၂၀၂၃ ဩဂုတ် တရုတ်ဈေးကွက် အရောင်းရဆုံး ထိပ်တန်း(၁၀) ကားအမှတ်တံဆိပ်၊ အီးဗီအမှတ်တံဆိပ်နှင့် ကားမော်ဒယ်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံမှာ ကားအသစ် အစီးရေ သန်း ၁,၉၂၀ ကနဦးမှတ်ပုံတင်ခဲ့သည်ဟု တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA)က အချက်အလက် ထုတ်ပြန်သည်။ ဇူလိုင်လထက် ၂.၅% ပိုများသည်။
စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) ကဏ္ဍတွင် အီးဗီ အစီးရေ ၄၉၁,၀၀၀ နှင့် ပလပ်ထိုး ဟိုက်ဘရစ် plug-in hybrid electric vehicle (PHEV) အစီးရေ ၂၂၅,၀၀၀ ကနဦး မှတ်ပုံတင်ခဲ့ကြသည်။
ကနဦး မှတ်ပုံတင်သည့် ကားစုစုပေါင်း၏ ၃၇.၃% သည် NEV များ ဖြစ်ပါသည်။
၂၀၂၃ ဩဂုတ် တရုတ်ဈေးကွက် အရောင်းရဆုံး ထိပ်တန်း(၁၀) ကားအမှတ်တံဆိပ်
၃၀၂၃ ခုနှစ် ဩဂုတ်လတွင် အရောင်းရဆုံး ကားအမှတ်တံဆိပ်မှာ BYD ဖြစ်ပါသည်။ ၂၃၀,၀၇၇ စီး ရောင်းချပြီး ဈေးကွက်ဝေစု ၁၁.၉၈% ရရှိပါသည်။
BYD သည် စွမ်းအင်သစ် မော်တော်ယာဉ်များကဏ္ဍတွင် ပလပ်ထိုး ဟိုက်ဘရစ်ကဏ္ဍမှာ ဈေးကွက်ဝေစု ၄၈% ဖြင့် ကြီးစိုးထားပြီး အီးဗီကဏ္ဍမှာ ဈေးကွက်ဝေစု ၂၅% ရရှိထားပါသည်။
Volkswagen သည် ဒုတိယအရောင်းရဆုံး အမှတ်တံဆိပ် ဖြစ်ပြီး ၁၉၅,၅၄၈ စီး ရောင်းချကာ ဈေးကွက်ဝေစု ၁၀.၁၈% ရရှိပါသည်။
တတိယအရောင်းရဆုံး အမှတ်တံဆိပ် Toyota သည် ၁၅၅,၄၉၁ စီး ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၈.၁၀% ရရှိပါသည်။
၂၀၂၃ ဩဂုတ် တရုတ်ဈေးကွက် အရောင်းရဆုံး ထိပ်တန်း(၁၀) အီးဗီအမှတ်တံဆိပ်
BYD သည် အီးဗီကဏ္ဍတွင်လည်း ရောင်းအား အကောင်းဆုံး နံပါတ်(၁) ဖြစ်ပါသည်။ ၁၂၃,၇၁၂ စီး ရောင်းချပြီး ဈေးကွက်ဝေစု ၂၅,၂၀% ရရှိပါသည်။
ဒုတိယနေရာတွင် Tesla ရပ်တည်နေပါသည်။ အစီးရေ ၆၆,၆၉၄ စီး ရောင်းချပြီး ဈေးကွက်ဝေစု ၁၃.၁၈% ရရှိပါသည်။
Guangzhou Automobile Corporation GAC ၏ Aion သည် ၅၂၀,၀၅၇ စီး ရောင်းချပြီး ဈေးကွက်ဝေစု ၁၀.၆၀% ရရှိပါသည်။
၂၀၂၃ ဩဂုတ် တရုတ်ဈေးကွက် အရောင်းရဆုံး ထိပ်တန်း(၁၀) ကားမော်ဒယ်
Tesla Model Y ၅၁,၁၁၇ စီး ရောင်းချပြီး ပထမနေရာတွင် ရပ်တည်ပါသည်။
BYD Qin Plus ၃၉,၈၀၈ စီး ရောင်းချပြီး ဒုတိယနေရာ ရရှိပါသည်။
တတိယနေရာတွင် BYD Seagull ရောက်ရှိနေပြီး ၃၄,၈၄၁ စီး ရောင်းချခဲ့ပါသည်။
Source: Dongchedi; Yiche
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL