အနိမ့်ဆုံးမော်ဒယ်၂၀၁၄ နဲ့ ဘယ်မောင်းကိုသာ တင်သွင်းရမယ်ဆိုတဲ့ ၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မူဝါဒကို အောက်တိုဘာ ၁၆ ရက် နေ့စွဲနဲ့ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက် ဆိုင်သော လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်လိုက်ပါသည်။
အဆိုပါမော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မူဝါဒမှာ ၁၃၅၀ စီစီအောက် လူစီးမော်တော်ယာဉ်တွေ အပါအဝင် ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင် ယာဉ်တွေ အားလုံးကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ထုတ်မော် တော်ယာဉ်တွေကိုသာ တင်သွင်းခွင့်ပြုထားပါသည်။
မူဝါဒအပြောင်းအလဲကြောင့် ဘယ်မောင်းကားများကိုသာ တင်သွင်းသွားမည်ဖြစ်သောကြောင့် လတ်တလောညာမောင်းကားများတင်သွင်းမှု ပိုမိုများပြားလာကာ ကားစလစ်ဝယ်ယူမှုစျေးနှုန်းများ ယခင်ထက်တစ်ဆ မြင့်တက်လာကြောင်း သိရသည်။
ယခုနှစ် အောက်တိုဘာလမှစ၍ ကားစလစ်ေျစးများအဆမတန်တက်လာခဲ့ပြီး နှစ် ၂၀ အိုဟောင်းစလစ်ကျပ် ၁၂၁ သိန်း၊ စက်မှုဇုန်လူစီးစလစ် ကျပ် ၁၁၈ သိန်း၊ တိုက်ကြေစလစ် ကျပ် ၁၁၂ သိန်း၊ စက်မှုဇုန်လိုက်ထရပ်အပ်ယာဉ် ကျပ် ၄၅ သိန်း၊ တက္ကစီစလစ်ကျပ် ၁၁၅ သိန်း၊ ဘတ်စ်စလစ် ကျပ် ၆၂ သိန်းနှင့် လူစီးစလစ် ၁၁၉ သိန်းစသည်ဖြင့် စလစ်စျေးများတက်လာသည်။
"မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ မော်တော်ကား အားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ကျော်က ဂျပန်နိုင်ငံက Used ကားတွေပေါ့။ အခုတော့ ဘယ်မောင်းအဖြစ် သတ်မှတ် လိုက်သလို မော်ဒယ်လည်းမြင့် လိုက်တော့ Used ကားတွေ တော့သွင်းလို့ မရတော့ဘူးပေါ့။
ကားတင်သွင်း ရောင်းချတဲ့သူတွေ ကတော့ လုပ်ရတာ ပိုခက်သွားသလို စျေးလည်း တက်သွားမယ်။" မြန်မာ့မော်တော် ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
မူဝါဒသစ်အရ မြဝတီနယ်စပ်တို့လို နယ်စပ်ဂိတ် ပေါက်တွေက တစ်ဆင့် တင်သွင်းနိုင်မှာ မဟုတ်တော့သလို လုပ်ငန်းသုံးကားတွေလည်း ဘယ် မောင်းသာ တင်သွင်းရမှာ ဖြစ်တဲ့အတွက် Delivery Van များ တင်သွင်းခွင့် မရှိတော့ဘဲ ဂျပန် ထရပ်ကားတွေနဲ့ ထိုင်းထရပ်ကားတွေလည်း တင်သွင်း နိုင် တော့မှာမဟုတ်ပါဘူး။ ကရိန်းကားတို့လို ကတ္တရာခင်း စက်တို့လို အများ ပြည်သူသုံး လမ်းတွေပေါ်မှာ မောင်းနှင်ခြင်းမပြုတဲ့ လုပ်ငန်းသုံး စက် ယန္တရား တွေကိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ထုတ်လုပ်ထားတဲ့ ယာဉ် တွေ ယာဉ်သွင်းနိုင်တယ်လို့ သိရပါသည်။