ကမ္ဘာကျော် နာမည်ကြီး Car Brands ကားများအား AYA Auto Loan အရစ်ကျပေးချေမှု့ဖြင့် ဝယ်ယူနိုင်မည့် "CarsDB Auto Show Yangon 2018" ပြပွဲကို ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဍဘူမိ Event Park တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယင်းပြပွဲကြီးကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက် နေ့အထိကျင်းပမှာဖြစ်ပြီး AYA Bank က Official Banking Partner အဖြစ် ပါဝင်ကူညီသွားမှာဖြစ်ပါတယ်၊ ။
ထိုပြပွဲတွင် ဧရာဝတီဘဏ်၏ AYA Auto Loan နှင့် ချိတ်ဆက်ထားသော ကမ္ဘာကျော်ကားများအားပြပွဲကာလအတွင်းအထူး Promotion အနေဖြင့် Minimum Down payment 20% ဖြင့် ၅ နှစ်အထိ အရစ်ကျဝယ်ယူနိုင်မှာဖြစ်ပါတယ်။ AYA Auto Loan စနစ် ကားအရစ်ကျ ဝယ်ယူပါက အထူးအခွင့်အရေးများနှင့် အမှတ်တရ လက်ဆောင်များရရှိမှာဖြစ်သည့်အပြင် ဧရာဝတီဘဏ်မှ ဥပဒေဆိုင်ရာ၊ချေးငွေဌာနဆိုင်ရာ ကျွမ်းကျင်သူ Consultant များနှင့် တိုင်ပင်ဆွေးနွေးလျှောက်ထားနိုင်မည်ဖြစ်၍ စာရွက်စာတမ်း အပြည့်အစုံနှင့် လာရောက်လျှောက်ထားနိုင်မည်ဟုလည်း သိရပါတယ်။
CarsDB Auto Show Yangon 2018 ပွဲတွင် ပါဝင်မည့် ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ထားသော Dealer များမှာ Toyota ၊Ford ၊ Mazda ၊Chevrolet၊ Nissan ၊Suzuki ၊KIA ၊ Peugeot ၊ Mercedes-Benz ၊Jaguar ၊Land Rover ၊ Isuzu ၊BMW ၊Mitsubishi ၊ GAC ၊ Borgward ၊ Volvo ၊Yutong ၊ Hyundai ၊MMM Car Sale Center ၊JPM Car Sale Center ၊Rixs Group၊ Peugeot တို့ဖြစ်ပါတယ်။ ပြပွဲတွင် Brand New Car များအပြင် တစ်ပတ်ရစ်ကားများကိုလည်းAYA Auto Loan အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။