထို့နောက် ကားရှေ့ဘက်ပိုင်း ကားနောက်ဖက်ပိုင်း မီးခွက်နေရာများစစ်ပါ၊ မီးလုံး အရောင်တူညီမှု ရှိမရှိ နေရာအထိုင် မူလီများ မူလီရောင်ဘဲ ရှိရပါမည်၊ ကားဆေး ကူးနေခြင်း လုံးဝမရှိစေရ မူလီက မူလီလိုသာ ညစ်ပတ်၍ရသော်လည်း ကားဘော်ဒီ ဆေးမကူးစေရ၊

၆။ ကားဘီးသဲကာများသည်လည်း နဂို သဲကာအတိုင်းသာ ဖြစ်ရမည်ဖြစ်ပြီး ညစ်ပတ်နေသော်လည်း သပ်သပ် ရပ်ရပ် ရှိနေရပါမည်။

၇။ အရေးကြီးဆုံးက ကား၏ အောက်ပိုင်းနှင့် အင်ဂျင်ခန်းက ဖရိန်များသည် သန့်ရှင်းနေရပါမည်။ အများစု သည် ပုံမှန်အရောင် ပုံမှန်ကာလာဖြစ်ရမည် ပြန်မှုတ်ထားပါက သူတစ်နေရာတည်းကွက်  ဖြူနေတတ်ပါသည်။ ကွက်နေတိုင်းလည်းယူလို့ ရသည်များလည်းရှိသော်လည်း ကားကောင်းလျှင် ကောင်းသည့်ဈေး မကောင်းလျှင်လည်း မကောင်းသည့်ဈေးသာပေးနိုင်ရန် စစ်ခြင်းဖြစ်ပါသည်။

၈။ လူအများစုသတိမထားဘဲ ကျော်ကျော်သွားသည့် အရေးကြီးသော ကားအစိတ်အပိုင်းများမှာ ကားခြေနင်းပြားအောက်ကိုလှန်ကြည့်ရန်၊ နောက်ဖုံး အခင်းပြားအောက် ခွာကြည့်ရန် မေ့လျော့၍ဖြစ်စေ၊ အားနာ၍ ဖြစ်စေ လုံးဝ မလုပ်မိပါစေနှင့်၊ အကယ်၍ သံချေးလိုက်နေပါက ထိုကားသည် အလွန်ဆုံး၁နှစ်ခန့်သာ ကောင်းတော့မည်ဖြစ်ပါသည်။

၉။ ကီလို မှန်မမှန် စစ်နိုင်ရန် အကြမ်းအားဖြင့် မှတ်သားရမည်က ကားကီလိုများ၏ အသက်က ဖင်ထိုင်ခုံနှင့် စီယာရင် ထိုင်ခုံခါးပါတ်ဟု အကြမ်းဖျင်းမှတ်ထားရပါမည်။ ကီလိုများလျှင်

အားလုံးနွမ်းတတ်သော်လည်း တချို့ ဂျပန်ကားများကလည်း ဂျပန်မှနောက်ဆုံးပိုင်ရှင် အကိုင်အတွယ်ကြမ်းတမ်းလျှင် ကီလိုသုံးသောင်းနှင့်လည်း စုတ်ပြတ်သတ်နေခြင်းမျိုး ရှိဖူးပါသည်။

၁၀။ တချို့ကလည်း တိုက်ကား ဘယ်လိုခွဲမလဲဟု မေးတက်ကြပါသည်။ ဂျပန်တွင် တိုက်ကားအားလုံးကို Recondition လုပ်ပြီးလျှင် ဒီအတိုင်း စစ်၍မရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် တိုက်မိသမျှ ပျက်စီးသမျှ အကုန်အသစ်လဲ လိုက်သောကြောင့် Cancelation အမှန်ဆိုလျှင် ကားဝယ်ယူသူများက တန်ဖိုးထားကြရပါသည်။

၁၁။ Cancelation အမှန်များ ရောင်းကားထဲတွင် မရှိရသည့်အကြောင်းမှာ ကားတစ်စီးကို ဈေးနှုန်းနှိုင်းယှဉ်ပြီးဝယ်သည့်တိုင်းပြည်တွင် Cancelation အမှန်ဈေးနှင့် မပြုပြင်ရသည့်ဈေးမှာ သိန်း လေးဆယ် ငါးဆယ် ကွားသော်ကြောင့် ကားကောင်းစီးမည့်ဟုဆိုပြီး သွင်းကြသည့်သူမျာကိုသာ ပြန်ရောင်းကြပါသည်။

၁၂။ ကားဝယ်မည့်သူများကြည့်လေ့ကြည့်ထရှိသော 2WD / 4 WD ဆိုသည့်အကြောင်းလေးကို ပြောပြခြင်ပါသည်။ လူအများစုနှင့် ဆီစားသက်သာရန်အတွက် လေးဘီးယက်များသည် ဖြုတ်မရဘဲ ၂၀ ကီလိုနင်းမှသာ ပြုတ်သည့်အတွက် ဆီစားခြင်း၊ ပြန်ရောင်းရခက်တက်သော်လည်း ကြမ်းတမ်းသည့် တောင်တန်း မြေသားလမ်းများအတွက် လေးဘီးယက်ကားများမှာ အသုံးဝင်ပါသည်။

မြေပြန့်လမ်းတွင် အသုံးပြုသူများအတွက် 2WD သာ ပို၍ အသုံးဝင်ကြောင်း သိရပါသည်။ ထို့အပြင် ပုံမှန် အိမ်စီးကား 4WD ကားများသည် လေလံတွင် သိန်း ၂၀ မှ သိန်း ၄၀ လောက်ထိ သက်သာနေတက်သည်ကို တွေ့ရပါသည်။

၁၃။ ကားကိုစစ်ရင် နောက်ခန်းလည်း ကျန်ခဲ့တတ်သဖြင့် နောက်ခန်းကိုလည်း သေချာစစ်ဆေးသင့်ပါသည်။ ကားတွင် ပါသည့်ပစ္စည်းများက Orginal ဟုတ်မဟုတ် သန့််ရှင်းမှု ရှိမရှိ အသုံးပြုထားသေးလား ဘီး ဂျိုက် ဂွ မျေား အများအားဖြင့်တော့ ဂျပန်ကလာလျှင် အသုံးမပြုရသေးတာ များပါသည်။

၁၄။ ကားကိုလည်း စစ်ပြီးပြီ စိတ်တိုင်းကျပြီဆိုလျှင် ကားကို စမ်းသပ်မောင်းနှင်သင့်ပါသည်။ မိမိချွေနည်းစာဖြင့်ဝယ်ရသဖြင့် မိမိမောင်းနှင်မှုနှင့် ကိုက်ညီမှုရှိမရှိဆိုသည်ကို စမ်းသပ်မောင်းနှင်သင့်ပါသည်။

၁၆။ နည်းမျိုးစုံ စစ်လို့မှ ကိုယ်ကြိုက်နေပြီ ဝယ်ချင်သည်ဆိုလျှင် ရာင်းသူ အိမ်ကိုလိုက်ပြီး စရံ သို့မဟုတ် အကြေ ချေ၍ရပါသည်။ စာရွက်စာတမ်းကို မသင်္ကာသေးဘူး ဆိုလျှင် မြင်သာရုံး သို့မဟုတ် သက်ဆိုင်ရာ ရုံးဝန်ထမ်းများဆီတွင် ကားစသွင်းသည့် ငယ်ရုပ် စစ်ပြီးမှသာ ငွေချေနိုင်ပါသည်။

 

Read 1830 times